Skip to main content
သမ္မတ ဒေါ်နယ်ထရမ့်
Ads Block

၂၀၂၆ ကမ္ဘာဖလားကို သုံးနိုင်ငံ ပူးတွဲအိမ်ရှင်လုပ်ခွင့် လျှောက်ထားမှု နိုင်ငံအများစု ကန့် ကွက်မည်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်စိုးရိမ်နေ

ကနေဒါ၊ မက္ကဆီတို့ နှင့် ပူးတွဲ၍ အမေရိကန်နိုင်ငံက ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့်လျှောက်ထားသည့်အရေးအပေါ် နိုင်ငံအများစု ဆန့် ကျင်ကန့် ကွက်မည်ကို စိုးရိမ်နေမိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်သည်။ 


အမေရိကန်နိုင်ငံက ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်ထံ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယင်းလျှောက်ထားချက်နှင့်အပြိုင် မော်ရိုကိုနိုင်ငံကလည်း ပါဝင်လာသည့်အတွက် အမေရိကန် ဦးဆောင်သော အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို ပူးတွဲကမ္ဘာ့ဖလား ကျင်းပရေး၏ ပြိုင်ဘက် ထွက်ပေါ်လာမှုကို စိုးရိမ်နေခြင်းလည်း ဖြစ်သည်။ " အမေရိကန်အနေနဲ့ ကနေဒါ ၊ မက္ကဆီကိုတို့ ရဲ့ ပေါင်းပြီးတော့ ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်ရချင်မိပါတယ်။ ကျွန်တော်တို့ ဘက်က အမြဲလိုလိုထောက်ပံ့ကူညီမှုတွေ လုပ်ပေးထားတဲ့နိုင်ငံတွေကသာ ကျွန်တော်တို့ ကို ဆန့် ကျင်မယ်ဆိုရင်တော့ ဒါက ရှက်ဖို့ တော့ ကောင်းမှာသေချာပါတယ်။ ကုလသမဂ္ဂလည်း ပါတာပေါ့ " ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

၁၉၉၄ အမေရိကန်ကမ္ဘာ့ဖလား

သို့ သော်လည်း ၄င်းတို့ သုံးနိုင်ငံ ပူးပေါင်းလျှောက်ထားမှုသည် အခြားသောနိုင်ငံများထက် ပို၍အခွင့်အလမ်းသာလွန်နေပြီး မော်ရိုကိုထက်စာလျှင် အိမ်ရှင်ဖြစ်ခွင့်ရနိုင်ဖွယ်ရှိနေသည်ဟု နိုင်ငံတကာအားကစားသတင်းများက ဖော်ပြသည်။ အမေရိကန်အနေဖြင့် ပုံမှန်အားဖြင့် ၁၉၉၄ ခုနှစ်က ကမ္ဘာ့ဖလားအိမ်ရှင်လုပ်ခဲ့ပြီး ဖြစ်သောကြောင့် ၂၀၂၆ ခုနှစ်တွင် အိမ်ရှင်ဖြစ်ခွင့်ရရေးမှာ စောလွန်းနေသည့်အနေအထားမျိုး ရှိနေသည်။ သို့ သော်လည်း သုံးနိုင်ငံပေါင်း၍ လျှောက်ထားခြင်းကြောင့် အလားအလာကောင်းကို ပိုင်ဆိုင်ထားခြင်းလည်းဖြစ်သည်။

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ဖလားအိမ်ရှင် ဖြစ်ခွင့်ရမည့် အသင်းကို ဇွန်လ ၁၃ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ ၌ ကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။