Skip to main content
ဆုိင္ကယ္ေက်ာ္တက္စဥ္ဆဲဆုိစကားမ်ားခဲ့သည့္ကိစၥႏွင့္ပတ္သက္၍ ေက်ာင္းသားခ်င္းဓားထိုးမႈျဖစ္ပြားရာ တစ္ဦးေသဆုံး၊ တစ္ဦးဒဏ္ရာရ
Ads Block

ဆုိင္ကယ္ေက်ာ္တက္စဥ္ဆဲဆုိစကားမ်ားခဲ့သည့္ကိစၥႏွင့္ပတ္သက္၍ ေက်ာင္းသားခ်င္းဓားထိုးမႈျဖစ္ပြားရာ တစ္ဦးေသဆုံး၊ တစ္ဦးဒဏ္ရာရ

မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ဆုိင္ကယ္ေက်ာ္တက္စဥ္ ဆဲဆုိစကားမ်ားခဲ့သည့္ကိစၥႏွင့္ပတ္သက္၍ ေက်ာင္းသားခ်င္း ဓားထိုးမႈျဖစ္ပြားရာ ဆယ္တန္းေက်ာင္းသားတစ္ဦးေသဆုံးခဲ့ၿပီး တကၠသိုလ္ ေက်ာင္းသားတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၱေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ထက္လြင္မုိးခန္႔၊ သမုိင္းပထမႏွစ္ေက်ာင္းသား သည္ သူငယ္ခ်င္းျဖစ္သူ ဇင္မင္းသူ၊ (၁၉)ႏွစ္၊ ပထဝီပထမႏွစ္ေက်ာင္းသား၊ ျမတ္ဘုန္းစံ၊ (၁၉)ႏွစ္၊ (၁၀)တန္း တို႔ႏွင့္အတူ ေအာက္တိုဘာလ ၁၅ ရက္၊ ည ၉ နာရီ ၄၅ မိနစ္ခန္႔က ဆုိင္ကယ္တစ္ေယာက္တစ္စီးျဖင့္ ၆၉ လမ္းအတုိင္း ေမာင္းႏွင္လာစဥ္ ၆၉xသိပၸံလမ္းေထာင့္ရိွ မီးပိြဳင့္အေရာက္တြင္ ဆုိင္ကယ္ ၃ စီးျဖင့္ အမ်ိဳးသား ၅ ဦးမွ ေက်ာ္တက္သြားၿပီး ထက္လြင္မုိးခန္႔အား ဆဲဆုိသျဖင့္ ၎တုိ႔မွ ျပန္လည္ဆဲဆုိၿပီးေနာက္ ၆၉x သိပၸံလမ္းမွ သိပၸံလမ္းအတုိင္း ေမာင္းႏွင္လာစဥ္ ၇၃ လမ္းမီးပြိဳင့္အနီးအေရာက္၌ ဆဲဆုိသြားသည့္ အဆုိပါအမ်ိဳးသား ၅ ဦးက ထက္လြင္မုိးခန္႔တုိ႔ ေမာင္းႏွင္လာေသာဆုိင္ကယ္ကို ရပ္ခုိင္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ ဆဲဆိုသြားေသာအဖဲြ႔မွ အမ်ဳိးသား ၁ ဦးက အသင့္ပါလာသည့္ ဓားျဖင့္ထုိးရာ ျမတ္ဘုန္းစံ၌ ဝဲနံေဘးထုိးသြင္းဒဏ္ရာရရိွခဲ့ၿပီး က်န္အမ်ဳိးသား ၁ ဦးမွ ဇင္မင္းသူအား ဓားျဖင့္ထုိးရာ ယာလက္ ခလယ္၊လက္ညိႇဳး ျပတ္ရွ၊ ၀မ္းဗုိက္ဝဲဘက္ထုိးသြင္းဒဏ္ရာမ်ား ရရိွခဲ့သျဖင့္ မဟာေအာင္ေျမၿမိဳ႕မရဲ စခန္းတြင္ (ပ)၇၉၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ- ၃၂၆/၁၁၄ အရ အမႈဖြင့္ခဲ့ၿပီး ဒဏ္ရာရရိွသူ ျမတ္ဘုန္းစံမွာ ေအာက္တိုဘာလ ၁၆ ရက္၊ နံနက္ ၅ နာရီခဲြခန္႔တြင္ ေသဆံုးသြားသည့္အတြက္ ရာဇသတ္ႀကီး ပုဒ္မ- ၃၀၂/၃၂၆/၁၁၄ ျဖင့္ ေျပာင္းလဲအမႈဖြင့္ခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာရဲတပ္ဖြဲ႔မွ အခင္းျဖစ္ရပ္အနီးရိွ စည္ပင္ ရိပ္သာတြင္ တပ္ဆင္ထားေသာ ၆၉ လမ္း၊ သိပၸံလမ္းဆံုရိွ CCTV မွတ္တမ္းအားၾကည့္ရႈရာ ထိုသူမ်ား စီးနင္းလာသည့္ဆုိင္ကယ္မွာ (၃)စီးမဟုတ္ဘဲ (၄)စီး၊ လူ(၄)ဦးျဖစ္သည္ဟု စစ္ေဆးေတြ႔ရိွခဲ့ရ၍ ၄င္း ဆုိင္ကယ္(၄)စီးအနက္၊ ဆုိင္ကယ္(၁)စီးသာ နံပါတ္တပ္ဆင္ထားၿပီး ဆုိင္ကယ္အမွတ္မွာ ၆၂ယ/…. ဟြန္ဒါကလစ္ နက္/နီေရာင္ဆုိင္ကယ္ျဖစ္ေၾကာင္း သိရသည္။
စစ္ေဆးေတြ႔ရိွမႈအရ စံုစမ္းရွာေဖြခဲ့ရာ ျပည့္ၿဖိဳးေအာင္၊ ေနာက္ဆံုးႏွစ္(IR)ဆုိသူျဖစ္ေၾကာင္း သိရသျဖင့္ ၄င္း၏ေနအိမ္၌ အခင္းျဖစ္စဥ္ စီးနင္းအသံုးျပဳခဲ့သည့္ နံပါတ္ျပားျဖဳတ္ထားေသာ အတည္ျပဳစံုစမ္း ရရိွ ထားသည့္ ၆၂ယ/….ဆုိင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသည့္ ျပည္ၿဖိဳးေအာင္၏ ထြက္ဆုိခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ ရဲထြန္းလင္း၊ ေနဦးလႈိင္ နွင့္ ဘုိကီးဆုိသူတုိ႔ ပါဝင္ၿပီး ဘီယာဆုိင္မ်ားသုိ႔ သြားလာေလ့ရိွေၾကာင္း သိရသျဖင့္ ၄င္းတုိ႔သြားလာ တက္သည့္ေနရာမ်ားသုိ႔ ဆက္လက္စံုစမ္းရာ မႏၲေလးၿမိဳ႕ ၆၇x၆၈၊ ၃၂x၃၃ လမ္းၾကားရိွ စားေသာက္ ဆုိင္ေရွ႕စားပဲြတြင္ ရဲထြန္းလင္း၊ (၂၂)ႏွစ္၊ တတိယႏွစ္(ဘူမိေဗဒ)၊ ၁၉ x ၂၀ လမ္းၾကား၊ အကြက္(၄၇)၊ ေအာင္ေျမသာစံၿမိဳ႕နယ္ေနသူနွင့္ ေနဦးလႈိင္၊ (၂၂)နွစ္၊ ေနာက္ဆံုးနွစ္(သခ်ၤာ)၊ မဲကင္းကုန္းရြာ၊ ပုသိမ္ ႀကီးၿမိဳ႕နယ္ေနသူတုိ႔(၂)ဦးအား ဘီယာေသာက္ေနစဥ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသည့္ ရဲထြန္းလင္း၏ခႏၶာကုိယ္အား ရွာေဖြရာ ၄င္းဝတ္ဆင္ထားသည့္ ဂ်င္းေဘာင္းဘီယာ ဘက္အိပ္ကပ္အတြင္းမွ အခင္းျဖစ္အခ်ိန္က အသံုးျပဳခဲ့ေသာ အရုိးအသြား (၉)လက္မေက်ာ္ရိွ အသြား အလယ္တြင္ ေလေၾကာင္းပါၿပီး ေမာင္းခ်ဓါး(၁)ေခ်ာင္းနွင့္ အခင္းျဖစ္စဥ္ စီးနင္းခဲ့သည့္ ၄၉ယ/….. နံပါတ္ပါ ကလစ္ဆုိင္ကယ္တုိ႔အား သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
ဘုိကီးအား ဖမ္းဆီးရမိေရးအတြက္ ၄င္းသြားလာတတ္သည့္ေနရာမ်ားသုိ႔ ဆက္လက္စံုစမ္းရာ ေသာ္ ဇင္လတ္(ခ)ဘုိကီး၊ ၂၁ နွစ္၊ ပထမႏွစ္(ပထ၀ီ)အား ၁၉ လမ္း၊ သံလမ္းေဒါင့္ရိွ လက္ဖက္ရည္ဆုိင္တြင္ ၄င္းစီးနင္းခဲ့သည့္ ၃၅ယ/…. ဆုိင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသည့္ ရဲထြန္းလင္းပါ(၄)ဦး၏ ထြက္ဆုိခ်က္အရ ၆၉ လမ္း မီးပိြဳင့္အနီးတြင္ တရားလုိထက္ လြင္မုိးႏွင့္အဖဲြ႔မွ ဆုိင္ကယ္ျဖင့္ အေရွ႕မွ ပိတ္စီးသည့္ကိစၥနွင့္ပတ္သက္၍ ရဲထြန္းလင္းႏွင့္အဖဲြ႔မွ ဆုိင္ ကယ္ျဖင့္ ဟြန္းတီးကာ လမ္းေတာင္းရာမွ အျပန္အလွန္ဆဲဆုိခဲ့ေၾကာင္း ထက္လြင္မုိးအဖဲြ႔မွ တစ္ဦးက “မုိက္ရင္ တစ္ေယာက္ခ်င္းထုိးမယ္” ဟု ေအာ္ဟစ္ေျပာဆုိ ႀကိမ္းေမာင္းခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ၆၉ လမ္းမွ သိပၸံလမ္းအတုိင္း ၇၈ လမ္းဘက္သုိ႔အသြား ၆၉ လမ္းနွင့္ ၇၃ လမ္းၾကား၊ MCC အနီးမ်က္ေစာင္းထုိး ေျမာက္ဘက္ျခမ္း သိပၸံလမ္းေပၚတြင္ ရဲထြန္းလင္းႏွင့္အဖဲြ႔မွ ဆုိင္ကယ္ ရပ္ကာ အေပါ့သြားစဥ္ ထက္လြင္မုိးနွင့္အဖဲြ႔ ေရာက္ရိွလာၿပီး “ တစ္ေယာက္ခ်င္း ထုိးမလား” ဟု စိန္ေခၚရာမွ မေက်နပ္၍ ရဲထြန္းလင္းမွ အသင့္ယူေဆာင္လာေသာ ႏွစ္ဖက္အသြားပါသည့္ ေမာင္းခ်ဓါးျဖင့္ ပထမဆံုးတစ္ဦးအား တစ္ခ်က္ထုိးၿပီး ေနာက္တစ္ဦးအား ဆက္လက္ထုိးခဲ့ေၾကာင္း ေနဦးလႈိင္မွလည္း အသင့္ပါလာေသာ သံုးဆစ္ခ်ိဳးသံတုတ္ျဖင့္ ရုိက္ခဲ့ၿပီးေနာက္ သိပၸံလမ္းအတုိင္း ၇၈ လမ္းဘက္သုိ႔ ေမာင္းေျပးခဲ့ေၾကာင္း သိရသည္။

 - ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode version

ဆိုင်ကယ်ကျော်တက်စဉ်ဆဲဆိုစကားများခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားချင်းဓားထိုးမှုဖြစ်ပွားရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မဟာအောင်မြေမြို့နယ်တွင် ဆိုင်ကယ်ကျော်တက်စဉ် ဆဲဆိုစကားများခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားချင်း ဓားထိုးမှုဖြစ်ပွားရာ ဆယ်တန်းကျောင်းသားတစ်ဦးသေဆုံးခဲ့ပြီး တက္ကသိုလ် ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ထက်လွင်မိုးခန့်၊ သမိုင်းပထမနှစ်ကျောင်းသား သည် သူငယ်ချင်းဖြစ်သူ ဇင်မင်းသူ၊ (၁၉)နှစ်၊ ပထဝီပထမနှစ်ကျောင်းသား၊ မြတ်ဘုန်းစံ၊ (၁၉)နှစ်၊ (၁၀)တန်း တို့နှင့်အတူ အောက်တိုဘာလ ၁၅ ရက်၊ ည ၉ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်တစ်ယောက်တစ်စီးဖြင့် ၆၉ လမ်းအတိုင်း မောင်းနှင်လာစဉ် ၆၉xသိပ္ပံလမ်းထောင့်ရှိ မီးပွိုင့်အရောက်တွင် ဆိုင်ကယ် ၃ စီးဖြင့် အမျိုးသား ၅ ဦးမှ ကျော်တက်သွားပြီး ထက်လွင်မိုးခန့်အား ဆဲဆိုသဖြင့် ၎င်းတို့မှ ပြန်လည်ဆဲဆိုပြီးနောက် ၆၉x သိပ္ပံလမ်းမှ သိပ္ပံလမ်းအတိုင်း မောင်းနှင်လာစဉ် ၇၃ လမ်းမီးပွိုင့်အနီးအရောက်၌ ဆဲဆိုသွားသည့် အဆိုပါအမျိုးသား ၅ ဦးက ထက်လွင်မိုးခန့်တို့ မောင်းနှင်လာသောဆိုင်ကယ်ကို ရပ်ခိုင်းခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ဆဲဆိုသွားသောအဖွဲ့မှ အမျိုးသား ၁ ဦးက အသင့်ပါလာသည့် ဓားဖြင့်ထိုးရာ မြတ်ဘုန်းစံ၌ ဝဲနံဘေးထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး ကျန်အမျိုးသား ၁ ဦးမှ ဇင်မင်းသူအား ဓားဖြင့်ထိုးရာ ယာလက် ခလယ်၊လက်ညှိုး ပြတ်ရှ၊ ဝမ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သဖြင့် မဟာအောင်မြေမြို့မရဲ စခန်းတွင် (ပ)၇၉၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၆/၁၁၄ အရ အမှုဖွင့်ခဲ့ပြီး ဒဏ်ရာရရှိသူ မြတ်ဘုန်းစံမှာ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် သေဆုံးသွားသည့်အတွက် ရာဇသတ်ကြီး ပုဒ်မ- ၃၀၂/၃၂၆/၁၁၄ ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ အခင်းဖြစ်ရပ်အနီးရှိ စည်ပင် ရိပ်သာတွင် တပ်ဆင်ထားသော ၆၉ လမ်း၊ သိပ္ပံလမ်းဆုံရှိ CCTV မှတ်တမ်းအားကြည့်ရှုရာ ထိုသူများ စီးနင်းလာသည့်ဆိုင်ကယ်မှာ (၃)စီးမဟုတ်ဘဲ (၄)စီး၊ လူ(၄)ဦးဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ရ၍ ၎င်း ဆိုင်ကယ်(၄)စီးအနက်၊ ဆိုင်ကယ်(၁)စီးသာ နံပါတ်တပ်ဆင်ထားပြီး ဆိုင်ကယ်အမှတ်မှာ ၆၂ယ/…. ဟွန်ဒါကလစ် နက်/နီရောင်ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိမှုအရ စုံစမ်းရှာဖွေခဲ့ရာ ပြည့်ဖြိုးအောင်၊ နောက်ဆုံးနှစ်(IR)ဆိုသူဖြစ်ကြောင်း သိရသဖြင့် ၎င်း၏နေအိမ်၌ အခင်းဖြစ်စဉ် စီးနင်းအသုံးပြုခဲ့သည့် နံပါတ်ပြားဖြုတ်ထားသော အတည်ပြုစုံစမ်း ရရှိ ထားသည့် ၆၂ယ/….ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ပြည်ဖြိုးအောင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ရဲထွန်းလင်း၊ နေဦးလှိုင် နှင့် ဘိုကီးဆိုသူတို့ ပါဝင်ပြီး ဘီယာဆိုင်များသို့ သွားလာလေ့ရှိကြောင်း သိရသဖြင့် ၎င်းတို့သွားလာ တက်သည့်နေရာများသို့ ဆက်လက်စုံစမ်းရာ မန္တလေးမြို့ ၆၇x၆၈၊ ၃၂x၃၃ လမ်းကြားရှိ စားသောက် ဆိုင်ရှေ့စားပွဲတွင် ရဲထွန်းလင်း၊ (၂၂)နှစ်၊ တတိယနှစ်(ဘူမိဗေဒ)၊ ၁၉ x ၂၀ လမ်းကြား၊ အကွက်(၄၇)၊ အောင်မြေသာစံမြို့နယ်နေသူနှင့် နေဦးလှိုင်၊ (၂၂)နှစ်၊ နောက်ဆုံးနှစ်(သင်္ချာ)၊ မဲကင်းကုန်းရွာ၊ ပုသိမ် ကြီးမြို့နယ်နေသူတို့(၂)ဦးအား ဘီယာသောက်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ရဲထွန်းလင်း၏ခန္ဓာကိုယ်အား ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီယာ ဘက်အိပ်ကပ်အတွင်းမှ အခင်းဖြစ်အချိန်က အသုံးပြုခဲ့သော အရိုးအသွား (၉)လက်မကျော်ရှိ အသွား အလယ်တွင် လေကြောင်းပါပြီး မောင်းချဓါး(၁)ချောင်းနှင့် အခင်းဖြစ်စဉ် စီးနင်းခဲ့သည့် ၄၉ယ/….. နံပါတ်ပါ ကလစ်ဆိုင်ကယ်တို့အား သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဘိုကီးအား ဖမ်းဆီးရမိရေးအတွက် ၎င်းသွားလာတတ်သည့်နေရာများသို့ ဆက်လက်စုံစမ်းရာ သော် ဇင်လတ်(ခ)ဘိုကီး၊ ၂၁ နှစ်၊ ပထမနှစ်(ပထဝီ)အား ၁၉ လမ်း၊ သံလမ်းဒေါင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ၎င်းစီးနင်းခဲ့သည့် ၃၅ယ/…. ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ရဲထွန်းလင်းပါ(၄)ဦး၏ ထွက်ဆိုချက်အရ ၆၉ လမ်း မီးပွိုင့်အနီးတွင် တရားလိုထက် လွင်မိုးနှင့်အဖွဲ့မှ ဆိုင်ကယ်ဖြင့် အရှေ့မှ ပိတ်စီးသည့်ကိစ္စနှင့်ပတ်သက်၍ ရဲထွန်းလင်းနှင့်အဖွဲ့မှ ဆိုင် ကယ်ဖြင့် ဟွန်းတီးကာ လမ်းတောင်းရာမှ အပြန်အလှန်ဆဲဆိုခဲ့ကြောင်း ထက်လွင်မိုးအဖွဲ့မှ တစ်ဦးက “မိုက်ရင် တစ်ယောက်ချင်းထိုးမယ်” ဟု အော်ဟစ်ပြောဆို ကြိမ်းမောင်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ၆၉ လမ်းမှ သိပ္ပံလမ်းအတိုင်း ၇၈ လမ်းဘက်သို့အသွား ၆၉ လမ်းနှင့် ၇၃ လမ်းကြား၊ MCC အနီးမျက်စောင်းထိုး မြောက်ဘက်ခြမ်း သိပ္ပံလမ်းပေါ်တွင် ရဲထွန်းလင်းနှင့်အဖွဲ့မှ ဆိုင်ကယ် ရပ်ကာ အပေါ့သွားစဉ် ထက်လွင်မိုးနှင့်အဖွဲ့ ရောက်ရှိလာပြီး “ တစ်ယောက်ချင်း ထိုးမလား” ဟု စိန်ခေါ်ရာမှ မကျေနပ်၍ ရဲထွန်းလင်းမှ အသင့်ယူဆောင်လာသော နှစ်ဖက်အသွားပါသည့် မောင်းချဓါးဖြင့် ပထမဆုံးတစ်ဦးအား တစ်ချက်ထိုးပြီး နောက်တစ်ဦးအား ဆက်လက်ထိုးခဲ့ကြောင်း နေဦးလှိုင်မှလည်း အသင့်ပါလာသော သုံးဆစ်ချိုးသံတုတ်ဖြင့် ရိုက်ခဲ့ပြီးနောက် သိပ္ပံလမ်းအတိုင်း ၇၈ လမ်းဘက်သို့ မောင်းပြေးခဲ့ကြောင်း သိရသည်။

 - နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

ဓာတ်ပုံ- Mandalay Police

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။