Skip to main content
ကုန္ပစၥည္းမ်ားတြင္ အညႊန္းဆိုင္ရာရွင္းလင္းေဖာ္ျပခ်က္ထည့္သြင္းရန္ပ်က္ကြက္ပါက ဥပေဒအရ အေရးယူမည္
Ads Block

ကုန္ပစၥည္းမ်ားတြင္ အညႊန္းဆိုင္ရာရွင္းလင္းေဖာ္ျပခ်က္ထည့္သြင္းရန္ပ်က္ကြက္ပါက ဥပေဒအရ အေရးယူမည္

ကုန္ပစၥည္းမ်ားတြင္ အညႊန္းဆိုင္ရာရွင္းလင္းေဖာ္ျပခ်က္ထည့္သြင္းရန္ပ်က္ကြက္ပါက ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာန၊ စားသံုးသူေရးရာ ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးေဆြတင့္ၾကဴးက ေျပာသည္။
စာသံုးသူမ်ားအေနျဖင့္ ထုတ္ကုန္ပစၥည္းမ်ားကိုအလြယ္တကူဝယ္ယူႏိုင္ရန္ႏွင့္ သံုးစြဲရန္ ကိုက္ညီမႈ ရွိ၊ မရွိသိရွိႏိုင္ရန္ သံုးစြဲပံု၊ ပါဝင္ပစၥည္း၊ ဓါတ္မတည့္ေၾကာင္းေဖာ္ျပခ်က္ႏွင့္ ထုတ္လုပ္သည့္ ရက္၊ ေဘးထြက္ဆိုးက်ိဳးစသည့္အခ်က္မ်ားကိုျမန္မာဘာသာျဖင့္ ျပည့္စံုစြာေရးသားေဖာ္ျပရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနမွ အမိန္႔ေၾကျငာစာတစ္ခုမၾကာမီ ထုတ္ျပန္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ 
 “အမ်ားျပည္သူလြယ္လြယ္ကူကူသံုးစြဲႏိုင္ေအာင္ ဒီလိုထုတ္ျပန္မွာျဖစ္ပါတယ္။ေျပာင္းလဲလုပ္ေဆာင္ ရမယ့္အတြက္ ေငြေၾကးကုန္က်မႈရွိမယ္။ ဒီအတြက္ အမိန္႔ေၾကညာစာထုတ္ျပန္ၿပီး ေျခာက္လျပည့္တဲ့ အထိၾကည့္မယ္။ ေျခာက္လျပည့္တဲ့ရက္မွာမွ မလိုက္နာရင္ အေရးယူမယ္လို႔ ေၾကာ္ျငာသြားမွာ ျဖစ္ပါတယ္။ေဖာက္ဖ်က္ခဲ့ရင္ အေရးယူတဲ့အပိုင္းမွာေတာ့ အမ်ားႀကီးရွိတယ္။ လုပ္ငန္းလုိင္စင္ သိမ္းတာလည္းရွိတယ္။ အမ်ိဳးမ်ိဳးရွိတယ္။ အေျခအေနအရ အေရးယူသြားမယ္”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာန၊ စားသံုးသူေရးရာ ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးေဆြတင့္ၾကဴးက ေျပာသည္။
ယင္းသို႔ အညႊန္းအခ်က္မ်ားေဖာ္ျပရန္စားေသာက္ကုန္ပစၥည္း၊ အိမ္သံုးပစၥည္း၊ ကေလးအသံုးအေဆာင္ ပစၥည္း၊ ဆက္သြယ္ေရးပစၥည္း၊ လူသံုးကုန္ပစၥည္း၊ ေဆးဝါးႏွင့္ ျဖည့္စြက္စာ၊ဓာတုေဗဒထုတ္ကုန္ ပစၥည္း၊ လုပ္ငန္းသံုးပစၥည္း၊ အလွကုန္ပစၥည္းစသည့္ ပစၥည္းမ်ားကို အဓိကေရြးခ်ယ္ သတ္မွတ္ထားေၾကာင္း သိရသည္။ 
၂၀၁၄ ခုႏွစ္၌ စားသံုးသူေရးရာဥပေဒ ျပ႒ာန္းစဥ္ကတည္းကယင္းကဲ့သို႔ လုပ္ေဆာင္ရန္ ျပည္တြင္းရွိ ထုတ္ကုန္လုပ္ငန္းမ်ားကိုအသိပညာေပးလုပ္ငန္းမ်ားေဆာင္ရြက္ခဲ႔ေသာ္လည္း ေအာင္ျမင္မႈ နည္းပါးသျဖင့္ ရပ္နားထားခဲ့ရေၾကာင္းသိရသည္။ 

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

ကုန်ပစ္စည်းများတွင် အညွှန်းဆိုင်ရာရှင်းလင်းဖော်ပြချက်ထည့်သွင်းရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူမည်

ကုန်ပစ္စည်းများတွင် အညွှန်းဆိုင်ရာရှင်းလင်းဖော်ပြချက်ထည့်သွင်းရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောသည်။
စာသုံးသူများအနေဖြင့် ထုတ်ကုန်ပစ္စည်းများကိုအလွယ်တကူဝယ်ယူနိုင်ရန်နှင့် သုံးစွဲရန် ကိုက်ညီမှု ရှိ၊ မရှိသိရှိနိုင်ရန် သုံးစွဲပုံ၊ ပါဝင်ပစ္စည်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ထုတ်လုပ်သည့် ရက်၊ ဘေးထွက်ဆိုးကျိုးစသည့်အချက်များကိုမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြေငြာစာတစ်ခုမကြာမီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ 
 “အများပြည်သူလွယ်လွယ်ကူကူသုံးစွဲနိုင်အောင် ဒီလိုထုတ်ပြန်မှာဖြစ်ပါတယ်။ပြောင်းလဲလုပ်ဆောင် ရမယ့်အတွက် ငွေကြေးကုန်ကျမှုရှိမယ်။ ဒီအတွက် အမိန့်ကြေညာစာထုတ်ပြန်ပြီး ခြောက်လပြည့်တဲ့ အထိကြည့်မယ်။ ခြောက်လပြည့်တဲ့ရက်မှာမှ မလိုက်နာရင် အရေးယူမယ်လို့ ကြော်ငြာသွားမှာ ဖြစ်ပါတယ်။ဖောက်ဖျက်ခဲ့ရင် အရေးယူတဲ့အပိုင်းမှာတော့ အများကြီးရှိတယ်။ လုပ်ငန်းလိုင်စင် သိမ်းတာလည်းရှိတယ်။ အမျိုးမျိုးရှိတယ်။ အခြေအနေအရ အရေးယူသွားမယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောသည်။
ယင်းသို့ အညွှန်းအချက်များဖော်ပြရန်စားသောက်ကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ကလေးအသုံးအဆောင် ပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် ဖြည့်စွက်စာ၊ဓာတုဗေဒထုတ်ကုန် ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်းစသည့် ပစ္စည်းများကို အဓိကရွေးချယ် သတ်မှတ်ထားကြောင်း သိရသည်။ 
၂၀၁၄ ခုနှစ်၌ စားသုံးသူရေးရာဥပဒေ ပြဋ္ဌာန်းစဉ်ကတည်းကယင်းကဲ့သို့ လုပ်ဆောင်ရန် ပြည်တွင်းရှိ ထုတ်ကုန်လုပ်ငန်းများကိုအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှု နည်းပါးသဖြင့် ရပ်နားထားခဲ့ရကြောင်းသိရသည်။ 

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။