Skip to main content
ဘုန္းႀကီးေက်ာင္းအတြင္း အရက္မူးၿပီးဓားျဖင့္ရမ္းကားသည့္အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီး
Ads Block

Akonthi Ads

ဘုန္းႀကီးေက်ာင္းအတြင္း အရက္မူးၿပီးဓားျဖင့္ရမ္းကားသည့္အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီး

မြန္ျပည္နယ္၊ မုဒံုၿမိဳ႕နယ္တြင္ ဘုန္းႀကီးေက်ာင္းအတြင္းအရက္မူးၿပီး ဓားျဖင့္ရမ္းကားသည့္အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။ 

ျဖစ္စဥ္မွာ စက္တင္ဘာလ ၁၈ ရက္(ယေန႔)နံနက္ ၁၁ နာရီခန္႔က မုဒံုၿမိဳ႕၊ ကန္ႀကီးဘုရားေက်ာင္း ဘုန္းႀကီးေက်ာင္းဝင္းအတြင္း၌ သီတင္းသံုးလ်က္ရွိေသာ ဦးစႏၵပါလ(သက္ေတာ္ ၆၃ ႏွစ္၊ ၆ ၀ါ)ႏွင့္ ဦးေသာပိတ(သက္ေတာ္ ၅၁ ႏွစ္၊ ၁၁ ၀ါ)ဘုန္းႀကီးႏွစ္ပါးက ေက်ာင္း၀င္းအတြင္း၀င္ထြက္သြားလာေလ့ရွိၿပီး သိကြ်မ္းခင္မင္ေသာ ၿမိဳ႕မ(၂)ရပ္ကြက္ေန ထြန္းထြန္းဦး(၃၅)ႏွစ္အား ဘုန္းႀကီးေက်ာင္းျပဳျပင္ရန္အလို႔ငွာ ဘိလပ္ေျမႏွင့္ ပစၥည္းအခ်ိဳ႕ဝယ္ေပးရန္ ပုိက္ဆံေပးလုိက္သည္ဟု သိရသည္။

သို႔ေၾကာင့္ ထြန္းထြန္းဦး(၃၅)ႏွစ္မွာ ၿမိဳ႕ထဲသို႔ထြက္သြားၿပီးခဏအၾကာတြင္ ေက်ာင္းအတြင္းသို႔အရက္မူး၍ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ဘုန္းႀကီးႏွစ္ပါးေပးလိုက္ေသာ ပိုက္ဆံက်ေပ်ာက္သြားေၾကာင္း ေျပာဆိုသည့္အျပင္ ေက်ာင္းေအာက္မွေအာ္ဟစ္ကာဆရာေတာ္မ်ားအားစိန္ေခၚၿပီးေနာက္ ေက်ာင္းေဆာင္ေပၚသို႔ေျပးတက္သြားကာ ဓားမတစ္ေခ်ာင္းကိုင္ေဆာင္လ်က္ျပန္ဆင္းလာၿပီး ဆရာေတာ္ႏွစ္ပါးကို ၿခိမ္းေျခာက္ေျပာဆိုကာ ေအာက္ၾကမ္းျပင္သို႔ ၀မ္းလ်ားေမွာက္ေနရန္ ႀကိမ္းေမာင္းေျပာဆိုခဲ့သည္ဟု ရဲမွတ္တမ္းအရ သိရသည္။

ဘုန္းႀကီးေက်ာင္းအတြင္း အရက္မူးၿပီးဓားျဖင့္ရမ္းကားသည့္အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီး

ထိုျဖစ္စဥ္အခ်င္းအရာကို ျမင္ေတြ႔လ်က္ရွိေသာဘုန္းႀကီးတစ္ပါး၏ အေၾကာင္းၾကားမႈေၾကာင့္ မုဒံုၿမိဳ႕မ ရဲတပ္ဖြဲ႔၀င္မ်ား ေရာက္ရွိလာခဲ့ကာ ထြန္းထြန္းဦး(၃၅)ႏွစ္အား လက္နက္ခ်ရန္ စည္းရံုး ေျပာဆိုခဲ့ေသာ္လည္း နာခံမႈမရွိသည့္အျပင္ တပ္ဖြဲ႔၀င္မ်ားကိုပါဓားမျဖင့္ ျပန္လည္ရန္ျပဳသည့္အတြက္ ျပန္လည္ခုခံပိုင္ခြင့္ကို အသံုးခ်ကာ ဗို႔ေျပာင္းေခ်ာေသနတ္ျဖင့္ခါးေအာက္ပိုင္းကိုပစ္ခတ္၍ လံုးေထြး ဖမ္းဆီးလိုက္ရေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ထိုသို႔ ျပစ္မႈက်ဴးလြန္သူအားအရွင္ဖမ္းဆီးႏိုင္ခဲ့ေသာ္လည္း တပ္ဖြဲ႔၀င္ ၃ ဦးထိခိုက္ဒဏ္ရာမ်ားရရွိသြားသည့္ အျပင္ ထြန္းထြန္းဦး(၃၅)ႏွစ္၏ ဘယ္ေပါင္ရင္း၌ထိမွန္ဒဏ္ရာ ၆ ခ်က္ႏွင့္နဖူးတြင္ျပတ္ရွဒဏ္ရာတို႔ ရရွိသြားခဲ့သျဖင့္ မုးဒံုေဆးရံုသို႔ဒဏ္ရာရရွိသူမ်ားအားလံုးကို ပို႔ေဆာင္ေပးခဲ့သည္ဟု သိရသည္။

ဘုန္းႀကီးေက်ာင္းအတြင္း အရက္မူးၿပီးဓားျဖင့္ရမ္းကားသည့္အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီး

ထို႔ေၾကာင့္ ယင္းျဖစ္စဥ္အေၾကာင္းရင္းကို မုဒံုၿမိဳ႕မရဲစခန္းကစစ္ေဆးစံုစမ္းလ်က္ရွိကာ ထြန္းထြန္းဦး၊ (၃၅)ႏွစ္အား တည္ဆဲဥပေဒအတိုင္း အမႈဖြင့္ရန္စီစဥ္ေဆာင္ရြက္လ်က္ရွိသည္။

 - ဒါးဇ(အကုန္သိသတင္းဌာန)

ဓာတ္ပံု - အမႊာညီေနာင္

Unicode version

ဘုန်းကြီးကျောင်းအတွင်း အရက်မူးပြီးဓားဖြင့်ရမ်းကားသည့်အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်းအရက်မူးပြီး ဓားဖြင့်ရမ်းကားသည့်အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၈ ရက်(ယနေ့)နံနက် ၁၁ နာရီခန့်က မုဒုံမြို့၊ ကန်ကြီးဘုရားကျောင်း ဘုန်းကြီးကျောင်းဝင်းအတွင်း၌ သီတင်းသုံးလျက်ရှိသော ဦးစန္ဒပါလ(သက်တော် ၆၃ နှစ်၊ ၆ ဝါ)နှင့် ဦးသောပိတ(သက်တော် ၅၁ နှစ်၊ ၁၁ ဝါ)ဘုန်းကြီးနှစ်ပါးက ကျောင်းဝင်းအတွင်းဝင်ထွက်သွားလာလေ့ရှိပြီး သိကျွမ်းခင်မင်သော မြို့မ(၂)ရပ်ကွက်နေ ထွန်းထွန်းဦး(၃၅)နှစ်အား ဘုန်းကြီးကျောင်းပြုပြင်ရန်အလို့ငှာ ဘိလပ်မြေနှင့် ပစ္စည်းအချို့ဝယ်ပေးရန် ပိုက်ဆံပေးလိုက်သည်ဟု သိရသည်။

ဘုန်းကြီးကျောင်းအတွင်း အရက်မူးပြီးဓားဖြင့်ရမ်းကားသည့်အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

သို့ကြောင့် ထွန်းထွန်းဦး(၃၅)နှစ်မှာ မြို့ထဲသို့ထွက်သွားပြီးခဏအကြာတွင် ကျောင်းအတွင်းသို့အရက်မူး၍ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဘုန်းကြီးနှစ်ပါးပေးလိုက်သော ပိုက်ဆံကျပျောက်သွားကြောင်း ပြောဆိုသည့်အပြင် ကျောင်းအောက်မှအော်ဟစ်ကာဆရာတော်များအားစိန်ခေါ်ပြီးနောက် ကျောင်းဆောင်ပေါ်သို့ပြေးတက်သွားကာ ဓားမတစ်ချောင်းကိုင်ဆောင်လျက်ပြန်ဆင်းလာပြီး ဆရာတော်နှစ်ပါးကို ခြိမ်းခြောက်ပြောဆိုကာ အောက်ကြမ်းပြင်သို့ ဝမ်းလျားမှောက်နေရန် ကြိမ်းမောင်းပြောဆိုခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ထိုဖြစ်စဉ်အချင်းအရာကို မြင်တွေ့လျက်ရှိသောဘုန်းကြီးတစ်ပါး၏ အကြောင်းကြားမှုကြောင့် မုဒုံမြို့မ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကာ ထွန်းထွန်းဦး(၃၅)နှစ်အား လက်နက်ချရန် စည်းရုံး ပြောဆိုခဲ့သော်လည်း နာခံမှုမရှိသည့်အပြင် တပ်ဖွဲ့ဝင်များကိုပါဓားမဖြင့် ပြန်လည်ရန်ပြုသည့်အတွက် ပြန်လည်ခုခံပိုင်ခွင့်ကို အသုံးချကာ ဗို့ပြောင်းချောသေနတ်ဖြင့်ခါးအောက်ပိုင်းကိုပစ်ခတ်၍ လုံးထွေး ဖမ်းဆီးလိုက်ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့ ပြစ်မှုကျူးလွန်သူအားအရှင်ဖမ်းဆီးနိုင်ခဲ့သော်လည်း တပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာများရရှိသွားသည့် အပြင် ထွန်းထွန်းဦး(၃၅)နှစ်၏ ဘယ်ပေါင်ရင်း၌ထိမှန်ဒဏ်ရာ ၆ ချက်နှင့်နဖူးတွင်ပြတ်ရှဒဏ်ရာတို့ ရရှိသွားခဲ့သဖြင့် မုးဒုံဆေးရုံသို့ဒဏ်ရာရရှိသူများအားလုံးကို ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ယင်းဖြစ်စဉ်အကြောင်းရင်းကို မုဒုံမြို့မရဲစခန်းကစစ်ဆေးစုံစမ်းလျက်ရှိကာ ထွန်းထွန်းဦး၊ (၃၅)နှစ်အား တည်ဆဲဥပဒေအတိုင်း အမှုဖွင့်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 - ဒါးဇ(အကုန်သိသတင်းဌာန)

ဓာတ်ပုံ - အမွှာညီနောင်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။