Skip to main content
Ads Block


စက်တင်ဘာ၂၈ ရက်က ကျင်းပသော ဧရာဝတီတိုင်ဒေသကြီး ယာဉ်အန္တရာယ်လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေး ၌ ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


Unicode version

ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေကို ၅၀ ရာခိုင်နှုန်းထိ လျော့ချမည်ဟု ဝန်ကြီးချုပ် ဦးလှမိုးအောင် ပြော

ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူများ၏ လူဦးရေကို ၅၀ ရာခိုင်နှုန်းအထိ လျော့ချသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားလိုက်သည်။
စက်တင်ဘာ၂၈ ရက်က ကျင်းပသော ဧရာဝတီတိုင်ဒေသကြီး ယာဉ်အန္တရာယ်လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေး ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်မတော်ဆမှုကြောင့် သေဆုံးသူဦးရေ ကို ၅၀ရာခိုင်နှုန်းအထိ လျော့ချရန် ယခုအစည်းအဝေးမှ ရည်ရွယ်ကြောင်း ၂၀၁၄ ခုနှစ် မှ၂၀၂၀ ပြည့်နှစ် အတွင်း လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ်ဘဏ္ဍရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့  ဘတ်ဂျက်တွင် ရန်ပုံငွေကျပ် ၇၈.၉၇၆ သန်းခွဲဝေချထားပေးသလို  မီးပွိုင့်အသစ်များကိုလည်း တပ်ဆင်ခြင်း၊ စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်းနှင့် ပညာပေးရောင်ပြန် ဗီနိုင်းဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကို လုပ်ဆောင်ပေးနေကြောင်း ဝန်ကြီးချုပ်က ပြောသည်။
၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို ပြည်သူလူထုမှ လိုက်နာရေး အတွက် အသိပညာပေးခြင်းများ၊ အရေးယူခြင်းများကို ပြုလုပ်သွားမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
လက်ရှိတွင် ယာဉ်မတော်တဆမှုကြောင့် လူသေမှုတွင် တစ်ရက်လျှင် ပျှမ်းမျှတစ်နိုင်ငံလုံး၌  ၁၂ဦးခန့်ရှိကြောင်း သိရသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။