Skip to main content
ဘားအံေထာင္မွဴး ဦးခင္ေမာင္ဝင္းအား တာ၀န္မွရပ္ဆိုင္းကာ စစ္ေဆးေနၿပီး က်န္အက်ဥ္းသားမ်ား နယ္စပ္ ျဖတ္ေက်ာ္ လြတ္ေျမာက္မသြားေစရန္ ပိတ္ဆို႔စစ္ေဆးေန
Ads Block

Akonthi Ads

ဘားအံေထာင္မွဴး ဦးခင္ေမာင္ဝင္းအား တာ၀န္မွရပ္ဆိုင္းကာ စစ္ေဆးေနၿပီး က်န္အက်ဥ္းသားမ်ား နယ္စပ္ ျဖတ္ေက်ာ္ လြတ္ေျမာက္မသြားေစရန္ ပိတ္ဆို႔စစ္ေဆးေန

ကရင္ျပည္နယ္ ဘားအံအက်ဥ္းေထာင္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို ျပည္ထဲေရး၀န္ႀကီးဌာနလက္ေအာက္ အ က်ဥ္းဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးႏွင့္အဖြဲ႔မွ စက္တင္ဘာလ ၁၇ ရက္က စတင္ကိုင္တြယ္ေဆာင္ရြက္ေနၿပီး က်န္ရိွေနေသးသည့္ ေထာင္ေဖာက္ထြက္ေျပးသူမ်ား နယ္စပ္ျဖတ္ေက်ာ္လြတ္ေျမာက္မသြားေစရန္ ပိတ္ဆို႔ ဖမ္းဆီးႏိုင္ေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

စက္တင္ဘာ ၁၆ ရက္ နံနက္ပိုင္းတြင္ ဘားအံအက်ဥ္းေထာင္မွ  အက်ဥ္းသား ၄၁ ဦး  ေထာင္ေဖာက္ထြက္ေျပး သြားျခင္းျဖစ္ၿပီး စက္တင္ဘာ ၁၈ရက္အထိ ၂၂ ဦး ျပန္လည္ဖမ္းမိထားၿပီး အဆိုပါ ၂၂ ဦးထဲမွ ၂ဦးမွာ ေသဆံုး သြားေၾကာင္း သိရသည္။

ေထာင္ေဖာက္ထြက္ေျပးခဲ့သည့္ အက်ဥ္းသား (၄၁) ဦးတြင္ ႏွစ္ရွည္ ေထာင္ဒဏ္ႏွင့္ အျပစ္က်တရားခံေနရ သည့္ တရားခံ (၂၉) ဦးပါ၀င္ၿပီး အမႈစစ္ေဆးဆဲ အခ်ဳပ္တရားခံ (၁၂) ဦးပါဝင္ေၾကာင္း သိရသည္။

လက္ရိွတြင္ ျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီး ေအာင္ျမတ္မိုးကိုယ္တိုင္ ဦးေဆာင္ၾကပ္မတ္ကာ ထိုင္း- ျမန္မာ နယ္ စပ္ၿမိဳ႕ ျမဝတီ ႏွင့္ ဖားအံ၊ ေကာ့ကရိတ္ၿမိဳ႕ နယ္ေျမအလိုက္ ရဲတပ္ဖြဲ႔ ေဒသခံ ျပည္သူစစ္အဖြဲ႔မ်ားမွ အက်ဥ္း သားမ်ား ျပန္လည္ဖမ္းမိေရး ပိတ္ဆို႔ စစ္ေဆးရွာေဖြမႈမ်ားေဆာင္ရြက္ေနေၾကာင္း သိရသည္။

ႏွစ္ႀကီး အက်ဥ္းသားမ်ားအား ေထာင္မႀကီးဝင္း အျပင္ဘက္တြင္ အလုပ္ဘုတ္ထုတ္ခိုင္းေစခဲ့မႈေၾကာင့္ ေထာင္ မႈး ဒုတိယၫြန္ၾကားေရးမႈး ဦးခင္ေမာင္ဝင္းအား ရာထူးမွ ရပ္ဆိုင္းကာ ေထာင္တြင္း ထိမ္းသိမ္းစစ္ေဆးေမးျမန္း မႈမ်ား ျပဳလုပ္ေနၿပီး အက်ဥ္းေထာင္တာဝန္က် အရာရွိမ်ားႏွင့္ ေထာင္ဝန္ထမ္းမ်ားကိုလည္း စစ္ေဆးေမးျမန္း မႈ မ်ား ျပဳလုပ္ေနေၾကာင္း  ျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဦးေတဇထြဋ္လိႈင္ေထြးက ေျပာသည္။

ဘားအံေထာင္မွဴး ဦးခင္ေမာင္ဝင္းအား တာ၀န္မွရပ္ဆိုင္းကာ စစ္ေဆးေနၿပီး က်န္အက်ဥ္းသားမ်ား နယ္စပ္ ျဖတ္ေက်ာ္ လြတ္ေျမာက္မသြားေစရန္ ပိတ္ဆို႔စစ္ေဆးေန

“ ကၽြန္ေတာ့္အျမင္က ေထာင္အျပင္ဘုတ္ဆိုတာက ေထာင္ကလြတ္ခါနီး ၂လ၊ ၃လ ေလာက္ပဲ လိုေတာ့တဲ့ သူ ေတြကိုမွ အျပင္ဘုတ္ထုတ္ရတာ။ ေနာက္ၿပီးေတာ့ ျပစ္မႈေသးတဲ့ ေထာင္က်သူေတြကိုသာ အျပင္ဘုတ္ ထုတ္ရ တာ။ကၽြန္ေတာ္တို႔ အေတြအႀကံဳအရ ေထာင္တစ္သက္တစ္ကၽြန္း ေထာင္လြတ္ရက္မရွိတဲ့ သူေတြကိုအျပင္ ဘု တ္ ထုတ္တယ္ဆိုတာက စဥ္းစားလို႔ ေတာင္မရပါဘူး။ ခက္ပါတယ္။ တကယ္ပဲ ေထာင္စည္းကမ္းအရကေတာ့ စေန တနဂၤေႏြ ဆိုတာ အျပင္ဘုတ္ထုတ္လို႕ မရပါဘူး။ ဒါေပမဲ့ ေထာင္မွာ တာဝန္က်တဲ့သူေတြက စီးပြား ေရး အက်ိဳးကို ေမွ်ာ္ကိုးၿပီးေတာ့ အျပင္အလုပ္ေတြ လုပ္ၾကတဲ့ အခါမွာ ေထာင္သားေတြ လည္းစားရတယ္။ ဝန္ထမ္း ေတြလည္းအဆင္ေျပတယ္ဆိုတဲ့ ပုံစံမ်ိဳးေတြ လုပ္ၾကတာမ်ိဳးရွိတယ္" ဟု ဘားအံ ၈၈ ပြင့္လင္းလူ႕အဖြဲ႕အစည္း တာဝန္ခံ ကိုျမင့္ေအာင္ကလည္း ေျပာသည္။

အဆိုပါ ေတာင္ကေလးေထာင္မွ အက်ဥ္းက် ေထာင္သား ၄၁ ဦး ေထာင္ေဖာက္ထြက္ေျပးျဖစ္စဥ္အား နယ္ ေျမ ခံ တပ္မေတာ္စစ္ေၾကာင္းမ်ား၊ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား အပစ္ရပ္လက္နက္ကိုင္ အဖြဲ႕အစည္းမွ တာဝန္ရွိသူ မ်ား ရဲတပ္ဖြဲ႕ဝင္မ်ား ေဒသခံ ျပည္သူမ်ား ပူးေပါင္းကာ လိုက္လံရွာေဖြေနၾကၿပီး ေကာ့ကရိတ္ၿမိဳ႕ ျမဝတီၿမိဳ႕နယ္ စပ္ တစ္ေလွ်ာက္ ဝင္လမ္းထြက္လမ္းမ်ားတြင္ လုံၿခံဳေရးၾကပ္မတ္စစ္ေဆးလ်က္ရွိေၾကာင္း သိရသိရသည္။

 - ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

Unicode version

ဘားအံထောင်မှူး ဦးခင်မောင်ဝင်းအား တာဝန်မှရပ်ဆိုင်းကာ စစ်ဆေးနေပြီး ကျန်အကျဉ်းသားများ နယ်စပ် ဖြတ်ကျော် လွတ်မြောက်မသွားစေရန် ပိတ်ဆို့စစ်ဆေးနေ

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင် အုပ်ချုပ်ရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် အ ကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်အဖွဲ့မှ စက်တင်ဘာလ ၁၇ ရက်က စတင်ကိုင်တွယ်ဆောင်ရွက်နေပြီး ကျန်ရှိနေသေးသည့် ထောင်ဖောက်ထွက်ပြေးသူများ နယ်စပ်ဖြတ်ကျော်လွတ်မြောက်မသွားစေရန် ပိတ်ဆို့ ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဘားအံအကျဉ်းထောင်မှ  အကျဉ်းသား ၄၁ ဦး  ထောင်ဖောက်ထွက်ပြေး သွားခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ရက်အထိ ၂၂ ဦး ပြန်လည်ဖမ်းမိထားပြီး အဆိုပါ ၂၂ ဦးထဲမှ ၂ဦးမှာ သေဆုံး သွားကြောင်း သိရသည်။

ထောင်ဖောက်ထွက်ပြေးခဲ့သည့် အကျဉ်းသား (၄၁) ဦးတွင် နှစ်ရှည် ထောင်ဒဏ်နှင့် အပြစ်ကျတရားခံနေရ သည့် တရားခံ (၂၉) ဦးပါဝင်ပြီး အမှုစစ်ဆေးဆဲ အချုပ်တရားခံ (၁၂) ဦးပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးကိုယ်တိုင် ဦးဆောင်ကြပ်မတ်ကာ ထိုင်း- မြန်မာ နယ် စပ်မြို့ မြဝတီ နှင့် ဖားအံ၊ ကော့ကရိတ်မြို့ နယ်မြေအလိုက် ရဲတပ်ဖွဲ့ ဒေသခံ ပြည်သူစစ်အဖွဲ့များမှ အကျဉ်း သားများ ပြန်လည်ဖမ်းမိရေး ပိတ်ဆို့ စစ်ဆေးရှာဖွေမှုများဆောင်ရွက်နေကြောင်း သိရသည်။

နှစ်ကြီး အကျဉ်းသားများအား ထောင်မကြီးဝင်း အပြင်ဘက်တွင် အလုပ်ဘုတ်ထုတ်ခိုင်းစေခဲ့မှုကြောင့် ထောင် မှုး ဒုတိယညွန်ကြားရေးမှုး ဦးခင်မောင်ဝင်းအား ရာထူးမှ ရပ်ဆိုင်းကာ ထောင်တွင်း ထိမ်းသိမ်းစစ်ဆေးမေးမြန်း မှုများ ပြုလုပ်နေပြီး အကျဉ်းထောင်တာဝန်ကျ အရာရှိများနှင့် ထောင်ဝန်ထမ်းများကိုလည်း စစ်ဆေးမေးမြန်း မှု များ ပြုလုပ်နေကြောင်း  ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးတေဇထွဋ်လှိုင်ထွေးက ပြောသည်။

“ ကျွန်တော့်အမြင်က ထောင်အပြင်ဘုတ်ဆိုတာက ထောင်ကလွတ်ခါနီး ၂လ၊ ၃လ လောက်ပဲ လိုတော့တဲ့ သူ တွေကိုမှ အပြင်ဘုတ်ထုတ်ရတာ။ နောက်ပြီးတော့ ပြစ်မှုသေးတဲ့ ထောင်ကျသူတွေကိုသာ အပြင်ဘုတ် ထုတ်ရ တာ။ကျွန်တော်တို့ အတွေအကြုံအရ ထောင်တစ်သက်တစ်ကျွန်း ထောင်လွတ်ရက်မရှိတဲ့ သူတွေကိုအပြင် ဘု တ် ထုတ်တယ်ဆိုတာက စဉ်းစားလို့ တောင်မရပါဘူး။ ခက်ပါတယ်။ တကယ်ပဲ ထောင်စည်းကမ်းအရကတော့ စနေ တနင်္ဂနွေ ဆိုတာ အပြင်ဘုတ်ထုတ်လို့ မရပါဘူး။ ဒါပေမဲ့ ထောင်မှာ တာဝန်ကျတဲ့သူတွေက စီးပွား ရေး အကျိုးကို မျှော်ကိုးပြီးတော့ အပြင်အလုပ်တွေ လုပ်ကြတဲ့ အခါမှာ ထောင်သားတွေ လည်းစားရတယ်။ ဝန်ထမ်း တွေလည်းအဆင်ပြေတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ကြတာမျိုးရှိတယ်" ဟု ဘားအံ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ကိုမြင့်အောင်ကလည်း ပြောသည်။

အဆိုပါ တောင်ကလေးထောင်မှ အကျဉ်းကျ ထောင်သား ၄၁ ဦး ထောင်ဖောက်ထွက်ပြေးဖြစ်စဉ်အား နယ် မြေ ခံ တပ်မတော်စစ်ကြောင်းများ၊ဒေသအုပ်ချုပ်ရေးအဖွဲ့များ အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်းမှ တာဝန်ရှိသူ များ ရဲတပ်ဖွဲ့ဝင်များ ဒေသခံ ပြည်သူများ ပူးပေါင်းကာ လိုက်လံရှာဖွေနေကြပြီး ကော့ကရိတ်မြို့ မြဝတီမြို့နယ် စပ် တစ်လျှောက် ဝင်လမ်းထွက်လမ်းများတွင် လုံခြုံရေးကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသိရသည်။

 - စောဘောသိုလ်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။