Skip to main content
တာေမြၿမိဳ႕နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ဦးမ်ိဳးဝင္းေက်ာ္
Ads Block

အစိုးရ တာဝန္ျပန္ယူခြင့္ရပါက တုိင္းျပည္တုိးတက္ေအာင္ လုပ္ေဆာင္ႏုိင္သည့္အေနအထား ႀကံ့ခိုင္ေရး ပါတီတြင္ရွိသည္ဟုဆို

အစိုးရ တာဝန္ကို ျပန္လည္ထမ္းေဆာင္ခြင့္ရပါက တုိင္းျပည္ဘယ္ေလာက္ဆုတ္ယွတ္ၿပိဳလဲေနပါေစ တုိးတက္ေအာင္လုပ္ ေဆာင္ႏုိင္မည့္ အေနအထားမ်ိဳး ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီတြင္ ရွိသည္ဟု တာေမြၿမိဳ႕နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ဦးမ်ိဳးဝင္းေက်ာ္က ေျပာသည္။

ကၽြန္ေတာ္တုိ႔ရဲ႕ပါတီပိုင္းကို ၾကည့္မယ္ဆုိရင္ ကၽြန္ေတာ္တုိ႔ဟာ အင္အားေတာင့္တင္းတဲ့ ေက်ာေထာက္ ေနာက္ခံအင္အား ျပည့္တဲ့ ပါတီႀကီးျဖစ္တယ္။ ႏုိင္ငံအေပၚမွာ သစၥာရွိတဲ့ ခံယူခ်က္ ယံုၾကည္ခ်က္မူဝါဒ ေတြအားလံုးေကာင္းတဲ့ စုစည္းခုိင္မာမႈရွိတဲ့ ပါတီႀကီးျဖစ္တယ္။ ပါတီမွာရွိတဲ့ ့ပုဂၢိဳလ္ေတာ္ေတာ္မ်ားဟာလည္း ႏုိင္ငံေတာ္တာဝန္ကိုယူခဲ့ဖူးတဲ့သူေတြ အမ်ားႀကီးရွိတယ္။ အရည္အခ်င္းပိုင္းမွာ လူပုဂၢိဳလ္ပိုင္းမွာ ႏွစ္ခုလံုးၾကည့္သင့္တဲ့အျပင္ တကယ္လို႔သာ အစိုးရတာဝန္ကုိ ျပန္ယူခြင့္ရမယ္ဆုိရင္ လက္ရွိကာလ တုိင္းျပည္ႀကီး ဆုပ္ယုတ္ ၿပိဳလဲေနပါေစ ဒီထက္တုိးတက္ေအာင္လုပ္ေဆာင္သြားမယ့္ အေနအထားရွိတယ္ ဟု ဦးမ်ိဳးဝင္းေက်ာ္က ေျပာသည္။

ေအာက္တုိဘာလ ၂၀ ရက္က City Hotel Yangon က်င္းပသည့္ ၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲအား ရည္ရြယ္သည့္ လူကုိ ၾကည့္ၿပီး မဲေပးမလား၊ ပါတီကို ၾကည့္ၿပီးမဲေပးမလား ဒီဗီြဘီဒီဘိတ္ အစီအစဥ္တြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ပါတီကိုေရာ၊ လူကိုေရာ ၾကည့္ဖုိ႔လုိအပ္တယ္။ လူလည္းၾကည့္ရမယ္။ ပါတီကိုလည္းၾကည့္ရမယ္။ လူလည္းၾကည့္ရမယ္ဆုိတာက တကယ့္စြမ္းေဆာင္ရည္ရွိၿပီး လုပ္ႏုိင္ရမယ္။ တာေမြအတြက္ရယ္ မဟုတ္ဘဲ ႏုိင္ငံေတာ္အတြက္ လုပ္ႏုိင္ရမယ္” ဟု ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚသက္သက္ေအးက ေျပာသည္။

၂၀၁၈ ေရြးေကာက္ပြဲကို တာေမြ၊ ဆိပ္ကမ္းၿမိဳ႕နယ္တုိ႔(၂)ေနရာအပါအဝင္ လစ္လပ္မဲဆႏၵနယ္ ၁၃ ေနရာအတြက္ ႏုိဝင္ဘာလ ၃ ရက္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

  • ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

 

Unicode Version

 

 

အစိုးရ တာဝန်ကို ပြန်လည်ထမ်းဆောင်ခွင့်ရပါက တိုင်းပြည်ဘယ်လောက်ဆုတ်ယှတ်ပြိုလဲနေပါစေ တိုးတက်အောင်လုပ် ဆောင်နိုင်မည့် အနေအထားမျိုး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ရှိသည်ဟု တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က ပြောသည်။

ကျွန်တော်တို့ရဲ့ပါတီပိုင်းကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ အင်အားတောင့်တင်းတဲ့ ကျောထောက် နောက်ခံအင်အား ပြည့်တဲ့ ပါတီကြီးဖြစ်တယ်။ နိုင်ငံအပေါ်မှာ သစ္စာရှိတဲ့ ခံယူချက် ယုံကြည်ချက်မူဝါဒ တွေအားလုံးကောင်းတဲ့ စုစည်းခိုင်မာမှုရှိတဲ့ ပါတီကြီးဖြစ်တယ်။ ပါတီမှာရှိတဲ့ပုဂ္ဂိုလ်တော်တော်များဟာလည်း နိုင်ငံတော်တာဝန်ကိုယူခဲ့ဖူးတဲ့သူတွေ အများကြီးရှိတယ်။ အရည်အချင်းပိုင်းမှာ လူပုဂ္ဂိုလ်ပိုင်းမှာ နှစ်ခုလုံးကြည့်သင့်တဲ့အပြင် တကယ်လို့သာ အစိုးရတာဝန်ကို ပြန်ယူခွင့်ရမယ်ဆိုရင် လက်ရှိကာလ တိုင်းပြည်ကြီး ဆုပ်ယုတ် ပြိုလဲနေပါစေ ဒီထက်တိုးတက်အောင်လုပ်ဆောင်သွားမယ့် အနေအထားရှိတယ်” ဟု ဦးမျိုးဝင်းကျော်က ပြောသည်။

အောက်တိုဘာလ ၂၀ ရက်က City Hotel Yangon ကျင်းပသည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအား ရည်ရွယ်သည့် လူကို ကြည့်ပြီး မဲပေးမလား၊ ပါတီကို ကြည့်ပြီးမဲပေးမလား ဒီဗွီဘီဒီဘိတ် အစီအစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပါတီကိုရော၊ လူကိုရော ကြည့်ဖို့လိုအပ်တယ်။ လူလည်းကြည့်ရမယ်။ ပါတီကိုလည်းကြည့်ရမယ်။ လူလည်းကြည့်ရမယ်ဆိုတာက တကယ့်စွမ်းဆောင်ရည်ရှိပြီး လုပ်နိုင်ရမယ်။ တာမွေအတွက်ရယ် မဟုတ်ဘဲ နိုင်ငံတော်အတွက် လုပ်နိုင်ရမယ်” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သက်သက်အေးက ပြောသည်။

၂၀၁၈ ရွေးကောက်ပွဲကို တာမွေ၊ ဆိပ်ကမ်းမြို့နယ်တို့(၂)နေရာအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

  • ချမ်းငြိမ်း(အကုန်သိသတင်းဌာန) 
အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။