Skip to main content
ဘုန်းနိုင်ဇော်
Ads Block

ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ နေ့ မအိပ်ညမအိပ် စနေ၊ တနင်္ဂနွေ၊ လပြည့်လကွယ်မရှိ အမြဲတမ်းအလုပ်လုပ်နေတယ်

မြန်မာဘာလုံးအသင်းဟာ ပရိသတ်ကို အားမလိုအားမရဖြစ်စေခဲ့ဆုံး အားကစားတစ်ခုဆိုရင် မမှားပါဘူး။ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိနေတဲ့ မြန်မာအသင်းအတွက် နိုင်ငံခြားသားနည်းစနစ်ဒါရိုက်တာတစ်ဦးကို အောက်တိုဘာမှာ စတင်ခန့် အပ်ဖို့ လည်း အတည်ပြုခဲ့ပြီဖြစ်တဲ့အတွက် ဒါဟာ ၂၀၃၄ ကမ္ဘာ့ဖလားဆီ ပြုပြင်ပြောင်းလဲရေးလမ်းစလားလို့ မျှော်လင့်စရာ ရှိလာပါတယ်။ မြန်မာ့ဘောလုံး အနာဂတ်နဲ့ ပတ်သက်ပြီး ပြည်သူတွေက အဖွဲ့ ချုပ်အပေါ် မေးချင်တာတွေ၊ သိချင်တာတွေ တစ်ပုံတစ်ပင် ရှိနေမယ်လို့ တွက်ဆမိတဲ့အတွက် အဖွဲ့ ချုပ်ရဲ့ စီအီးအိုဖြစ်သူ ဦးဘုန်းနိုင်ဇော်ကို အကုန်သိသတင်းဌာန(အကုန်သိ မဂ္ဂဇင်း)က အခုလိုမျိုး သီးသန့် သွားရောက်တွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ 

မေး - အဖွဲ့ ချုပ်က နိုင်ငံခြားသားနည်းစနစ်ဒါရိုက်တာကို ခန့် အပ်ဖို့ အတည်ဖြစ်သွားပြီလို့ သိရပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ခန့် အပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲခင်ဗျ။
ဖြေ - အဓိကကတော့ ကျွန်တော်တို့ က ကျွန်တော်တို့ ရဲ့ ပြင်ဆင်မှုတွေက လုပ်နေတာတော့ လုပ်နေတယ်ပေါ့။ ဒါပေမဲ့ စနစ်တကျဖြစ်ချင်ပေါ့။ ဒါကြောင့် အောင်မြင်မှုလည်း ရဖူးတဲ့ဒါရိုက်တာမျိုး၊ နိုင်ငံတကာအတွေ့ အကြုံလည်း အများကြီးရှိတယ်။ အဲဒီလိုလူမျိုးဆီကနေ မြန်မာဘောလုံးအသင်းအတွက် သင်ယူစရာတွေရှိတယ်ဆိုပြီးတော့ အဆင့်အတန်းမြင့်တဲ့ နည်းစနစ်ဒါရိုက်တာကို ခန့် အပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့ ကို ဘယ်လိုရခဲ့လဲဆိုတော့ လက်ရှိ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်ရှိတယ်ပေါ့။ သူက အာရှဘောလုံးအဖွဲ့ ချုပ်တို့ ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်တို့ စတဲ့အစည်းအဝေးတွေမှာ သွားရင်းနဲ့ သူနဲ့ ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှု ရှိခဲ့တယ်။ ဆက်ဆံရေးကောင်းရှိခဲ့ပြီးတော့ သူ(ဦးတင်မြင့်အောင်)ကိုယ်တိုင်ကလည်း မှတ်ချက်ပေးတယ်ပေါ့။ နည်းစနစ်ဒါရိုက်တာ အသစ်ခန့် မယ်ဆိုရင် ဒီလိုမျိုး နည်းစနစ်ဒါရိုက်တာကို ခေါ်ဖို့ မှတ်ချက်ပေးတယ်။ အဲဒီအချိန်မှာ သူကလည်း သြစတြေးလျဘောလုံးအဖွဲ့ ချုပ်မှာ နည်းစနစ်ဒါရိုက်တာသုံးနှစ်စာချုပ် ပြည့်သွားတယ်။ စိန်ခေါ်မှုအသစ်တွေလည်း လုပ်ချင်တယ်ဆိုတာကြောင့် ကျွန်တော်တို့ တော်တော်လေး ညှိနှိုင်းပြီးတဲ့နောက်မှာ ကျွန်တော်တို့ Offer လုပ်တာကို သူလက်ခံလိုက်တယ်။ အဲဒါနဲ့ ပဲ ဘယ်လ်ဂျီယံနိုင်ငံသား နည်းစနစ်ဒါရိုက်တာ မစ္စတာ အဲရစ်အဗရမ်ကို ခေါ်ဖို့ သဘောတူညီမှု ရခဲ့တယ်ပေါ့။

မေး - ဘယ်လ်ဂျီယံနိုင်ငံသားကို ခန့် အပ်လိုက်တာဆိုတော့ လက်ရှိဘယ်လ်ဂျီယံအသင်းက နည်းစနစ်အားကောင်းကောင်းနဲ့ သက်တမ်းအလိုက် ကောင်းမွန်နေတာတွေ့ ရတယ်။ မြန်မာအသင်းတွေကိုရော သက်တမ်းအလိုက် နည်းစနစ်အားကောင်းကောင်းနဲ့ သွားဖို့ ရည်ရွယ်ပြင်ဆင်တာမျိုးလားခင်ဗျ။
ဖြေ - ဟုတ်ပါတယ်။ အဓိကကတော့ ဘယ်လ်ဂျီယံရဲ့ အောင်မြင်မှုက ကျွန်တော်တို့ နမူနာယူစရာပေါ့။ ဘယ်လ်ဂျီယံဆိုတာ နိုင်ငံသေးသေးလေးပါ။ အဲဒီကနေ သူတို့ ဘောလုံးကို ပြောင်းလဲပစ်နိုင်တယ်။ သူတို့ အိမ်ရှင်အဖြစ်နဲ့ လုပ်ခဲ့တဲ့ ယူရိုပြိုင်ပွဲမှာတုန်းကဆိုရင် လုံးဝမအောင်မြင်ခဲ့တော့ အဲဒီနောက်ပိုင်းကနေ စတင်ပြီး စနစ်ကျတဲ့ပြောင်းလဲမှုတွေလုပ်တယ်။ အခု အဲဒီအသီးအပွင့်တွေကို သူတို့ ခံစားနေရပြီ။ မစ္စတာ အဲရစ်ကလည်း ဘယ်လ်ဂျီယံရဲ့ ဘောလုံးပြောင်းလဲမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါခဲ့တယ်။ သူ့ ဆရာ မစ်ရှဲလ်ဇက်ပလွန် ဆိုရင်လည်း လက်ရှိ စင်ကာပူဘောလုံးအဖွဲ့ ချုပ်မှာ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတယ်။ နောက်ပြီးတော့ ဆော်ဒီမှာလည်း သူတို့ နဲ့ တစ်ဖွဲ့ တည်းသားက နည်းစနစ်ဒါရိုက်တာလုပ်နေတယ်။ သူတို့ တွေက ဘယ်လ်ဂျီယံဘောလုံးလောကကို သက္ကရာဇ် ၂၀၀၀ ကနေ စတင်ပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်လာခဲ့တာ ၁၀ နှစ်ကြာကျော်လာတဲ့အချိန်မှာ အခုအသီးအပွင့်တွေကို စတင်ခံစားနေရတဲ့သဘောမှာ မြင်ရတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံလိုနိုင်ငံကျဉ်းကျဉ်းလေးမှာ လုပ်တာတောင် သူတို့ က အောင်မြင်ခဲ့တယ်။ မစ္စတာ အဲရစ်ကကျတော့ သြစတြေးလျလို နိုင်ငံအကျယ်ကြီးမှာ သွားပြီး သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့တာကြောင့် သူ့ ဆီမှာရှိထားတဲ့ နိုင်ငံတကာအတွေ့ အကြုံတွေက မြန်မာအသင်းအတွက် အများကြီးအထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ 
မေး - မြန်မာအသင်းက နည်းစနစ်ပိုင်းမှာ ကလေးငယ်တွေကစပြီး အသင်းကြီးအထိ အားနည်းချက်တွေ ရှိနေတယ်လို့ ပြောလို့ ရမလား။ ဘာတွေ အားနည်းနေသလဲခင်ဗျ။
ဖြေ - ပြောရရင်တော့ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ လူငယ်ကစားသမားတွေရဲ့ ကစားတဲ့ပုံစံပါ။ နောက်တစ်ပိုင်းက သူတို့ ကို ကိုယ်တွယ်နေတဲ့ နည်းပြဆရာတွေရဲ့ အပိုင်းပေါ့။ လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းမှာဆိုရင်လည်း နိုင်ငံခြားနည်းပြကို တာဝန်ပေးထားရတယ်ဆိုတော့ ပြည်တွင်းနည်းပြတွေအနေနဲ့ ဒါ့ထက်ပိုပြီး ကြိုးစားဖို့ တော့ လိုပါတယ်။ အထူးသဖြင့် နေရှင်နယ်လိဂ်မှာ နည်းပြနေတဲ့သူတွေ၊ လူငယ်အသင်းတွေကို နည်းပြနေတဲ့သူတွေပေါ့။ နည်းပြကောင်းတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ နောက်ထပ် နိုင်ငံတကာတန်းဝင်တဲ့အဆင့်တစ်ခုကို ရောက်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ အခုရောက်လာမယ့် နည်းစနစ်ဒါရိုက်တာက အဓိကအခန်းကဏ္ဍနှစ်ခုကို တာဝန်ယူမှာဖြစ်ပါတယ်။ ပထမတစ်ခုက ကျွန်တော်တို့ နည်းပြတွေရဲ့ အရည်အသွေးပိုင်းတိုးတက်လာဖို့ ပါ။ ဒီအတွက် သင်တန်းတွေ၊ သင်တန်းလက်မှတ်တွေ ရှိတယ်ဆိုပေမယ့် နည်းပြကောင်းဖြစ်သွားတာမဟုတ်ပါဘူး။ ဒါ့ထက် ဘာတွေပိုပြီးလုပ်ပေးလို့ ရမလဲဆိုတာကို နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။ နည်းပြဆရာကောင်းတွေရမှသာလျှင် ကစားသမားကောင်းတွေ ထွက်လာမှာပါ။ နည်းပြဆရာတွေရဲ့ အရည်အသွေးပိုင်း မြင့်လာဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ အသင်းတိုင်းအတွက် နိုင်ငံခြားသားနည်းပြတွေကို ငှားပေးဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် လူငယ်အဆင့်တွေ၊ ပြည်နယ်နဲ့ တိုင်းအဆင့်တွေ၊ နေရှင်နယ်လိဂ်ရဲ့ လူငယ်ကလပ်အသင်းတွေမှာ နည်းပြဆရာတွေရဲ့ အဆင့်အတန်းတွေက မြင့်မားလာနေမယ်ဆိုရင် ပိုပြီးတော့ ကစားသမားကောင်းတွေ ထွက်ပေါ်လာမှာပါ။

မေး - လက်ရှိ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိသွားမလဲ။ သူ့ လက်ထက်မှာ ဘာတွေအားနည်းချက် အားသာချက်ဖြစ်သွားတာရှိလဲ။ အခု နည်းစနစ်ဒါရိုက်တာအသစ် နိုင်ငံခြားသားကိုခန့် တာ ဆိုတော့လေ။
ဖြေ - ဦးတင်မြင့်အောင်က နည်းစနစ်ဒါရိုက်တာအဖြစ် ထမ်းဆောင်ခဲ့မှုမှာ ရသင့်သလောက်သော အောင်မြင်မှုတွေရခဲ့ပါတယ်။ ကစားသမားအသစ်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ဦးတင်မြင့်အောင် သေချာဆွေးနွေးခဲ့ဖူးပါတယ်။ ကျွန်တော်တို့ သွားချင်တဲ့ Level သည် အာဆီယံ Level မဟုတ်ဘူး။ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ကိုပါ ထိုးဖောက်ဖို့ ပါ။ ဒီအဆင့်ကိုသွားဖို့ အတွက်တော့ ဒီအဆင့်ကိုသွားဖူးတဲ့ နည်းစနစ်ဒါရိုက်တာမျိုးဖြစ်ရင် ပိုပြီးတော့ အထောက်အကူရမှာဖြစ်ပါတယ်။ ဦးတင်မြင့်အောင်အနေနဲ့ ကတော့ နည်းစနစ်ဒါရိုက်တာသစ်နဲ့ အတူ တွဲပြီးအလုပ်လုပ်မှာပါ။ နိုင်ငံခြားသား ပညာရှင်တွေကို ခေါ်တဲ့အခါမှာ သူတို့ က အချိန်တန်ရင် အိမ်ပြန်သွားကြမှာပါ။ ကျွန်တော်တို့ ဘက်က ဘာတွေရအောင်ယူထားမလဲပေါ့။ ကျွန်တော်တို့ အဓိက အားကိုးရမယ့်သူက ဦးတင်မြင့်အောင်ပါ။ နောက်ထပ် ဒါ့ထက်ပိုပြီး ဘယ်လိုတိုးချဲ့ ပြီးလုပ်လို့ ရမလဲဆိုတာပေါ့။ ဦးတင်မြင့်အောင်ရဲ့ အားသာချက်ကတော့ ပြည်တွင်းဘောလုံးအားကစားကို အကုန်သိထားတယ်။ လက်ရှိအခြေအနေကို အသေးစိတ်သိထားတယ်။ မစ္စတာ အဲရစ်က နည်းပညာ၊ နည်းစနစ်တွေ အသိပညာအတတ်ပညာတွေကို ယူလာမယ်။ ဒီနှစ်ခုကို ပေါင်းလိုက်မှသာလျှင် တိုးတက်နိုင်မယ့်လမ်းကြောင်းတစ်ခုကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ပကနေရောက်လာလာချင်း အကုန်လုံးပြောင်းမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒီမှာရှိတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေ၊ ယဉ်ကျေးမှုတွေ၊ ပညာရေးနောက်ခံအခြေအနေတွေကို ပေါင်းပြီးတော့မှ လုပ်ရမှာပါ။ ဆိုတော့ ဦးတင်မြင့်အောင်နဲ့ မစ္စတာ အဲရစ်က ပေါင်းပြီးတော့ အတူတူလုပ်မှာပါ။

မေး - လက်ရှိအနေအထားအရဆိုရင် မြန်မာအသင်းရဲ့ အနာဂတ်ကို ပိုကောင်းလာစေဖို့ ရည်ရွယ်နေတဲ့သဘောမျိုးတော့ တွေ့ ရပါတယ်။ နည်းစနစ်ဒါရိုက်တာရဲ့ တာဝန်ယူမှုက အပိုင်းကဏ္ဍထပ်ခွဲထားတာများ ရှိဦးမလား။
ဖြေ - ဘောလုံးပြိုင်တယ်ဆိုတာက နိုင်ငံတကာနဲ့ ပြိုင်နေကြရတာပါ။ နိုင်ငံတကာဘောလုံးအဖွဲ့ ချုပ်တွေရော၊ အသင်းတွေပါ အကုန်လုံးက ရှေ့ ကိုသွားနေကြတယ်။ ကျွန်တော်တို့ က သူများနိုင်ငံတွေကို ကျော်တက်ဖို့ ဆိုရင် သူများထက်မြန်မြန်သွားနိုင်ဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မှာရှိတဲ့ Resource ပေါ့နော်။ ပိုက်ဆံဖြစ်စေ၊ အချိန်ဖြစ်စေ၊ လူအင်အားဖြစ်စေ အကန့် အသတ်နဲ့ ပဲ ရှိတယ်။ အဲဒီကနေမှ ပိုပြီး ထိရောက်အောင်ဘယ်လိုသွားမလဲဆိုတာမှာ နည်းစနစ်ဒါရိုက်တာကို ခန့် အပ်ပြီးတော့ သူ့ ရဲ့ ဦးဆောင်မှုအောက်ကနေ အသင်းအားလုံးက ပုံစံစနစ်တစ်ခုတည်းနဲ့ သွားမယ်ဆိုရင် အထိရောက်ဆုံးနည်းလမ်းဖြစ်မယ်လို့ ဆုံးဖြတ်ပြီး ဘတ်ဂျက်အခက်အခဲကြားထဲကနေ နာမည်ကြီးနည်းစနစ်ဒါရိုက်တာကို ခန့် အပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ မှာ အသင်းတွေက တော်တော်များပါတယ်။ လက်ရွေးစင်ရှိမယ်။ ယူ ၂၃ ရှိမယ်။ ယူ ၁၉ ၊ ယူ ၁၆ ၊ အကယ်ဒမီအသင်းတွေပေါ့။ အကယ်ဒမီဆိုရင်လည်း အရင်တုန်းက မန္တလေးတစ်ခုပဲရှိတယ်။ အခု ရန်ကုန်ရော ပုသိမ်ရောတိုးလာတယ်။ အမျိုးသမီးလက်ရွေးစင်ရှိတယ်။ အမျိုးသမီး ယူ ၁၉၊ ယူ ၁၆ နဲ့ ယူ ၁၃ အထိပါ ရှိနေသေးတယ်။ ဒီဟာတွေကို ကိုင်ဖို့ ကျတော့ အလုပ်နဲ့ အချိန် မမျှတော့ဘူးပေါ့။ ဦးတင်မြင့်အောင်ကို ကူညီထောက်ပံ့ပေးဖို့ လိုလာပါတယ်။ ဒါကြောင့် ၀န်ထမ်းတွေ ခန့် ထားရသလို မစ္စတာ အဲရစ်ကလည်း တာဝန်ခွဲဝေယူပေးမယ့် တစ်ယောက်ပါပဲ။ 

မေး - မြန်မာအသင်းဟာ အာဆီယံဒေသတွင်းမှာတောင် တော်တော်လေးယိုင်နဲ့ လာပြီးတော့ အဓိကအားနည်းချက်အဖြစ် နည်းစနစ်ပိုင်းမှာဖြစ်နေတယ်လို့ ထောက်ပြသူတွေ များလာပါတယ်။ အထူးသဖြင့် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စသဖြင့် ဒီအသင်းတွေနဲ့ ယှဉ်ရင်ပေါ့။ မြန်မာအသင်းဟာ အစဉ်အဆက် နည်းစနစ် အားနည်းခဲ့တယ်လို့ ပြောရမလို ဖြစ်လာပါတယ်။ အဖွဲ့ ချုပ်အနေနဲ့ ရော ဒီလိုမျိုးထောက်ပြမှုကို ဘာပြန်ပြောချင်မလဲ။ 
ဖြေ - ဟုတ်ကဲ့ ။ နည်းစနစ်ပိုင်းမှာ ကျွန်တော်တို့ အားနည်းခဲ့တယ်လို့ ပြောလို့ ရပါတယ်။ 

မေး - ဒီတော့ ပြုပြင်ပြောင်းလဲရေးလုပ်ပြီဆိုတာမှာ နိုင်ငံခြားသားနည်းစနစ်ဒါရိုက်တာတစ်ယောက် ခန့် လိုက်ရုံနဲ့ လုံလောက်ပါ့မလား။
ဖြေ - အဓိကကတော့ နည်းစနစ်ဒါရိုက်နဲ့ နည်းပြတွေနဲ့ က တွဲပြီးလုပ်ရမှာပေါ့။ နည်းပြက အသင်းတစ်သင်းကိုပဲ တာဝန်ယူရတယ်။ နည်းစနစ်ဒါရိုက်တာကျတော့ အသင်းအားလုံးရဲ့ ကစားပုံရော၊ အသင်းတွေရဲ့ တိုးတက်မှုတွေကိုရော သူက တာဝန်ယူရတယ်။ နည်းစနစ်နဲ့ ပတ်သက်ရင် ကျွန်တော်တို့ မှာ ဌာနရှိတယ်။ ဦးတင်မြင့်အောင်ရယ် ၊ လက်ရွေးစင်အသင်းအသီးသီးက နည်းပြတွေ၊ လက်ထောက်နည်းပြတွေ၊ ဂိုးနည်းပြတွေ အကုန်လုံးကပေါင်းပြီးတော့ လုပ်ရမှာပေါ့။ 

မေး - ဘောလုံးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း မချိတင်ကဲ ဝေဖန်မှုတွေ ဖြစ်လာကြာခဲ့ပြီပေါ့။ ဒီအချိန်မှာ နည်းစနစ်ဒါရိုက်တာအသစ်ကို နိုင်ငံခြားသားခန့် အပ်လိုက်တာဖြစ်ပေမယ့် သူ့ ရဲ့ အစွမ်းပြနိုင်မှုကာလက ချက်ခြင်းမဖြစ်နိုင်ဘူးဆိုတာ နားလည်ပါတယ်။ ဘယ်ကာလမှာဖြင့် မြန်မာအသင်းရဲ့ အလားအလာကောင်းလာမယ်လို့ တွက်ဆထားလဲခင်ဗျ။
ဖြေ - ကျွန်တော်တို့ မှာ မူလက ၁၀ နှစ်စီမံကိန်းရှိတယ်။ အဲဒီစီမံကိန်းက ၅ နှစ်ကျော်လာပြီပေါ့။ ၁၀ နှစ်စီမံကိန်းထဲမှာပါတဲ့တစ်ချက်ကတော့ လူငယ်ကမ္ဘာ့ဖလားတစ်ခုကို ၀င်ဖို့ ပေါ့။ ၀င်လည်း ၀င်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ၁၀ နှစ်စီမံကိန်းက Review လုပ်ဖို့ လိုလာပြီပေါ့။ နောက်ထပ် ၁၀ နှစ်အတွက် Plan အသစ်ဆွဲမယ်ပေါ့။ နည်းစနစ်ဒါရိုက်တာအသစ်နဲ့ အတူ ဆွဲမယ်။ လူငယ်အသင်းတွေကတစ်ဆင့် လူကြီးအသင်းတွေအထိ အောင်မြင်မှုရအောင် ဘယ်လိုသွားမလဲပေါ့။ အောင်မြင်မှုဆိုတာမှာလည်း နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းကို တိုင်းတာမှာ လက်ရွေးစင်အသင်းကြီးနဲ့ တိုင်းတယ်။ လက်ရွေးစင်အသင်းကြီးရဲ့ အောင်မြင်မှုကို ကမ္ဘာ့အဆင့်နဲ့ တိုင်းတယ်။ ဆိုတော့ လက်ရွေးစင်အသင်းကြီးကို ပိုပြီးတော့ အဆင့်မြင့်ပြီးတော့ လေးစားလောက်တဲ့အဆင့်တစ်ခုကိုရောက်ဖို့ ကြိုးစားရမှာပေါ့။ လူငယ်ပြိုင်ပွဲတွေအနေနဲ့ ကတော့ လက်ရွေးစင်ကစားသမားတွေ ပေါ်ထွက်လာဖို့ အတွက် ပြုစုပျိုးထောင်ပါတယ်။ တစ်ချို့ ပြိုင်ပွဲတွေက ရလဒ်ကို ဦးတည်ရတာမျိုးမဟုတ်ပါဘူး။ တစ်ချို့ ပြိုင်ပွဲတွေကတော့ ရလဒ်ကို လိုအပ်ပါတယ်။ ဥပမာအားဖြင့် ယူ ၂၃ လိုမျိုးနဲ့ လက်ရွေးစင်အသင်းလိုမျိုးမှာတော့ ရလဒ်ကလိုအပ်ပါတယ်။ ပြိုင်ရင်တော့ အားလုံးကနိုင်ချင်ကြတာချည်းပါပဲ။ အရင်တုန်းကဆိုရင် လက်ရွေးစင်အသင်းတွေကို သုံးလေးလလောက် စခန်းသွင်းလေ့ကျင့်ပြီးမှ သွားကစားကြတယ်။ အခုကျတော့ ကမ္ဘာမှာကိုကတည်းက ပြောင်းလဲလာပြီးတော့ လိဂ်တွေကို တည်ပြီးကစားလာရတယ်။ သတိထားမိမယ်ဆိုရင် ၂၀၁၇ အာရှဖလားခြေစစ်ပွဲတွေကစားတဲ့အချိန်မှာ ကျွန်တော်တို့ ရဲ့ ပြင်ဆင်ချိန်က နှစ်ပတ်ပဲရှိတယ်။ ကမ္ဘာမှာကိုကတည်းက ဒီလိုမျိုး ပရော်ဖက်ရှင်နယ်ကို ပြောင်းလဲလာချိန်မှာ ကျွန်တော်တို့ လည်း မဖြစ်မနေ ပြင်ဆင်လာရတယ်။ နောက်ပိုင်းကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဖြစ်စေ၊ အာရှခြေစစ်ပွဲတွေဖြစ်စေ ပြင်ဆင်ချိန်နည်းနည်းပဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လိဂ်မှာကစားနေတဲ့ ကစားသမားတွေကို ပြောချင်တာက တကယ့်ပြိုင်ပွဲကြီးတွေရောက်လာရင် ကိုယ်ကကြံ့ခိုင်မှု အသင့်ဖြစ်နေဖို့ လိုပါတယ်။ အာဆီယံအနေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အနည်းဆုံး ကျွန်တော်တို့ က ထိပ်တန်းလေးသင်းထဲမှာ ပါနေတယ်။ လက်ရွေးစင်အသင်းကြီးကလည်း အာဆီယံထိပ်ဆုံးလေးသင်းမှာ ပါတယ်။ ဒါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ပြောတာ။ ကျွန်တော်တို့ ရဲ့ ရည်မှန်းချက်က ကမ္ဘာ့အဆင့်သတ်မှတ်ချက် ဒီထက်ပိုပြီး တက်လာဖို့ ပါပဲ။ 

မေး - ဘောလုံးအဖွဲ့ ချုပ်အနေနဲ့ ပြိုင်ပွဲတွေကလည်း အများကြီး။ ကစားသမားတွေကလည်း သက်တမ်းအလိုက် ထိန်းသိမ်းပျိုးထောင်ထားရတာ မနည်းမနောဆိုတော့ တစ်ခါတစ်ရံမှာ လုပ်ချင်သလောက် လုပ်ဖို့ မနိုင်မနင်း ဖြစ်ရတာတွေများ ရှိသလား။ ဆိုလိုချင်တာက လူအင်အား မနိုင်တာတွေ၊ ငွေအင်အား မလုံလောက်တာမျိုးတွေ အပါအ၀င်ပေါ့။
ဖြေ - မနိုင်မနင်းဖြစ်လာတယ်ဆိုတာထက် ဒါက ဘောလုံး Eco System ပေါ့။ ဘောလုံး Eco System က ဒါ့ထက်ပိုပြီးတော့ ဖွံ့ ဖြိုးတိုးတက်ဖို့ လိုတယ်။ ဘောလုံးက အခြားအားကစားနဲ့ မတူဘဲ ပရော်ဖက်ရှင်နယ်ဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံး အောင်မြင်မှုဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ လိဂ်အပေါ်မှာ အများကြီး မူတည်တယ်။ နေရှင်နယ်လိဂ်အနေနဲ့ လည်း အသင်းပိုင်ရှင်တွေရော ကစားသမားတွေပါ တတ်နိုင်သမျှ လုပ်နေကြပေမယ့် ပြိုင်ဆိုင်မှုတွေက သိပ်များတယ်။ ပြောရရင် လူတွေရဲ့ စိတ်အပန်းဖြေရာနေရာတွေက အများကြီးဖြစ်လာတယ်။ ပရီးမီးယားလိဂ်ကိုပဲ ကြည့်မလား၊ အခြားသော အားကစားကိုပဲ ကြည့်မလားပေါ့။ ဒါတွေနဲ့ ကျွန်တော်တို့ က ပြိုင်နေရတယ်။ ဘောလုံးအနေနဲ့ ကတော့ ဘောလုံး Eco System ဒါထက်ပိုပြီး တိုးတက်ဖို့ အတွက် ဒါထက်ပိုပြီး ဆွဲဆောင်မှုရှိဖို့ လိုလာတယ်။ ကွင်းထဲကို လူတွေများများရောက်လာဖို့ လိုသလို ဒီကနေ ၀င်ငွေရသွားမှ ကစားသမားတွေအတွက်လည်း တိုးတက်မှုအားကောင်းမှာဖြစ်သလို ပိုပြီးဖြည့်တင်းမှုမျိုးစုံလုပ်လို့ ရမယ်ပေါ့။ ဥပမာအားဖြင့် အောင်သူကိုပဲကြည့်ပေါ့။ ထိုင်းလိဂ်မှာ သွားကစားတဲ့နောက် အခု Alpine Cup မှာ သူကစားသွားတဲ့ပုံစံကိုကြည့်ရင် အရင်အောင်သူနဲ့ အခု အောင်သူ ကွာသွားတာကို သိသိသာသာမြင်ရတယ်။ ကြွက်သားတွေ ပိုပြီးသန်မာလာသလို ဘောလုံး အိုင်ကျုလည်း မြင့်လာတယ်။ ဒါတွေဖြစ်လာဖို့ ဘက်ပေါင်းစုံက ကျွန်တော်တို့ က ကြိုးစားရတယ်။ ဒီနေရာမှာ ပရိသတ်တွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးကြီးတယ်။ အားကစားသည် ငွေနဲ့ လုပ်ရတဲ့ကိစ္စဖြစ်လာတဲ့အတွက် နေရှင်နယ်လိဂ်ပွဲစဉ်တွေကို အားပေးမယ်။ သက်ဆိုင်ရာဒေသအလိုက် အားပေးထောက်ပံ့ကြမယ်ဆိုရင် ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဘောလုံးအဖွဲ့ ချုပ်သည်လည်း တစ်နှစ်ကို ဒေါ်လာ ၈ သန်းလောက် သုံးရတယ်။ ဒီငွေ ဘယ်ကရလဲဆိုရင် စပွန်ဆာဆီကနေရတယ်။ ဖီဖာတို့ AFC တို့ ဆီကနေ ရတယ်။ မလောက်ရင် ဥက္ကဋ္ဌ ဦးဇော်ဇော်က စိုက်ထုတ်သုံးစွဲပေးတယ်။ တစ်ခြားနိုင်ငံတွေ သုံးတဲ့ငွေကြေးနဲ့ ကျွန်တော်တို့ သုံးတဲ့ငွေကြေးတွေက တော်တော်လေးကွာတယ်။ ကျွန်တော်တို့ က အများကြီးနည်းတယ်။ ကျွန်တော်တို့ က နိုင်လာမှ ဆုချီးမြှင့်တယ်ဆိုတာက တစ်ကဏ္ဍ ၊ ဒါပေမဲ့ နိုင်အောင် ပြုစုပျိုးထောင်တာက အရမ်းအရေးကြီးတဲ့ကိစ္စဖြစ်နေတယ်။ ကျွန်တော်တို့ က ကစားမှသာ နိုင်ချင်တယ်ဆိုတာမျိုး ဖြစ်လို့ မရဘူးပေါ့နော်။ တကယ့်တကယ် အသင်းတစ်သင်း အနိုင်ရဖို့ အတွက်က နောက်မှာ ပြုစုပျိုးထောင်ပေးလိုက်ရတဲ့လူတွေဆိုတာရှိတယ်။ သန့် ရှင်းရေးကအစ၊ ထမင်းချက်တွေ၊ လက်မှတ်ရောင်းတဲ့သူတွေက အကုန်လုံးပေါ့။ ဒီလူတွေရဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီးပါတယ်။ ဥပမာအားဖြင့် ယူ ၁၉ ဆိုရင် ၀င်းနိုင်ထွန်းတို့ ၊ မြတ်ကောင်းခန့် တို့ ထွက်ပေါ်လာတယ်။ ဒီကစားသမားတွေ ဘယ်ကလာလဲဆိုရင် အကယ်ဒမီကနေလာတယ်။ အကယ်ဒမီမှာ သူတို့ ကလေးဘ၀ကတည်းက ဖျားရင်လည်း ဂရုစိုက်ရ၊ ကျိုးရင်လည်း ပြန်ကုပေးရ။ ဖိနပ်ကအစ အကျီင်္အဆုံး အကုန်ဝယ်ပေးရတာ။ အဲဒီလိုမျိုးအများကြီး လုပ်လာရတာ။ ပရိသတ်အနေနဲ့ ကျတော့ ကစားတော့မှသာ မြင်ရတာ။ နောက်ကွယ်ကနေ ပံ့ပိုးနေရတဲ့အပိုင်းတွေက အများကြီးပဲ။ အရင်တုန်းကဆိုရင် ၁၉ နှစ်လောက်နဲ့ Talent ကောင်းတဲ့ကစားသမားတွေ ထွက်ပေါ်လာတာမျိုးမရှိဘူး။ အခုဆိုရင် အကယ်ဒမီရဲ့ ကျေးဇူးကြောင့် အောင်သူလို ထွက်လာတယ်။ ကျော်မင်းဦးလို ထွက်လာတယ်။ ၀င်းနိုင်ထွန်း၊ မြတ်ကောင်းခန့် ၊ ပြည့်စုံနိုင် စတဲ့သူတွေ ထွက်လာတယ်။ သူတို့ က အခု နေရှင်နယ်လိဂ်မှာ တန်းပြီး ကစားနိုင်နေပြီ။ ဒါက သူတို့ ရဲ့ အောင်မြင်မှုပေါ့နော်။ တကယ်လို့ ဒီလိုကစားသမားတွေ အများကြီး ထွက်လာဦးမယ်ဆိုရင် ကျွန်တော်တို့ ကစားသမားရွေးချယ်မှုက ပိုပြီး အပြိုင်အဆိုင်ဖြစ်လာမယ်။ နည်းပြကိုယ်တိုင် ဇဝေဇ၀ါဖြစ်လာမယ်။ ဒီလိုဖြစ်လာရင်တော့ ကျွန်တော်တို့ ဒါထက်ပိုတဲ့ အောင်မြင်မှုတွေရဲ့ လမ်းစပေါ့။

မေး - အခု အသစ်ခန့် အပ်မယ့် နည်းစနစ်ဒါရိုက်တာရဲ့ လစာနဲ့ သူ့ ကို ဘယ်နှစ်နှစ်စာချုပ်ချုပ်ထားလဲဆိုတာ သိခွင့်ရမလား။
ဖြေ - ကျွန်တော်တို့ နည်းပြဆရာရဲ့ လစာတွေ၊ နည်းစနစ်ဒါရိုက်တာရဲ့ လစာတွေကို ထုတ်ဖော်ပြောကြားလေ့တော့ မရှိပါဘူး။ စာချုပ်ကတော့ အောက်တိုဘာ ၁ ရက်နေ့ ကနေစပြီးတော့ နောက်ထပ် သုံးနှစ်ပါ။

မေး - နည်းစနစ်ဒါရိုက်တာအနေနဲ့ က မြန်မာအသင်းနဲ့ ပတ်သက်ပြီး ယူရမယ့်တာဝန်တွေက မနည်းဘူးဆိုတော့ သူ့ အတွက် လွယ်ကူပါ့မလား။ သူ့ ဘက်ကရော ဘာတွေ တောင်းဆိုထားတာရှိလဲ ။ မြန်မာက အခြားနိုင်ငံတွေနဲ့ တူကို မတူတဲ့နိုင်ငံဖြစ်နေတော့လေ။
ဖြေ - သူ့ အနေနဲ့ က ပထမဆုံးဘာလုပ်မှာလဲဆိုတော့ သုံးလလောက်အချိန်ပေးပြီး ဒီမှာရှိတဲ့အသင်းတွေ အကုန်လုံးကို သူလိုက်ကြည့်မယ်။ နည်းပြဆရာတွေနဲ့ စကားပြောမယ်။ ပြီးတဲ့အခါမှာ ကျွန်တော်တို့ လုပ်ရမယ့် Plan တွေကို ကျွန်တော်တို့ ကို အဆိုပြုတင်ပြလိမ့်မယ်။ တင်ပြတဲ့အခါမှာ ကျွန်တော်တို့ တိုင်ပင်ပြီးတော့ ဘတ်ဂျက်ကိစ္စတွေကအစ ဘယ်အပိုင်းတွေကိုတော့ လုပ်မယ်။ ဘယ်အပိုင်းကိုတော့ ပြောင်းလဲမယ်ဆိုတာကို သုံးနှစ်စာအဖြစ် Plan နဲ့ အရင်ဆုံးလုပ်ကြမှာပါ။ ဒီအတွက် သူ့ ဘက်က သီးသန့် တောင်းဆိုထားတာတော့ မရှိဘူး။ သူ့ အတွက် စကားပြန်တစ်ယောက်ထည့်ပေးရမယ်။ သူ ခရီးသွားမယ်။ သူ့ အနေနဲ့ က ထိပ်ဆုံးမှာရှိနေတဲ့အသင်းတွေကိုပဲ ကြည့်မှာမဟုတ်ဘူး။ အောက်ခြေက အသင်းတွေကိုကြည့်မယ်။ မြို့ နယ်အပါအ၀င် ပွဲစဉ်တွေအားလုံးကို သူက သေချာလေ့လာပြီးတော့ အားနည်းချက်တွေကို လေ့လာပါလိမ့်မယ်။ ကင်းထောက်နက်ခ်ဝ့ါတွေကို ဒါထက်ကျယ်ပြန့် အောင်လုပ်ရမယ်ပေါ့။ ကျောင်းသားပွဲတွေကနေ အလားအလာရှိသူတွေထွက်လာမလား။ ကလပ်တွေကနေ ထွက်လာမလားဆိုတာ မသိနိုင်ဘူးလေ။ သင့်တော်တဲ့ကလေးတွေကို အကယ်ဒမီထဲကို ထည့်မယ်။ အကယ်ဒမီထဲကို ရောက်ထားတဲ့ကလေးတွေထဲက ခြေစွမ်းတက်မလာတဲ့ကလေးတွေကို ပြန်ဖယ်မယ်။ နည်းပြတွေနဲ့ လည်း ဆွေးနွေးပွဲတွေလုပ်မယ်။ စည်းရုံးစုဝေးတိုင်ပင် အဖြေရှာတာမျိုးတွေလည်း လုပ်မယ်။ ရှိပြီးသားအရည်အသွေးတွေ တက်လာအောင် နည်းပြတွေနဲ့ ပူးပေါင်းလုပ်ကိုင်ကြဖို့ ပေါ့။ ပြီးတော့ မြန်မာကစားသမားတွေက ဘယ်ပုံစံနဲ့ ကစားရင် ကိုက်ညီမလဲဆိုတာကို သေချာပုံစံတကျ ရွေးချယ်တည်ဆောက်မယ်။ ထိုင်းဆိုရင် ဘောလုံးအခြေခံကောင်းမွန်တယ်။ အင်ဒိုနီးရှားဆိုရင် အမြန်နှုန်းကောင်းမွန်တယ်။ မြန်မာရဲ့ ကစားဟန်က ဘယ်လိုမျိုးလဲ။ ဘယ်လိုတည်ဆောက်မလဲ။ လက်ရွေးစင်အသင်းကြီးက ကစားတဲ့ပုံစံကို ယူ ၂၃ နဲ့ ၁၉ ကရော လက်ရွေးစင်အသင်းကြီး ပံ့ပိုးနိုင်ဖို့  ဒီလိုပဲကစားမလား။ တစ်ခုရှိတာက ဘောလုံးက အချိန်ပေးရပါတယ်။ ကစားသမားကောင်းတစ်ဦး ထွက်ပေါ်လာဖို့ ဆိုတာကလည်း ချက်ခြင်းပေါ်လာတာ မဟုတ်ပါဘူး။ ဘောလုံးက နာမည်နဲ့ ကစားလို့ မရပါဘူး။ ကြံ့ခိုင်မှုအားကောင်းဖို့ လည်း လိုပါတယ်။ နောက်ကွယ်မှာ မမြင်ရတဲ့ အစိတ်အပိုင်းတွေအများကြီး ရှိနေပါတယ်။ 

မေး - မြန်မာအပါအ၀င် အာဆီယံအသင်းကြီးအချို့ က ၂၀၃၄ ကမ္ဘာ့ဖလားကို ရည်မှန်းပြင်ဆင်နေကြတယ်လို့ ကြားသိရပါတယ်။ ဒီတော့ မြန်မာအသင်းကရော ဒါတွေအတွက် ကြိုတင်ပြင်ဆင်နေတာလို့ ပြောလို့ ရမလား။
ဖြေ - အဓိကကတော့ အောက်ခြေမှာရှိတဲ့ တည်ဆောက်မှုကို တစ်ဆင့်ချင်းပြင်ဆင်နေရတာပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ မျှော်မှန်းချက်ကတော့ ကမ္ဘာ့ဖလားပေါ့။ တစ်နေ့ မှာ ကျွန်တော်တို့ ကမ္ဘာ့ဖလားကိုရောက်အောင် သွားရမယ်။ ရောက်အောင်သွားရဖို့ အတွက်က ကျွန်တော်တို့ က ပါးစပ်ကနေပဲ ပြောနေလို့ မရဘူး။ အဓိကက ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ အောက်ခြေမှာ အရင်ဆုံး ကျွန်တော်တို့ ပြောင်းလဲရမယ်။ ပြီးရင် တစ်ဆင့်ချင်းတက်ပြီး ပြောင်းလဲမယ်။ အခု လက်ရှိ အာဆီယံမှာ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်အဆင့်ကို ရောက်နေပြီ။ ပြီးရင် ဗိုလ်စွဲအောင်လုပ်ရမယ်။ အာဆီယံမှာ ဗိုလ်စွဲပြီးတော့မှ အာရှခြေစစ်ပွဲတွေ အောင်ဖို့ လုပ်ရမယ်။ ခြေစစ်ပွဲတွေ မအောင်ရင် အသင်းတွေရဲ့ တိုးတက်မှုနှုန်းက တော်တော်လေး တုံ့ နှေးသွားတယ်လို့ ပြောရမှာပါပဲ။ အားကစားက ကိုယ့်ထက်မြင့်တဲ့အသင်းတွေနဲ့ ကစားနေရမှသာလျှင် တိုးတက်တာ။ ဆိုတော့ ကစားဖို့ အခွင့်ရေးပျောက်သွားတယ်။ ဖိတ်ခေါ်ပွဲ ခြေစမ်းပွဲတွေနဲ့ တကယ့်ပြိုင်ပွဲတွေက ကွာပါတယ်။ အခု ကျွန်တော်တို့ အာရှအားကစားပွဲကို သွားတယ်။ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အတွေ့ အကြုံတွေ ကျွန်တော်တို့ ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ တွေ့ မယ့်အသင်းတွေက ကမ္ဘာ့ဖလားကို သွားနေတဲ့နိုင်ငံတွေက ဘောလုံးအသင်းတွေ။ ဆော်ဒီအာရေးဗျ၊ အီရန် ဒီနှစ်သင်းက အာရှထိပ်ဆုံးကအသင်းတွေ။ မြောက်ကိုရီးယားလည်း ပါတယ်ဆိုတော့ ကျွန်တော်တို့ ကစားသမားတွေအတွက်က အဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးပဲ။

မေး - ၂၀၃၄ မှာ အာဆီယံလေးသင်းထဲက တစ်သင်းကများ တစ်နေရာခွဲတမ်းရမလားဆိုတဲ့ မျှော်လင့်ချက် ရှိထားတယ်ပေါ့။ မြန်မာအသင်းအနေနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားကို ၀င်ကစားခွင့်ရဖို့ ပြင်ဆင်နေပြီလား။
ဖြေ - ပွင့်ပွင့်လင်းလင်းပြောရရင် အောက်ခြေမှာ စပြီးတည်နေတဲ့သဘောပဲရှိသေးတယ်။ ၃၄ လို့ ၊ ၃၈ လို့ ပြောဖို့ စောသေးတယ်။ အဓိကကတော့ တိတ်တိတ်လေးနဲ့ အလုပ်အများကြီးလုပ်ဖို့ ပြင်ဆင်နေတယ်။ ရည်မှန်းချက် မြင့်မြင့်ထားထားတယ်။ ရည်မှန်းချက်မြင့်တယ်ဆိုပြီးတော့ အပြောမကြီးချင်ဘူး။ ဒါပေမဲ့ တစ်ချိန်မှာ ကျွန်တော်တို့ ကမ္ဘာ့ဖလားကိုရောက်အောင် ကျွန်တော်တို့ ကြိုးစားမယ်။ ဒါပေမဲ့ လက်ရှိ ကျွန်တော်တို့ မှာရှိတဲ့ Resource အကန့် အသတ်ရှိတဲ့အထဲကနေ လက်ရွေးစင်ဆိုရင် ၈ သင်းလောက်ရှိတယ်။ အကယ်ဒမီ သုံးခုနဲ့ ဖိတ်သမျှ ပြိုင်ပွဲတိုင်း ကျွန်တော်တို့ ကစားနိုင်တယ်။ တည်ဆောက်ထားတာတော့ ရနေပြီ။ အကျိုးသက်ရောက်မှုကြီးကြီးမားမားတော့ မရသေးဘူး။ ရှိတဲ့ ရင်းမြစ်နဲ့ အလုပ်လုပ်တဲ့အခါမှာ ရလဒ်ကောင်းထွက်အောင်လုပ်မယ်။ နည်းနည်းနဲ့ ရလဒ်ကောင်းလုပ်နိုင်လေ ကောင်းလေပဲ။ ကျွန်တော်တို့ နဲ့ ပြိုင်ဘက်နိုင်ငံတွေကလည်း လုပ်နေတာပါ။ အခြားနိုင်ငံတွေက ကျွန်တော်တို့ ထက် စီးပွားရေးမှာဖြစ်စေ၊ အခြေခံတည်ဆောက်မှုမှာဖြစ်စေ အဖက်ဖက်ကသာတယ်။ ကျွန်တော်တို့ က မရှိ ရှိတဲ့အားလေးနဲ့ စုပြီး ပြိုင်နေရတာ။ ခက်ခဲတယ်ပေါ့။ 

မေး - အာဆီယံဒေသတွင်းနိုင်ငံတွေက သုံးနေတဲ့ ငွေကြေးအင်အားနဲ့ မြန်မာနိုင်ငံက သုံးနိုင်မှုက ဘယ်လိုကွာဟချက်တွေ ရှိနေလဲ။ တွက်ချက်လေ့လာထားတာရှိသလား။ ဥပမာအားဖြင့် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စသဖြင့်ပေါ့။
ဖြေ - သွားနေတဲ့နှုန်းနဲ့ Plan တွေအရ သူများတွေ သုံးနေတဲ့ငွေကြေးနဲ့ အင်အားက ကျွန်တော်တို့ ထက် အများကြီးများတယ်။ အကျိုးသက်ရောက်မှု ရလဒ်ကောင်းကိုတော့ ကျွန်တော်တို့ က မညံ့ဘူး။ ကိုယ့်ထက် နှစ်ဆသုံးဆ၊ ဆယ်ဆလောက်သုံးတဲ့နိုင်ငံတွေထက် ကျွန်တော်တို့ က သူတို့ နဲ့ ကောင်းကောင်း ယှဉ်ပြိုင်နိုင်တယ်။ ဒါက ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ Talent နဲ့ ဆိုင်တယ်။ နည်းပြဆရာတွေ ကစားသမားတွေအားလုံးကြိုးစားအားထုတ်မှုနဲ့ လည်း ဆိုင်ပါတယ်။ နောက်တစ်ခုက ပရိသတ်ရဲ့ အားပေးထောက်ခံမှုပေါ့။ ပြိုင်တယ်ဆိုမှာတော့ နိုင်ချင်ကြတာချည်းပါပဲ။ အဲဒီမှာမှ အကောင်းမြင်ဘက်ကနေ အားပေးကြဖို့ လိုပါတယ်။ ကျွန်တော်တို့ အဖွဲ့ ချုပ်ကိုလည်း သိချင်တာရှိရင် အကုန်လာမေးလို့ ရပါတယ်။ ကျွန်တော်တို့ လည်း ပြနိုင်တယ်။ ကျွန်တော်တို့ က ရလဒ်ထွက်အောင် ကြိုးစားနေပါတယ်။ ဘယ်လောက်ပဲ ကြိုးစားတယ်ပြောပြော ရလဒ်မထွက်ရင် အလကားပဲ။ ဥက္ကဋ္ဌလည်း အမြဲတမ်းပြောနေတယ်။ မင်းတို့ က ပြောလိုက်ရင် ကြိုးစားနေတယ်ဆိုတာချည်းပဲ ရလဒ်က မထွက်ဘူးဆိုတာမျိုးပေါ့။ ဘောလုံးက ဆုံးခန်းတိုင်သည် မရှိဘူး။ ဒါပေမဲ့ အသင်းကြီးနဲ့ တိုင်းတာမယ်ဆိုရင် အာဆီယံမှာ နံပါတ်လေး။ ဒါ့ထက်ပိုပြီး တက်ဖို့ တော့ လိုတယ်။ ပြီးခဲ့တဲ့နှစ်က အာရှဖလားခြေစစ်ပွဲ မအောင်ခဲ့ဘူး။ ဒါက ကျွန်တော်တို့ အတွက် အကြီးမားဆုံး ထိုးနှက်ချက်ပဲ။ နောက်ထပ် ရည်မှန်းချက်သည် နောက်ထပ်လာမယ့် အာရှဖလားခြေစစ်ပွဲပဲ။ အောင်ကို အောင်ရမယ်ဆိုပြီးတော့ အခုကတည်းက ပြင်ထားတယ်။ အဲဒါက ထိပ်ပိုင်းအသင်းတွေ ပြင်ဆင်တာပေါ့။ ထိပ်ပိုင်းအသင်းတွေ ပြင်တာအပြင် မျိုးဆက်မပြတ်ဖို့ တာဝန်ကလည်း ကျွန်တော်တို့ မှာ ရှိတယ်။ အသင်းတစ်သင်းတည်း ကောင်းနေလို့ မရဘူး။ နောက်ဆက်တွဲအသင်းတွေ အဆင်သင့်ရှိနေဖို့ လည်း လိုအပ်တယ်။ ဒါကြောင့် စဉ်ဆက်မပြတ်ဖြစ်အောင် ကျွန်တော်တို့ သွားနေတယ်ပေါ့။ ဒီလိုသွားနေရင်တော့ ကျွန်တော်တို့ အသင်းဟာ မျိုးဆက်ပြတ်ဖို့ ပြသနာ မရှိတော့ဘူးပေါ့။

မေး - နိုင်ငံအသင်းအပါအ၀င် အသင်းတိုင်း အားကောင်းဖို့ အတွက်က Support လုပ်ပေးတဲ့သူတွေ အားကောင်းဖို့ လည်း လိုပါတယ်။ အဖွဲ့ ချုပ်မှာရော လုံလုံလောက်လောက် ရှိရဲ့ လား။
ဖြေ - ရှိပါတယ်။ ဆေးဌာနဆိုတာလည်း ရှိပါတယ်။ ဆေးဌာနမှာ တာဝန်ထမ်းဆောင်တဲ့ဆရာဝန်တွေဆိုရင် AFC က ပေးထားတဲ့ AFC Medical Officer အဆင့်မျိုးရှိတာပါ။ အခြား Support ပေးတဲ့အဖွဲ့ တွေလည်း အကုန်လုံး ကျွန်တော်တို့ မှာ ရှိပါတယ်။ အ၀တ်အစားဖြစ်စေ၊ ဗီဒီယိုပဲဖြစ်စေ အကုန်လုံးရှိတယ်။ လက်ရွေးစင် နည်းပြချုပ်ခန့် တုန်းကဆိုရင် အဲဒါတွေအကုန်မေးတယ်။ ကျွန်တော်တို့ မှာ ရှိတယ်ဆိုတော့ သူက ချီးကျုးတယ်။ သူက အာဖရိကမှာ လုပ်ခဲ့တုန်းက တော်တော်လေး အခက်အခဲတွေများခဲ့တယ်လေ။ ဒီမှာက နိုင်ငံသေးသော်ငြားလည်းပဲ အားကစားနဲ့ ပတ်သက်ပြီး တော်တော်လေး Support ပေးထားတာများတယ်ပေါ့။ ကျွန်တော်တို့ မှာ Kits နဲ့ ဗီဒီယို Analysis ရှိတယ်။ ကစားပွဲတွေကို လေ့လာသုံးသပ်တဲ့ ဆော့ဖ်ဝဲ ၀ယ်ထားတာရှိတယ်။ နောက်ပြီးတော့ GPS Trekking Devices တွေလည်းရှိတယ်။ ဒါတွေကို Training တွေမှာ ကျွန်တော်တို့ သုံးနေတယ်။ နည်းပြအတွက် အထောက်အကူလိုအပ်တာမှန်သမျှ ကျွန်တော်တို့ ဖြည့်တင်းပေးပါတယ်။
 

ဘုန်းနိုင်ဇော်

မေး - ကစားသမား ရွေးချယ်မှုကိစ္စတွေမှာလည်း ပြည်သူတွေတော်တော်များများက ထောက်ပြကြတာရှိပါတယ်။ ကျေးလက်ဒေသနဲ့ မြို့ နယ်တွေမှာ ကစားသမားကောင်းတွေအများကြီး ရှိနေပေမယ့် ရွေးချယ်တာမျိုးမရှိဘူးဆိုတာမျိုးတွေပေါ့။ အဖွဲ့ ချုပ်က လူရွေးချယ်မှုတွေ ဘယ်လိုမျိုးတွေ ရှိနေလဲ။
ဖြေ - အမြင်ပေါ့နော်။ ဥပမာ မြို့ တစ်မြို့ ရဲ့ ပွဲတစ်ပွဲမှာ ဒီကစားသမားက အရမ်းကောင်းတယ်ပေါ့။ ရတနာပုံမှာဆိုရင်လည်း အောင်သူက အရမ်းကောင်းတယ်ပေါ့နော်။ ဒါပေမယ့် ထိုင်းမှာ သွားကစားရင် အောင်သူလိုပဲ ကောင်းတဲ့ကစားသမားတွေ အများကြီးရှိနေသလိုပေါ့။ သူက သေးသေးလေးထဲမှာပဲ မြင်ထားတာကိုး။ မြင်တဲ့ ပုံစံကွာတာ မတူတာပေါ့နော်။ အခုနောက်ထပ် လုပ်နေတဲ့ပုံစံက မြို့ နယ်ဘောလုံးအဖွဲ့ ချုပ်တွေ ဖွဲ့ စည်းတာပေါ့။ မြို့ နယ် ဘောလုံးအဖွဲ့ ချုပ်တွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါလာလိမ့်မယ်။ မြို့ နယ်အဖွဲ့ ချုပ်တွေနဲ့ အားကစားဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ လည်း ပူးပေါင်းပြီးတော့ ပြိုင်ပွဲတွေလုပ်လိမ့်မယ်။ လုပ်တဲ့အခါမှာလည်း တည်ဆောက်ထားတဲ့စနစ်တွေ ရှိတယ်ပေါ့။ ရပ်ကွက်ပေါင်းစုံ၊ မြို့ နယ်ပေါင်းစုံနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် စတဲ့အဆင့်ဆင့်သောပြိုင်ပွဲတွေလုပ်ရမှာပါ။ ဒါတွေ ပေါ်ထွန်းလာပြီဆိုရင် လမ်းကြောင်းတစ်ခု ပေါ်လာမယ်။ ရပ်ကွက်ထဲမှာတော်တဲ့ကလေးက မြို့ နယ်အဆင့် တက်လာမယ်။ မြို့ နယ်အဆင့်ပြီးရင် တိုင်းအဆင့်တက်လာမယ်။ အဲဒီအချိန်မှာ ကင်းထောက်နက်ခ်ဝါ့တွေက သေချာစောင့်ကြည့်ပြီးတော့ ရွေးချယ်တာမျိုး၊ အကယ်ဒမီကို ပို့ ပေးတာမျိုး လုပ်သွားမှာပါ။ အဓိကက အဲဒီ Structure ပေါ်လာဖို့ လိုတယ်။ ကလေးတစ်ယောက် ကောင်းတယ်ဆိုရင် ကောင်းကြောင်း သက်သေပြနိုင်ဖို့ အဆင့်ဆင့် တက်လာဖို့ လိုတယ်။ 

မေး - အဲဒီလို အဆင့်ဆင့်ရွေးချယ်မှုမှာလည်း ဘက်လိုက်မှုတွေ၊ အဂတိလိုက်စားမှုတွေရှိတယ်လို့ လည်း ကြားဖူးပါတယ်။ ဒီတော့ အဖွဲ့ ချုပ်အနေနဲ့ ကရော ကင်းထောက်တွေကို မြို့ နယ်ပေါင်း ၃၄၀ နီးပါးကို တစ်မြို့ နယ်တစ်ယောက်နှုန်းနီးပါးလောက် ဖြန့် ကျက်ချထားနိုင်တာမျိုးရှိပြီလား။
ဖြေ - ရှိပါတယ်။ ကျွန်တော်တို့ ကင်းထောက် နက်ခ်ဝ့ါတွေကို ချဲ့ ပြီးတော့ ဖွဲ့ သွားဖို့ ရှိပါတယ်။ အခုဆိုရင် ယူ ၁၄ ပြိုင်ပွဲ။ MPT လုပ်ပေးတာမျိုးလေ။ ဒါမျိုးတွေကိုလည်း လွှတ်ပေးတာရှိတယ်။ နွေရာသီသင်တန်းတွေကနေလည်း လေ့လာတယ်။ နွေရာသီသင်တန်းတွေကနေတောင် အဆင့်မီတာတွေ ရှိတယ်။ အမြဲတမ်းတော့ လမ်းကြောင်းတွေ ဖွင့်ပေးထားပါတယ်။ ဘက်လိုက်မှုတွေကတော့ အားကစားမှရယ်မဟုတ်ဘူး။ အောက်ခြေအဆင့်ဆင့်မှာ ရိုးသားမှုတွေတော့ ရှိဖို့ လိုတယ်။ လူတွေက အလုပ်လုပ်တဲ့အခါမှာ ရိုးရိုးသားသားနဲ့ လုပ်ကြဖို့ လိုပါတယ်။ အထူးသဖြင့် အားကစားမှာပါဝင်ပတ်သက်သူတွေ ပိုပြီး ရိုးသားဖို့ လိုပါတယ်။

မေး - မြန်မာအသင်းရဲ့ ကစားဟန်ဟာ စနစ်ကျတဲ့ပုံစံမျိုး ပျောက်ကွယ်ပြီးတော့ ကန်တင်ပြေးစနစ်လိုမျိုးဖြစ်လာတယ်။ တစ်ကိုယ်ကောင်းဆန်ဆန် ကစားတာမျိုးဖြစ်လာတယ်။ ဘောလုံးကို ဦးနှောက်နဲ့ ကစားတာမျိုးလည်း နည်းလာတယ်။ ဒီတော့ ခိုင်မာတဲ့ကစားဟန်တွေ ပေါ်လာဖို့ ဘယ်လိုလုပ်မလဲ။
ဖြေ - အဓိကကတော့ နည်းစနစ်ဒါရိုက်တာက တာဝန်ရှိတယ်။ သူ သွပ်သွင်းမယ့်ကစားဟန်က ကျွန်တော်တို့ ကစားသမားတွေ လိုက်ကစားနိုင်ဖို့ လွယ်ကူမယ့်ကစားဟန်ဖြစ်ဖို့ လိုတယ်။ အခု ခန့် အပ်မယ့် နည်းစနစ်ဒါရိုက်တာကိုလည်း ကျွန်တော်တို့ က အပြည့်အ၀ထောက်ပံ့မှုတွေပေးမယ်။ သူ့ ရဲ့ ဦးဆောင်မှုအောက်ကနေ သက်တမ်းအလိုက်နည်းပြတွေက တစ်သွေမတိမ်းလိုက်ဖို့ လိုတယ်။ အဲဒီလိုလိုက်မှသာလျှင် ပုံစံတစ်ခုထွက်လာမယ်ပေါ့။ ဒီပုံစံထွက်လာပြီဆိုရင် အကယ်ဒမီတွေမှာ ကစားမယ်။ ကလပ်အသင်းတွေပါ လိုက်ကစားလာရင်တော့ ပိုကောင်းတာပေါ့။ ဒါလည်း ကျွန်တော်တို့ ကြိုးစားပြီးတော့ စည်းရုံးသွားဖို့ ရှိပါတယ်။ 

မေး - ကလပ်အသင်းတွေနဲ့ သက်တမ်းအလိုက် နည်းပြတွေကရော နည်းစနစ်ဒါရိုက်တာရဲ့ ဆုံးဖြတ်ချက် နည်းစနစ်အတိုင်း ကစားဖို့ ညွှန်ကြားပ့ါမလား။
ဖြေ - အဲဒါကတော့ ကျွန်တော်တို့ ရဲ့ စည်းရုံးမှုအပေါ် မူတည်တာပေါ့။ ကျွန်တော်တို့ ရဲ့ နည်းစနစ်ဒါရိုက်တာရောပေါ့။ အဓိကကတော့ ကလပ်အသင်းတွေလည်း ပိုကောင်းမယ်။ ကစားသမားတွေအတွက်လည်း လွယ်ကူမယ်ပေါ့။ ဒါပေမဲ့ ခက်ခဲပါတယ်။ ဒီကြားထဲကမှ ဒီအခြေအနေရောက်သွားရင်တော့ တိုးတက်မှု မြန်မယ်။ ကလပ်အသင်းတွေက သူတို့ ကစားချင်တဲ့စတိုင်နဲ့ ကစားမယ်ဆိုရင်တော့ ကစားသမားတစ်ဦးက ကလပ်အသင်းမှာတစ်မျိုးကစားမယ်။ လက်ရွေးစင်မှာ တစ်မျိုးကစားမယ်တော့ ဖြစ်နေမှာပေါ့နော်။

မေး - အဖွဲ့ ချုပ် စီအီးအိုတစ်ယောက်အနေနဲ့ မြန်မာအသင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကို နောက်ဆယ်နှစ်အတွင်း ဒါမှမဟုတ် နောက်ဘယ်နှစ်နှစ်အတွင်း အာဆီယံမှာဘယ်အဆင့်ဖြစ်ရမယ်။ အာရှ ဘယ်အဆင့်ဖြစ်ရမယ်ဆိုပြီး အာမခံကတိပေးပြောနိုင်တာ ရှိမလား။
ဖြေ - ရှိပါတယ်။ အဓိကက ကျွန်တော်တို့ လုပ်နေတဲ့အလုပ်ကို ကျွန်တော်တို့ အသေးစိတ်သိတယ်။ တစ်ခုရှိတာက အကန့် အသတ်ပေါ့။ ဘယ်အလုပ်ဖြစ်ဖြစ်ပါ အကန့် အသတ်တော့ ရှိကြပါတယ်။ ရရှိတဲ့ စပွန်ဆာ၊ နည်းပြဆရာတွေ ကစားသမားတွေရဲ့ အရည်အသွေး။ ဒါတွေက နေ့ ချင်းညချင်း ပြောင်းလဲလို့ တော့ မရနိုင်ဘူးပေါ့။ လက်ရှိမှာတော့ အာဆီယံမှာ အဆင့်လေး။ ဒါထက်ပိုပြီး ကျွန်တော်တို့ အဆင့်တက်မယ်။ အဓိက ကျွန်တော်တို့ သွားချင်တာက ကမ္ဘာ့အဆင့်အတန်းမြင့်ဖို့ လိုတယ်။ လက်ရှိလုပ်နေတဲ့ ယူ ၁၉ ၊ ၁၆ တွေက အချိန်တန်ရင် လက်ရွေးစင်အသင်းကို ရောက်သွားမှာ။ လက်ရွေးစင်အသင်းကို မရောက်ခင်မှာ သူတို့ အတွက် လုံလောက်တဲ့အတွေ့ အကြုံတွေ ပညာတွေရသွားမယ်ဆိုရင် ကျွန်တော်တို့ မျှော်မှန်းတဲ့ အာရှဖလားခြေစစ်ပွဲအောင်ဖို့ ၊ ကမ္ဘာဖလားခြေစစ်ပွဲအောင်ဖို့ က သိပ်အကြာကြီး စောင့်ရမယ်လို့ တော့ မထင်တော့ပါဘူး။ အနည်းဆုံး လေးနှစ်ကနေ (၈)နှစ်အတွင်းမှာ ကျွန်တော်တို့ အာရှဖလားခြေစစ်ပွဲကို အောင်သွားပါလိမ့်မယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ကိုလည်း အောက်ခြေကနေ စပြီးတော့ နည်းစနစ်တကျပြောင်းလဲဖို့ စတင်လုပ်ဆောင်နေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ 

မေး - အဖွဲ့ ချုပ် ဥက္ကဋ္ဌအပါအ၀င် ဘောလုံးနဲ့ ပတ်သက်သူတွေက တကယ့်ကိုအလုပ်မဘဲ ပြည်သူကိုလိမ်ပြီး ကစားနေကြတယ်လို့ ကို ဝေဖန်သူတွေ ရှိလာပါတယ်။ ဒီလိုဝေဖန်မှုတွေအပေါ်မှာ အဖွဲ့ ချုပ်ဘက်ကရော ဘာတွေပြန်ပြောချင်တာများရှိမလဲခင်ဗျ။
ဖြေ - ကျွန်တော်တို့ ကတော့ တံခါးအမြဲတမ်းဖွင့်ထားပါတယ်။ ဘောလုံးပရိသတ်တစ်ယောက်အနေနဲ့ ဖြစ်စေ၊ စာနယ်ဇင်းတစ်ယောက်အနေနဲ့ ဖြစ်စေ ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့အလုပ်တွေကို အသေးစိတ်အချိန်မရွေးလာမေးနိုင်ပါတယ်။ ဒါ့ထက်လည်း အသေးစိတ်၊ ထားပါတော့ ၂၀၁၉ Plan က ဘာလဲ။ ၂၀၂၀ Plan ကဘာလဲဆိုတာကို အသေးစိတ် ရှင်းပြနိုင်ပါသေးတယ်။ ကျွန်တော်တို့ ကို အထင်မှားနေတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဥက္ကဋ္ဌ ဦးဇော်ဇော်အပါအ၀င် မြန်မာဘောလုံးတိုးတက်ရေးကို ကိုယ်စွမ်းရှိသ၍ ဥာဏ်စွမ်းရှိသ၍ အားလုံးကြိုးစားနေတယ်။ နေ့ မအိပ် ညမအိပ် စနေ၊ တနင်္ဂနွေမရှိ လပြည့်လကွယ်မရှိ အမြဲတမ်း အလုပ်လုပ်နေတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ရှိတဲ့ Resource က အကန့် အသတ်ရှိတယ်။ အဲဒီအထဲမှာ လုပ်ရတဲ့အခါမှာ အများကြီးအခက်အခဲရှိတယ်။ အခက်အခဲရှိတဲ့ကြားထဲကနေလည်း ကျွန်တော်တို့ လုပ်တယ်။ လုပ်တဲ့အခါမှာ ဘောလုံးကို ဘာနဲ့ တိုင်းလဲဆိုရင်ရလဒ်နဲ့ ပဲ တိုင်းတယ်။ ဘောလုံးအသင်း ရှုံးလို့ ဆဲတယ်ဆိုရင် ကျွန်တော်တို့ က အဆဲခံရမယ့်ဘ၀။ အဆဲကို ခံရမှာပဲ။ ဒါက ကျွန်တော်တို့ ငြင်းလို့ မရဘူး။ ဘောလုံးအသင်းနိုင်လို့ ဘောလုံးအသင်းကို ချီးကျုးမယ်။ ကစားသမားကို ချီးကျုးမယ်။ နည်းပြဆရာကို ချီးကျုးမယ်။ ဒါက ကျွန်တော်တို့ ပီတိ။ ဆိုတော့ ကျွန်တော်တို့ က ပြည်သူကို ပျော်ရွှင်အောင်လုပ်ပေးချင်တာ။ ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ အဓိက ရည်ရွယ်ချက်ကိုက ဘောလုံးပွဲတစ်ပွဲနိုင်လို့ တစ်တိုင်းပြည်လုံး ပျော်ရွှင်ကြတဲ့ အရသာ။ အဲဒီအရသာကို ဖန်တီးပေးနိုင်သူတွေရဲ့ ပီတိ။ အဲဒီ ပီတိကို ရဖို့ ကျွန်တော်တို့ က ကြိုးစားနေကြတဲ့သူတွေ။ ဒီနေရာမှာ ကျွန်တော်တို့ ရဲ့ ကြိုးစားမှုကို ပရိသတ်ကြီးက အားမရသေးဘူးဆိုရင်လည်း ဒါ့ထက် နှစ်ဆ၊ သုံးဆ၊ ကိုယ်စွမ်းရှိသ၍ ဥာဏ်စွမ်းရှိသ၍ ကြိုးစားပေးမယ်။ ပရိသတ်တွေရဲ့ အားပေးမှုကလည်း ကျွန်တော်တို့ အတွက် အရမ်းအရေးကြီးတယ်။ ပရိသတ်က ကွင်းထဲကို လာပြီးအားပေးနေမှသာလျှင် ဘောလုံး Eco Systerm က တောင့်တင်းမယ်။ ဒီပရိသတ်တွေ ကွင်းထဲလာမှ၊ တီဗွီကနေ ကြည့်မှ ကျွန်တော်တို့ ကို အားဖြစ်စေတဲ့ စပွန်ဆာတွေက ၀င်နေမယ်။ ငွေကြေးတွေက စီးဆင်းနေမယ်။ ဒါမှသာလျှင် အသင်းတွေကို ဒါထက်ပိုပြီး ထောက်ပံ့ပေးနိုင်မယ်။ ပရိသတ်က လုပ်နိုင်တာက လက်ရွေးစင်အသင်းရဲ့ ဂျာစီ အစစ်အမှန်ကို အားပေးတာ။ အချိန်ကုန် ငွေကုန်ခံပြီး ကွင်းထဲကို လာပြီးအားပေးတာ။ လက်ရွေးစင်အသင်းကို တီဗွီကနေ ကြည့်ရှုအားပေးတာ။ ဒါတွေက ကျွန်တော်တို့ ကို တိုက်ရိုက်အားပေးတာဖြစ်တယ်။ ဒီလိုအားပေးမှုတွေကို အသိအမှတ်ပြုတယ်။ ဒီလိုအားပေးမှုတွေကြောင့် အားတွေဖြစ်ပြီးတော့ အသင်းတွေ ဒီထက်ပိုအောင်မြင်အောင် ကျွန်တော်တို့ ကြိုးစားမယ်လို့ ပဲ ပြောချင်ပါတယ်။
မေး - မြန်မာအသင်းရဲ့ ပွဲစဉ်တွေ တော်တော်များများကို အဖွဲ့ ချုပ်ဘက်က တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ဖို့ အတွက် စီစဉ်မပေးနိုင်တာတွေ ရှိတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုအကြောင်းတရားတွေက အခက်အခဲဖြစ်နေစေလဲခင်ဗျာ။ 
ဖြေ - အဓိကကတော့ TV Right ပေါ့။ တီဗွီထုတ်လွင့်ခွင့် မူပိုင်ခွင့်ဆိုတာရှိပါတယ်။ မူပိုင်ခွင့်ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ က နိုင်ငံခြားမှာ ကန်တဲ့ပွဲတွေဆိုရင် အခကြေးငွေနဲ့ ဝယ်ပြီး လွှင့်ပေးရတယ်။ အခကြေးငွေပေးပြီး ၀ယ်တယ်ဆိုတာမှာလည်း နိုင်ငံတကာရဲ့ လမ်းကြောင်းပေါ့။ နိုင်ငံတကာရဲ့ လမ်းကြောင်းမှာ ဥပမာအားဖြင့် တီဗွီချန်နယ်တွေရှိတယ်ပေါ့။ ထိုင်းမှာဆိုရင် TV3 ရှိမယ်။ စင်ကာပူဆိုရင် Star Hub ရှိမယ်။ SingTel ရှိမယ်ပေါ့။ ဘောလုံးပွဲတစ်ပွဲပြဖို့ က တီဗွီချန်နယ်တွေက ပြဖို့ ဝယ်ရတာမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တီဗွီချန်နယ်တွေရှိတယ်။ သူတို့ ကို မေးရင်တော့ ပိုပြီးတော့သင့်တော်တဲ့မေးခွန်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့် မပြနိုင်သလဲဆိုတာမျိုးပေါ့။ ကျွန်တော်တို့ အနေနဲ့ ကျတော့ ပြည်တွင်းမှာလာကန်တဲ့ပွဲတွေမျိုးဆိုရင် မူပိုင်ခွင့်ကို ကျွန်တော်တို့ ဘောလုံးအဖွဲ့ ချုပ်က ပိုင်တဲ့အတွက် မြန်မာ့ရုပ်မြင်သံကြားကို အခမဲ့ပေးပါတယ်။ အခမဲ့ပေးပြီး ထုတ်လွှင့်ခွင့်ပေးလို့ နိုင်ငံတစ်ဝန်းက အခမဲ့ကြည့်ခွင့်ရတာမျိုးဖြစ်ပါတယ်။ 

မေး - နောက်ဆုံးမေးခွန်းအနေနဲ့ ပေါ့ခင်ဗျာ။ အဖွဲ့ ချုပ်ရဲ့ စီးအီးအိုတစ်ယောက်အနေနဲ့ မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက် အာမခံပြောထားချင်တဲ့အချက်က ဘာများဖြစ်မလဲ။ 
ဖြေ - အဓိက ကျွန်တော်တို့ ကြည့်နေတဲ့နေရာနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက လူငယ်ဖွံ့ ဖြိုးတိုးတက်ရေးပါ။ အကယ်ဒမီက အရင်တုန်းက ကျွန်တော်တို့ မှာ မန္တလေးတစ်ခုပဲ ရှိတယ်။ အခု ပုသိမ်ရော ရန်ကုန်ပါတိုးလာပြီ။ ဒီအကယ်ဒမီသုံးခုအရ တစ်နှစ်ကို ကစားသမား ၂၄၀ အထိ ၀င်ဆန့် လာတယ်။ ၂၄၀ အထိ ၀င်ဆန့် လာတာဖြစ်တဲ့အတွက် သက်တမ်းလေးခု ၁၁ နှစ်ကနေ ၁၆ နှစ်အထိ ထားမယ်ဆိုရင် အကယ်ဒမီအသင်းတစ်သင်းမှာ ကစားသမား ၆၀ အထိ ကျွန်တော်တို့ ထားလာနိုင်တယ်။ အရင်တုန်းက မန္တလေးအကယ်ဒမီတစ်ခုတည်းကနေ ကစားသမား ၂၅-၃၀ ဦးလောက်ထဲကနေ ၁၃ နှစ်အောက်၊ ၁၄ ၊ ၁၅ နှစ်အောက်ဆိုပြီး လက်ရွေးစင်တွေထွက်လာရတယ်။ အခုကျတော့ အယောက် ၆၀ လောက်ရှိလာမယ်။ ဒါ့အပြင် အားကစားနဲ့ ကာယပညာသိပ္ပံကနေ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် အများကြီးတိုးချဲ့ ဖွင့်လှစ်နေမှုအရ အောက်ခြေမှာ ကစားသမားရရှိမှုက အရင်ကထက်ပိုပြီးတော့ တိုးလာလိမ့်မယ်။ တိုးလာသလို ကလေးတွေရဲ့ ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာမယ်။ ဒါ့အပြင် ကလေးတွေ အတွေ့ အကြုံရစေဖို့ ဆိုပြီး ပြည်တွင်းမှာ လှည့်ပြီးကစားတယ်။ နေပြည်တော်မှာ တပ်မတော်အကယ်ဒမီ ရှိတယ်။ မန္တလေးအကယ်ဒမီ၊ ပုသိမ်အကယ်ဒမီ၊ ရန်ကုန်အကယ်ဒမီ၊ အားကာသိပ္ပံမှာပါ ခရီးတွေသွားပြီးတော့ ကစားတာတွေလုပ်လာတယ်။ နိုင်ငံတကာအတွေ့ အကြုံအတွက်လည်း ပြိုင်ပွဲတွေလွှတ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အယုဒ္ဓယကို သွားထားတယ်။ တရုတ်ပြည်က ဖိတ်တဲ့ပွဲကို သွားထားတယ်။ ကလေးတွေရဲ့ ပြုစုပျိုးထောင်မှုကို အရင်ကထက်အများကြီး လုပ်လာနိုင်တယ်။ ဒါပေမဲ့ ကလေးတွေက ယူ ၁၆ ကစားပြီးတဲ့အခါမှာ နေရှင်နယ်လိဂ်က ယူ ၁၈ အောက်ဖြစ်နေတယ်။ ဒါတွေကို နည်းစနစ်ဒါရိုက်တာက လုပ်ရမယ့်အလုပ်ဖြစ်လာတယ်။ ဒါတွေကို လေ့လာပြီးတဲ့အခါမှာ အကယ်ဒမီမှာ တစ်နှစ်ပိုထားမလား၊ နေရှင်နယ်လိဂ်က သက်တမ်းကို တစ်နှစ်ပြန်လျှော့မလား။ ကစားသမားတွေ စဉ်ဆက်မပြတ်ကစားရဖို့ တော့လိုတယ်။ အားကစားသမားတွေ တစ်နှစ်လောက် မကစားရဘူးဆိုရင် အစအဆုံး ပြန်လုပ်ရတဲ့အနေအထားကို ပြန်ရောက်သွားတယ်။ ဒီတော့ လူငယ်ပြုစုပျိုးထောင်ရေးရယ် သူ့ ရဲ့ လားရာက ကောင်းမွန်လာဖို့ အတွက်ရယ်ကို ကျွန်တော်တို့ ပြင်ဆင်နေရတယ်။ နောက်တစ်ခုကတော့ လက်ရွေးစင်အသင်းတွေ ဒါ့ထက်ပိုပြီး နိုင်ငံတကာအတွေ့ အကြုံတွေရဖို့ အတွက် ပွဲတွေများများကစားရဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ ပွဲများများကစားရဖို့ ဆိုတာမှာလည်း ကိုယ့်ထက်မြင့်တဲ့ပြိုင်ဘက်နဲ့ ကစားရဖို့ လိုတယ်။ အခုအချိန်မှာက ခြေစမ်းဖို့ ချိတ်ရတာကအစ အခက်အခဲအများကြီးတွေ့ လာရတယ်။ ကိုယ့်ထက်မြင့်တဲ့အသင်းဆိုရင် အလကားမလာတော့ဘူး။ ကြေးနည်းနည်း တောင်းလာတယ်။ အရင်တုန်းကဆိုရင် ကလပ်တွေကိုဖိတ်မှ တောင်းကြတာ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၆ ဆူဇူကီးမတိုင်ခင် အိုမန်အသင်းကို ဖိတ်တာမှာ ဒေါ်လာ ၆၀၀၀၀ လောက်ပေးရတယ်။ လေယာဉ်လက်မှတ်ခတွေ အပါအ၀င်ပေါ့။ အသားတင်ထပ်ဆောင်းပေးရတာ။ ပွဲများများ ကစားလေလေ ကစားသမားတွေရဲ့ Level က တက်လေလေပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ ကစားသမားတွေ ပြည်ပထွက်ကစားဖို့ တိုက်တွန်းတယ်။ ပြည်ပထွက်ကစားမှသာလျှင် အတွေ့ အကြုံအစုံတိုးလာပါမယ်။ အဓိကကတော့ အဲဒီအပိုင်းတွေကို ကျွန်တော်တို့ လုပ်နေပါပြီ။

အချိန်ပေး ဖြေကြားမှုအတွက် ဦးဘုန်းနိုင်ဇော်ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။