Skip to main content
မႈခင္း
Ads Block

ကေလး ၃ ေယာက္ ဖခင္က တီဗီလာၾကည့္ေသာ ၁၄ ႏွစ္သမီးကို ၿခိမ္းေျခာက္အဓမၼျပဳက်င့္သျဖင့္ ကိုယ္၀န္ရသြား

စစ္ကိုင္းတိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕နယ္တြင္ ကေလး ၃ ေယာက္ဖခင္က ေနအိမ္သို႔ တီဗီလာၾကည့္ေသာ တစ္ရြာတည္းေန ၁၄ ႏွစ္အရြယ္မိန္းကေလးကို ၿခိမ္းေျခာက္ကာ အဓမၼျပဳက်င့္ေစာ္ကားခဲ့သျဖင့္ ကိုယ္၀န္ရရွိသြားခဲ့သည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ထိုသို႔အဓမၼျပဳက်င့္သြားသည့္ အမ်ိဳးသားမွာ ထြက္ေျပးတိမ္းေရွာင္ေနသည့္အတြက္ေၾကာင့္ ယေန႔(ေအာက္တိုဘာလ ၁၁)အထိ လိုက္လံရွာေဖြဖမ္းဆီးလ်က္ရွိေၾကာင္း ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးဘခ်စ္က ေျပာသည္။ ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၈ ရက္၊ ည ၈ နာရီခန္႔တြင္ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ကြင္းႀကီးေက်းရြာအုပ္စု၊ ပ်ဥ္းစုေက်းရြာတြင္ ေနထိုင္ေသာ မ ------- (၁၄)ႏွစ္သည္ လြန္ခဲ့သည့္ ၁၅ ရက္ခန္႔ကတည္းက ေနထိုင္မေကာင္းသည့္အတြက္ေၾကာင့္ မိခင္ျဖစ္သူမွ ေမးျမန္းစဥ္ အမူအယာပ်က္ေနသည့္အတြက္ မသကၤာသျဖင့္ ကိုယ္၀န္တိုင္းသည့္ ကိရိယာျဖင့္ မိခင္ျဖစ္သူက စစ္ေဆးရာ ကိုယ္၀န္ရသည့္လကၡဏာမ်ားကို ေတြ႔ရွိခဲ့ရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ထို႔ေၾကာင့္ စစ္ေဆးေမးျမန္းရာ လြန္ခဲ့ေသာ တစ္လခြဲခန္႔က ေန႔လယ္ပိုင္းအခ်ိန္တြင္ မ ------ သည္ တစ္ရြာတည္းေန မ်ိဳးမင္း(၃၀)ႏွစ္၏ေနအိမ္သို႔သြား၍ တီဗီၾကည့္ေနစဥ္အိပ္ခန္းထဲသို႔ လိမ္ညာေခၚသြင္း၍ မ်ိဳးမင္းက အလိုမတူဘဲအတင္းအဓမၼျပဳက်င့္ကာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သိရသည့္အတြက္ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းသို႔ အေရးယူေပးရန္ မိခင္မွတရားလိုျပဳလုပ္တန္းခဲ့သည္ဟု ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ထို႔ေၾကာင့္ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းက(ပ)-၂၁၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆ ျဖင့္ အမႈဖြင့္ေပးၿပီး ျပစ္မႈက်ဴးလြန္သူကို စံုစမ္းရွာေဖြလ်က္ရွိေၾကာင္း သတင္းရရွိသည္။

   - ဒါးဇ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် ကလေး ၃ ယောက်ဖခင်က နေအိမ်သို့ တီဗီလာကြည့်သော တစ်ရွာတည်းနေ ၁၄ နှစ်အရွယ်မိန်းကလေးကို ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်စော်ကားခဲ့သဖြင့် ကိုယ်ဝန်ရရှိသွားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားသွားခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့အဓမ္မပြုကျင့်သွားသည့် အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက်ကြောင့် ယနေ့(အောက်တိုဘာလ ၁၁)အထိ လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်း ထီးချိုင့်မြို့မရဲစခန်းမှူး ဒုရဲမှူးဘချစ်က ပြောသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက်၊ ည ၈ နာရီခန့်တွင် ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ပျဉ်းစုကျေးရွာတွင် နေထိုင်သော မ ------- (၁၄)နှစ်သည် လွန်ခဲ့သည့် ၁၅ ရက်ခန့်ကတည်းက နေထိုင်မကောင်းသည့်အတွက်ကြောင့် မိခင်ဖြစ်သူမှ မေးမြန်းစဉ် အမူအယာပျက်နေသည့်အတွက် မသင်္ကာသဖြင့် ကိုယ်ဝန်တိုင်းသည့် ကိရိယာဖြင့် မိခင်ဖြစ်သူက စစ်ဆေးရာ ကိုယ်ဝန်ရသည့်လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထို့ကြောင့် စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော တစ်လခွဲခန့်က နေ့လယ်ပိုင်းအချိန်တွင် မ ------ သည် တစ်ရွာတည်းနေ မျိုးမင်း(၃၀)နှစ်၏နေအိမ်သို့သွား၍ တီဗီကြည့်နေစဉ်အိပ်ခန်းထဲသို့ လိမ်ညာခေါ်သွင်း၍ မျိုးမင်းက အလိုမတူဘဲအတင်းအဓမ္မပြုကျင့်ကာ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည့်အတွက် ထီးချိုင့်မြို့မရဲစခန်းသို့ အရေးယူပေးရန် မိခင်မှတရားလိုပြုလုပ်တန်းခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ထီးချိုင့်မြို့မရဲစခန်းက(ပ)-၂၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပေးပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။