Skip to main content
ခရမ္းတြင္ ဝန္ထမ္းမ်ား ေနထိုင္ရန္အတြက္ အိမ္ရာေဆာက္ေပးမည္ဟု ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးေျပာ
Ads Block

ခရမ္းတြင္ ဝန္ထမ္းမ်ား ေနထိုင္ရန္အတြက္ အိမ္ရာေဆာက္ေပးမည္ဟု ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးေျပာ

အ.ထ.က(၁) ခရမ္းတြင္ ဝန္ထမ္းမ်ား ေနထိုင္ရန္အတြက္ ဝန္ထမ္းအိမ္ရာကိ္ု ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္ လ်ာထား ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖဲြ႔၊ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳး က စက္တင္ဘာလ ၂၆ ရက္တြင္ ေျပာသည္။
စက္တင္ဘာလ ၂၆ ရက္တြင္ က်င္းပျပဳလုပ္သည့္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝး၌  လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းေဇာ္လတ္ က ခရမ္းၿမိဳ႕နယ္ အ.ထ.က(၁) ဝန္ထမ္းအိမ္ရာကို အသစ္ေဆာက္လုပ္ေပးရန္ အစီအစဥ္ ရွိမရွိ၊ အစီအစဥ္ရွိပါက မည္သည့္ဘ႑ာႏွစ္တြင္ တည္ေဆာက္ေပးမည္ဆိုသည့္ ေမးခြန္းႏွင့္ ပတ္သက္ျပီး  ဝန္ႀကီးက ယခုကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
’’၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္မွာ ေတာင္ပိုင္းခရိုင္ အျခားၿမိဳ႕နယ္ေတြအတြက္ လ်ာထားေဆာင္ရြက္ခဲ့ပါတယ္။ ဝန္ထမ္းအိမ္ရာ ေဆာက္လုပ္ေပးျခင္းေၾကာင့္ အျခားေဝးလံတဲ့ အရပ္ေဒသ ကေန လာေရာက္ၾကတဲ့ ဝန္ထမ္းမ်ား ေနထိုင္ဖို႔ အခက္အခဲ ရွိေနတဲ့အတြက္  ေဆာက္လုပ္ေပးျခင္းျဖစ္ပါတယ္။ အခု လႊတ္ေတာ္ကိုယ္စားလွယ္ႀကီး တင္ျပထားတဲ့ အ.ထ.က(၁) ခရမ္းမွာ လာေရာက္ တာဝန္ထမ္းေဆာင္ေနတဲ့  ဝန္ထမ္းမ်ား ေနထိုင္ရန္ အတြက္ကိုေတာ့ လာမယ့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ လ်ာထားေဆာင္ရြက္ပါမယ္ ” ဟု ဝန္ႀကီးက ေျပာသည္။

ခရမ္းတြင္ ဝန္ထမ္းမ်ား ေနထိုင္ရန္အတြက္ အိမ္ရာေဆာက္ေပးမည္ဟု ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးေျပာ

၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္တြင္ ခရမ္းၿမိဳ႕နယ္၌ ပိန္းကန္ ေပ ၆၀×----၃၀ Steel Structure တစ္ထပ္၊ ထ(ခဲြ) တမံႀကီး ေပ ၆၀×၃၀ Steel Structure တစ္ထပ္၊ အ.လ.က ေရေက်ာ္ ေပ ၆၀×၃၀ Steel Structure တစ္ထပ္၊ ထ(ခဲြ) ကင္းမြန္ျခံဳ ေပ ၉၀×၃၀ steel structure တစ္ထပ္၊ ထ(ခဲြ) က်ံဳးက်ံဳးက် ေပ ၆၀×၃၀ Steel Structure တစ္ထပ္၊ ထ(ခဲြ) ကံေကာင္းေဟာင္း ေပ ၉၀×၃၀ Steel Structure တစ္ထပ္၊ ထ(ေအာက္က်င္း) ေပ ၉၀×၃၀ Steel Structure တစ္ထပ္၊ (သကၠယ္ကုန္း) ေပ ၆၀×၃၀ RCC တစ္ထပ္တို႔ကို ဝန္ထမ္းအိမ္ရာအျဖစ္ ေဆာက္လုပ္ေပးခဲ့ေၾကာင္း သိရသည္။

 - ေအာင္သူရိန္ (အကုန္သိသတင္းဌာန)

Unicode version

ခရမ်းတွင် ဝန်ထမ်းများ နေထိုင်ရန်အတွက် အိမ်ရာဆောက်ပေးမည်ဟု ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးပြော

အ.ထ.က(၁) ခရမ်းတွင် ဝန်ထမ်းများ နေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က စက်တင်ဘာလ ၂၆ ရက်တွင် ပြောသည်။
စက်တင်ဘာလ ၂၆ ရက်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌  လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ် က ခရမ်းမြို့နယ် အ.ထ.က(၁) ဝန်ထမ်းအိမ်ရာကို အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ဆိုသည့် မေးခွန်းနှင့် ပတ်သက်ပြီး  ဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
’’၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ တောင်ပိုင်းခရိုင် အခြားမြို့နယ်တွေအတွက် လျာထားဆောင်ရွက်ခဲ့ပါတယ်။ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးခြင်းကြောင့် အခြားဝေးလံတဲ့ အရပ်ဒေသ ကနေ လာရောက်ကြတဲ့ ဝန်ထမ်းများ နေထိုင်ဖို့ အခက်အခဲ ရှိနေတဲ့အတွက်  ဆောက်လုပ်ပေးခြင်းဖြစ်ပါတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားတဲ့ အ.ထ.က(၁) ခရမ်းမှာ လာရောက် တာဝန်ထမ်းဆောင်နေတဲ့  ဝန်ထမ်းများ နေထိုင်ရန် အတွက်ကိုတော့ လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ လျာထားဆောင်ရွက်ပါမယ် ” ဟု ဝန်ကြီးက ပြောသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခရမ်းမြို့နယ်၌ ပိန်းကန် ပေ ၆၀×----၃၀ Steel Structure တစ်ထပ်၊ ထ(ခွဲ) တမံကြီး ပေ ၆၀×၃၀ Steel Structure တစ်ထပ်၊ အ.လ.က ရေကျော် ပေ ၆၀×၃၀ Steel Structure တစ်ထပ်၊ ထ(ခွဲ) ကင်းမွန်ခြုံ ပေ ၉၀×၃၀ steel structure တစ်ထပ်၊ ထ(ခွဲ) ကျုံးကျုံးကျ ပေ ၆၀×၃၀ Steel Structure တစ်ထပ်၊ ထ(ခွဲ) ကံကောင်းဟောင်း ပေ ၉၀×၃၀ Steel Structure တစ်ထပ်၊ ထ(အောက်ကျင်း) ပေ ၉၀×၃၀ Steel Structure တစ်ထပ်၊ (သက္ကယ်ကုန်း) ပေ ၆၀×၃၀ RCC တစ်ထပ်တို့ကို ဝန်ထမ်းအိမ်ရာအဖြစ် ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

  - အောင်သူရိန် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။