Skip to main content
ဒီဇယ္ေစ်း ဘတ္ ၃၀ ေအာက္ ထိန္းထားဖိုိ ့ ထုိင္း စြမ္းအင္မူ၀ါဒခ်မွတ္သူမ်ား ဆုံးျဖတ္
Ads Block

ဒီဇယ္ေစ်း ဘတ္ ၃၀ ေအာက္ ထိန္းထားဖိုိ ့ ထုိင္း စြမ္းအင္မူ၀ါဒခ်မွတ္သူမ်ား ဆုံးျဖတ္

လစဥ္ ကမာၻ ့ေရနံေစ်းဆက္လက္ ျမင့္တက္ေနတာေၾကာင့္ ဒီဇယ္ တစ္လီတာ လက္လီေစ်းႏႈန္း ဘတ္ ၂၉.၉၉ မွာသာ ထိန္းထားႏုိင္ေရးကုိ သူတုိ ့ရဲ ့ ထိပ္တန္း ဦးစားေပးျဖစ္အျဖစ္ စြမ္းအင္ဆုိင္ရာ မူ၀ါဒခ်မွတ္သူေတြ ဆုံးျဖတ္ခဲ့ေၾကာင္း ထုိင္း စြမ္းအင္၀န္ႀကီး စီရီဂ်ာရာပြန္ဖန္က ေျပာဆုိလုိက္ပါတယ္။ 
ဒီဇယ္ဆီဟာ ႏုိင္ငံရဲ ့သယ္ယူပုိ ့ေဆာင္ေရးစနစ္ေတြမွာ အဓိက အသုံးျပဳတဲ့ေလာင္စာဆီျဖစ္တာေၾကာင့္ ေဒသတြင္း သုံးစြဲသူေတြနဲ ့စီးပြားေရးလုပ္ငန္းေတြအေပၚ သက္ေရာက္မႈ ေလ်ာ့ပါးေစဖုိ ့ မိမိတုိ ့ရည္ရြယ္ပါေၾကာင္း ၀န္ႀကီးက ေျပာဆုိခဲ့ပါတယ္။ စြမ္းအင္ေပၚလစီ ခ်မွတ္ေရးဆုိင္ရာ ေကာ္မတီ Epac ရဲ ့အစည္းအေ၀းအၿပီး စက္တင္ဘာ ၂၉ ရက္ေန ့မွာ ၀န္ႀကီး႒ာနက ေၾကညာခဲ့တာျဖစ္ပါတယ္။ ေရနံေစ်းႏႈန္းဟာ ဇူလုိင္လကေန စက္တင္ဘာလအတြင္း တက္လုိက္ က်လုိက္ျဖစ္ေနခဲ့တာလုိ ့ မစၥတာစီရီက ေျပာဆုိပါတယ္။ ဒူဘုိင္းနဲ ့ဘရန္ ့ေရနံစိမ္းေစ်းဟာ တစ္စည္ကုိ အေမရိကန္ေဒၚလာ ၈၀ ေက်ာ္အထိ တက္လာခဲ့ပါတယ္။ ေရနံေစ်းဟာ တစ္စည္ ၈၀ နဲ ့၈၅ ေဒၚလာ အထက္မွာရွိေနမယ္လုိ ့ မူ၀ါဒခ်မွတ္သူေတြ ခန္ ့မွန္းထားပါတယ္။ 
ႏုိင္ငံ့ ေရနံရန္ပုံေငြရဲ ့ ဘတ္ဂ်က္ေထာက္ပံ့မႈကေန ဒီဇယ္လက္လီေစ်းႏႈန္းကုိ အခု လက္ရွိေစ်းအတုိင္း ထိန္းထားဖုိ ့ Epac က ေထာက္ခံအတည္ျပဳခဲ့ေၾကာင္း မစၥတာ စီရီက ေျပာဆုိပါတယ္။ ယခုႏွစ္ရဲ ့ လက္က်န္လေတြမွာ ၁ လီတာကုိ ၁ ဘတ္ႏႈန္းနဲ ့ လက္လီေစ်းႏႈန္းကုိ ေထာက္ပံ့ေပးသြားဖုိ ့အတြက္ ဘတ္ဂ်က္ ဘတ္ ၆ ဘီလီယံ ရန္ပုံေငြ ခြဲေ၀ေပးမွာျဖစ္ေၾကာင္း သိရပါတယ္။

 - ကိုလင္း (အကုန္သိသတင္းဌာန)

Ref: ဘန္ေကာက္ပုိ ့စ္ 

Unicode version

ဒီဇယ်ဈေး ဘတ် ၃၀ အောက် ထိန်းထားဖို့ ထိုင်း စွမ်းအင်မူဝါဒချမှတ်သူများ ဆုံးဖြတ်

လစဉ် ကမ္ဘာ့ရေနံဈေးဆက်လက် မြင့်တက်နေတာကြောင့် ဒီဇယ် တစ်လီတာ လက်လီဈေးနှုန်း ဘတ် ၂၉.၉၉ မှာသာ ထိန်းထားနိုင်ရေးကို သူတို့ရဲ့ ထိပ်တန်း ဦးစားပေးဖြစ်အဖြစ် စွမ်းအင်ဆိုင်ရာ မူဝါဒချမှတ်သူတွေ ဆုံးဖြတ်ခဲ့ကြောင်း ထိုင်း စွမ်းအင်ဝန်ကြီး စီရီဂျာရာပွန်ဖန်က ပြောဆိုလိုက်ပါတယ်။ 
ဒီဇယ်ဆီဟာ နိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးစနစ်တွေမှာ အဓိက အသုံးပြုတဲ့လောင်စာဆီဖြစ်တာကြောင့် ဒေသတွင်း သုံးစွဲသူတွေနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှု လျော့ပါးစေဖို့ မိမိတို့ရည်ရွယ်ပါကြောင်း ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ စွမ်းအင်ပေါ်လစီ ချမှတ်ရေးဆိုင်ရာ ကော်မတီ Epac ရဲ့အစည်းအဝေးအပြီး စက်တင်ဘာ ၂၉ ရက်နေ့မှာ ဝန်ကြီးဋ္ဌာနက ကြေညာခဲ့တာဖြစ်ပါတယ်။ ရေနံဈေးနှုန်းဟာ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း တက်လိုက် ကျလိုက်ဖြစ်နေခဲ့တာလို့ မစ္စတာစီရီက ပြောဆိုပါတယ်။ ဒူဘိုင်းနဲ့ဘရန့်ရေနံစိမ်းဈေးဟာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၈၀ ကျော်အထိ တက်လာခဲ့ပါတယ်။ ရေနံဈေးဟာ တစ်စည် ၈၀ နဲ့၈၅ ဒေါ်လာ အထက်မှာရှိနေမယ်လို့ မူဝါဒချမှတ်သူတွေ ခန့်မှန်းထားပါတယ်။ 
နိုင်ငံ့ ရေနံရန်ပုံငွေရဲ့ ဘတ်ဂျက်ထောက်ပံ့မှုကနေ ဒီဇယ်လက်လီဈေးနှုန်းကို အခု လက်ရှိဈေးအတိုင်း ထိန်းထားဖို့ Epac က ထောက်ခံအတည်ပြုခဲ့ကြောင်း မစ္စတာ စီရီက ပြောဆိုပါတယ်။ ယခုနှစ်ရဲ့ လက်ကျန်လတွေမှာ ၁ လီတာကို ၁ ဘတ်နှုန်းနဲ့ လက်လီဈေးနှုန်းကို ထောက်ပံ့ပေးသွားဖို့အတွက် ဘတ်ဂျက် ဘတ် ၆ ဘီလီယံ ရန်ပုံငွေ ခွဲဝေပေးမှာဖြစ်ကြောင်း သိရပါတယ်။

 - ကိုလင်း (အကုန်သိသတင်းဌာန)

Ref: ဘန်ကောက်ပို့စ် 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။