Skip to main content
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်နှင့် တွေ့ ဆုံခဲ့သော သြစတြေးလျှနိုင်ငံခြားရေးဝန်ကြီး
Ads Block

မြန်မာတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တာကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ထောက်ခံ

ဘင်္ဂါလီမွတ်စလင်တွေအပေါ် ကျူးလွန်မှုတွေရှိပေမယ့် မြန်မာတပ်မတော်အပေါ် အကန့်အသတ်နဲ့ လေကျင့်သင်ကြားပေးမှုတွေကို အထောက်ပံ့ပေးတာဟာ သြစတြေးလျ အတွက်သ့င်လျော်မှုရှိတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိုင်ရှော့က ပြောခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းက သြစတြေးလျ လေဘာပါတီမှ ပြောရေးဆိုခွင့်ရှိသူက သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပြစ်တင်ဝေဖန်မှုတွေလုပ်ခဲ့ပါတယ်။ မြန်မာ တပ်မတော်ရဲ့ဖြိုခွင်းမှုတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းတည်းက ဘင်္ဂါလီမွတ်စလင် ၇ သိန်းကျော် ဟာ နယ်စပ်ဒေသဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဆီ ထွက်ပြေးခဲ့ပါတယ်။ ကုလသမဂ္ဂက ဘင်္ဂါလီ မွတ်စလင် အရေးနဲ့ပတ်သက်လို့ တိုင်းရင်သားတွေကို ရှင်းလင်းမှုတွေ လုပ်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

မြန်မာတပ်မတော်ရေနှင့် ပြည်ပစစ်သင်္ဘောတစ်စီး

ဗြိတိန်၊ ဥရောပသမဂ္ဂ ၊ အမေရိကန်၊ ပြင်သစ် ၊ ကနေဒါတို့ ဟာ မြန်မာ တပ်မတော်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဖြတ်တောက်ခဲ့ပေမယ့် သြစတြေးလျ က ဆက်လက်ကူညီမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ သြစတြေးလျဟာ မြန်မာ တပ်မတော်အတွက် အင်္ဂလိပ်စာလေ့ကျင့်ခန်း၊ ဘေးအန္တာရယ် အကူအညီပေးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့ လုပ်ငန်းတွေကို လေကျင့်သင့်ကြားနိုင်ဖို့ အမေရိကန်ဒေါ်လာ ၄ သိန်း ကူညီထောက်ပံ့ပေးနေပါတယ်။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက သြစတြေးလျ ဟာ မြန်မာတပ်မတော် နဲ့ ပူးတွဲစစ်ရေးလေကျင့်မှု မလုပ်ဆောင်သလို လက်နက်ရောင်းချမှုပိတ်ပင်ထားတယ်လို့ ပြောခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံအနေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောခဲ့ပါတယ်။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဟာ ဧပြီ ၂၇ ရက်နေ့က ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ် ဟာဆီနာနဲ့ တွေဆုံပြီး ဘင်္ဂါလီမွတ်စလင်တွေ ပြန်ပို့ရေး ကို ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

  -  သားဖိုးကောင်း
 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။