Skip to main content
ဘဏ္မန္ေနဂ်ာ ၁ ဦး အလုပ္ထုတ္ခံရၿပီးေနာက္ စိတ္ဓာတ္က်ကာ ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြား 
Ads Block

ဘဏ္မန္ေနဂ်ာ ၁ ဦး အလုပ္ထုတ္ခံရၿပီးေနာက္ စိတ္ဓာတ္က်ကာ ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြား 

ရန္ကုန္တုိင္းေဒသႀကီး၊ မရမ္းကုန္းၿမဳိ႕နယ္တြင္ေနထိုင္သူ အမ်ိဳးသား ၁ ဦး ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ ရန္ကုန္တုိင္းေဒသႀကီး၊ မရမ္းကုန္းၿမဳိ႕နယ္၊ ၁၀ ရပ္ကြက္၌ ေနထိုင္သူ ကိုေ၀ၿဖိဳးေအာင္၊ ၃၈ ႏွစ္သည္ စက္တင္ဘာလ ၂၃ ရက္က ေနအိမ္ရွိေရခ်ဳိးခန္းအတြင္းမွ ျပတင္းေပါက္သံပန္းကို ပုဆုိးျဖင့္ခ်ည္ေႏွာင္၍ ၾကဳိးဆြဲခ်ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသဆံုးသူ ကိုေ၀ၿဖိဳးေအာင္သည္ AGD ဘဏ္၌ အေထြေထြမန္ေနဂ်ာတစ္ဦးအျဖစ္လုပ္ကိုင္ေနသူျဖစ္ၿပီး လြန္ခဲ့ေသာ ၃ လခန္႔မွ စတင္ကာ တီဘီေရာဂါခံစားေနရသျဖင့္ ေဆးခြင့္ ၃ လတင္ကာ ကုသေနစဥ္ စက္တင္ဘာလ ၂၀ ရက္၌ ဘဏ္မွ ၀န္ထမ္းအျဖစ္ထုတ္ပယ္ေၾကာင္း အေၾကာင္းၾကားစာေရာက္ရွိ လာၿပီးေနာက္ စိတ္ဓာတ္က်ဆင္းကာ ႀကိဳးဆြဲခ်ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ေသဆံုးသူ၏ ဇနီးျဖစ္သူ တိုင္တန္းခ်က္အရ သိရသည္။ 
အဆုိပါ ျဖစ္စဥ္နွင့္ပတ္သက္၍ မရမ္းကုန္းၿမဳိ႕မရဲစခန္း၌ ေသမႈေသခင္းအမွတ္စဥ္(၁၈/၂၀၁၈)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

 - ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

Unicode version

ဘဏ်မန်နေဂျာ ၁ ဦး အလုပ်ထုတ်ခံရပြီးနောက် စိတ်ဓာတ်ကျကာ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၁၀ ရပ်ကွက်၌ နေထိုင်သူ ကိုဝေဖြိုးအောင်၊ ၃၈ နှစ်သည် စက်တင်ဘာလ ၂၃ ရက်က နေအိမ်ရှိရေချိုးခန်းအတွင်းမှ ပြတင်းပေါက်သံပန်းကို ပုဆိုးဖြင့်ချည်နှောင်၍ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ကိုဝေဖြိုးအောင်သည် AGD ဘဏ်၌ အထွေထွေမန်နေဂျာတစ်ဦးအဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး လွန်ခဲ့သော ၃ လခန့်မှ စတင်ကာ တီဘီရောဂါခံစားနေရသဖြင့် ဆေးခွင့် ၃ လတင်ကာ ကုသနေစဉ် စက်တင်ဘာလ ၂၀ ရက်၌ ဘဏ်မှ ဝန်ထမ်းအဖြစ်ထုတ်ပယ်ကြောင်း အကြောင်းကြားစာရောက်ရှိ လာပြီးနောက် စိတ်ဓာတ်ကျဆင်းကာ ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ တိုင်တန်းချက်အရ သိရသည်။ 
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၁၈/၂၀၁၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 - ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။