Skip to main content
အေမရိကန္ကုိ ထြက္ခြာလာတဲ့ ေရႊ ့ေျပာင္းအေျခခ်လူတန္း မကၠဆီကုိ နယ္စပ္ၿမိဳ ့တစ္ၿမိဳ ့သုိ ့ ေရာက္ရွိလာ 
Ads Block

အေမရိကန္ကုိ ထြက္ခြာလာတဲ့ ေရႊ ့ေျပာင္းအေျခခ်လူတန္း မကၠဆီကုိ နယ္စပ္ၿမိဳ ့တစ္ၿမိဳ ့သုိ ့ ေရာက္ရွိလာ 

ဟြန္ဒူရပ္စ္ႏုိင္ငံသားေတြ အမ်ားစုပါ၀င္တဲ့ အေမရိကန္ကုိ ဦးတည္ထြက္ခြာလာတဲ့ ေထာင္ေပါင္းမ်ားစြာေသာ ေရႊ ့ေျပာင္းအေျခခ်သူေတြဟာ တနဂၤေႏြေန ့(ေအာက္တုိဘာ ၂၁) က မကၠဆီကုိ နယ္စပ္ၿမိဳ ့ တာပါခ်ဴလာကုိ စုၿပဳံေရာက္ရွိလာၿပီး အမ်ားျပည္သူဆုိင္ရာ အေဆာက္အအုံေတြအတြင္း ႀကဳံသလုိ စခန္းခ်ေနထုိင္ေနၾကပါတယ္။ ၄င္းတုိ ့ေတြကုိ လက္ခံေနရာေပးျခင္း မျပဳဖုိ ့ အေမရိကန္သမၼတ ေဒၚနယ္ထရန္ ့က ေျပာဆုိထားခဲ့တာပါ။ 
ဖိစီးႏွိပ္စက္မႈေတြ၊ အၾကမ္းဖက္တုိက္ခုိက္မႈေတြေၾကာင့္ ေနရပ္ကေန ထြက္ခြာလာၾကသူေတြဟာ ဂြါတီမာလာႏုိင္ငံ နယ္စပ္ကေန နာရီေပါင္းမ်ားစြာၾကာေအာင္ ေျခလ်င္ခရီးေလွ်ာက္လာခဲ့ၾကၿပီး ေျခကုန္လက္ပမ္းက်ေနၾကပါတယ္။ ေနရပ္ကုိ ျပန္ပုိ ့ခံရမယ္လုိ ့ သံသယရွိတာေၾကာင့္ ၄င္းတို ့ထဲက အမ်ားစုဟာ ရဲတပ္ဖြဲ ့က ဘတ္စ္ကားေတြနဲ ့လုိက္ပါၾကဖုိ ့ ကမ္းလွမ္းမႈကုိ ျငင္းပယ္ခဲ့ၾကပါတယ္။ ဒီလူေတြ ဆက္လက္ခ်ီတက္ လာမယ္ဆုိရင္ အေမရိကန္နဲ ့မကၠဆီကုိ နယ္စပ္ကုိ ပိတ္ပစ္မွာျဖစ္ေၾကာင္း ထရန္ ့က ၿခိမ္းေျခာက္ထားသလုိ မကၠဆီကုိမွာ ခုိလႈံခြင့္ ေလွ်ာက္ထားလုိ ့မရႏုိင္တာေၾကာင့္ ၄င္းတုိ ့ေတြ နယ္ႏွင္ခံရႏုိင္တယ္ဆုိတဲ့ မကၠဆီကုိ အစုိးရရဲ ့ သတိေပးခ်က္ကုိလည္း ေရႊ ့ေျပာင္းအေျခခ် သူေတြက အာခံခဲ့ၾကပါတယ္။ 

အေမရိကန္ကုိ ထြက္ခြာလာတဲ့ ေရႊ ့ေျပာင္းအေျခခ်လူတန္း မကၠဆီကုိ နယ္စပ္ၿမိဳ ့တစ္ၿမိဳ ့သုိ ့ ေရာက္ရွိလာ 

တရားမ၀င္ ႏုိင္ငံျခားသားေတြရဲ ့ ေဒါသတႀကီးတုိက္ခုိက္မႈေတြကုိ ရပ္တန္ ့ဖုိ ့အတြက္ အျပည့္အ၀ အားထုတ္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းနဲ ့ ဒီလူေတြ အေမရိကန္အာဏာပုိင္ ေတြထံ အသနားခံမလာမီ မကၠဆီကုိမွာ ခုိလႈံခြင့္ ေလွ်ာက္ထားရမွာျဖစ္ေၾကာင္း တနဂၤေႏြေန ့မွာ ထရန္ ့က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ႏုိင္ငံေတာင္ပုိင္း အေ၀းေျပးလမ္းမႀကီး တေလွ်ာက္ေရာက္ရွိလာတဲ့ ေရႊ ့ေျပာင္းေတြကုိ မကၠဆီကုိ ေတာင္ပုိင္းရဲတပ္ဖြဲ ့က အဓိကရုဏ္းႏွိမ္နင္းေရးအေနအထားနဲ ့အတူ လုိက္ပါေစာင့္ၾကည့္ေနေပမယ့္ ၄င္းတုိ ့ကုိ တားဆီးပိတ္ဆုိ ့တာေတြေတာ့ မလုပ္ခဲ့ဘူးလုိ ့ သိရပါတယ္။

 - ကိုလင္း(အကုန္သိ သတင္းဌာန)

Unicode version

အမေရိကန်ကို ထွက်ခွာလာတဲ့ ရွှေ့ပြောင်းအခြေချလူတန်း မက္ကဆီကို နယ်စပ်မြို့တစ်မြို့သို့ ရောက်ရှိလာ 

ဟွန်ဒူရပ်စ်နိုင်ငံသားတွေ အများစုပါဝင်တဲ့ အမေရိကန်ကို ဦးတည်ထွက်ခွာလာတဲ့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေချသူတွေဟာ တနင်္ဂနွေနေ့(အောက်တိုဘာ ၂၁) က မက္ကဆီကို နယ်စပ်မြို့ တာပါချူလာကို စုပြုံရောက်ရှိလာပြီး အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအတွင်း ကြုံသလို စခန်းချနေထိုင်နေကြပါတယ်။ ၎င်းတို့တွေကို လက်ခံနေရာပေးခြင်း မပြုဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုထားခဲ့တာပါ။ 

အမေရိကန်ကို ထွက်ခွာလာတဲ့ ရွှေ့ပြောင်းအခြေချလူတန်း မက္ကဆီကို နယ်စပ်မြို့တစ်မြို့သို့ ရောက်ရှိလာ 

ဖိစီးနှိပ်စက်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်ကနေ ထွက်ခွာလာကြသူတွေဟာ ဂွါတီမာလာနိုင်ငံ နယ်စပ်ကနေ နာရီပေါင်းများစွာကြာအောင် ခြေလျင်ခရီးလျှောက်လာခဲ့ကြပြီး ခြေကုန်လက်ပမ်းကျနေကြပါတယ်။ နေရပ်ကို ပြန်ပို့ခံရမယ်လို့ သံသယရှိတာကြောင့် ၎င်းတို့ထဲက အများစုဟာ ရဲတပ်ဖွဲ့က ဘတ်စ်ကားတွေနဲ့လိုက်ပါကြဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြပါတယ်။ ဒီလူတွေ ဆက်လက်ချီတက် လာမယ်ဆိုရင် အမေရိကန်နဲ့မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်မှာဖြစ်ကြောင်း ထရန့်က ခြိမ်းခြောက်ထားသလို မက္ကဆီကိုမှာ ခိုလှုံခွင့် လျှောက်ထားလို့မရနိုင်တာကြောင့် ၎င်းတို့တွေ နယ်နှင်ခံရနိုင်တယ်ဆိုတဲ့ မက္ကဆီကို အစိုးရရဲ့ သတိပေးချက်ကိုလည်း ရွှေ့ပြောင်းအခြေချ သူတွေက အာခံခဲ့ကြပါတယ်။ 
တရားမဝင် နိုင်ငံခြားသားတွေရဲ့ ဒေါသတကြီးတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် အပြည့်အ၀ အားထုတ်လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ဒီလူတွေ အမေရိကန်အာဏာပိုင် တွေထံ အသနားခံမလာမီ မက္ကဆီကိုမှာ ခိုလှုံခွင့် လျှောက်ထားရမှာဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ ထရန့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း အဝေးပြေးလမ်းမကြီး တလျှောက်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းတွေကို မက္ကဆီကို တောင်ပိုင်းရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေးအနေအထားနဲ့အတူ လိုက်ပါစောင့်ကြည့်နေပေမယ့် ၎င်းတို့ကို တားဆီးပိတ်ဆို့တာတွေတော့ မလုပ်ခဲ့ဘူးလို့ သိရပါတယ်။

 - ကိုလင်း(အကုန်သိ သတင်းဌာန)

Ref: Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။