Skip to main content
နဴကလီးယားအေရးေဆြးေႏြးဖို႔ ေတာင္ကုိရီးယားသမၼတ ေျမာက္ကိုရီးယားသို႔ ေရာက္ရိွေန 
Ads Block

နဴကလီးယားအေရးေဆြးေႏြးဖို႔ ေတာင္ကုိရီးယားသမၼတ ေျမာက္ကိုရီးယားသို႔ ေရာက္ရိွေန 

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္နဲ႔ ေတာင္ကိုရီးယားသမၼတ မြန္ေဂ်းအင္တို႔ ႏ်ဴကလီးယား လက္နက္ဖ်က္သိမ္းေရး ညွိႏႈိင္းေဆြးေႏြးမႈေတြ ေနွာင္႔ေနွး ၾကန္႔ၾကာေနတာေတြကို အဓိကထားေဆြးေႏြး ဖို႔အတြက္ ေျမာက္ကိုရီးယားနိုင္ငံ ၿမိဳ႕ေတာ္ျပံဳယမ္းမွာ ေတြ႔ဆံုေဆြးေႏြးၾကေတာ႔မွာ ျဖစ္ပါတယ္။

ေျမာက္ကုိရီးယားက ဒီႏွစ္အစပုိင္းကတည္းက ေတာင္ကုိရီးယား၊ အေမရိကန္နိုင္ငံတို႔နဲ႔ ေမွ်ာ္လင္႔မထားဘဲ ေတြ႔ဆံုေဆြးေႏြးမႈ လမ္းေၾကာင္း တစ္ရပ္ကုိ စတင္လုပ္ေဆာင္ခဲ႔ပါတယ္။ နဴကလီးယားစြန္႔လႊတ္ေရးနဲ႔ ပတ္သက္ၿပီး ေျမာက္ကုိရီးယားနဲ႔ အေမရိကန္တို႔ဟာ အလြန္ေယဘုယ်က်တဲ႔ ရည္ရြယ္ခ်က္မ်ား အေပၚမွာသာ သေဘာတူညီမႈရထားျပီး ေဆြးေႏြးမႈေတြကလည္း ေရွ႕မတုိးေနာက္မဆုတ္ အေျခအေနျဖစ္ေနပါတယ္။

နဴကလီးယားအေရးေဆြးေႏြးဖို႔ ေတာင္ကုိရီးယားသမၼတ ေျမာက္ကိုရီးယားသို႔ ေရာက္ရိွေန 

ဒီလို မတိုးသာ မဆုတ္သာအေျခအေနမွာ ကိုရီးယားနွစ္နိုင္ငံ ဆက္ဆံေရးတိုးျမင္႔ဖို႔အျပင္ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားအၾကားမွာ ေတာင္ကုိရီးယားနိုင္ငံက အဓိကက်တဲ႔ ၾကားဝင္ေစ့စပ္မႈလုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယားသမၼတ မြန္ေဂ်းအင္က ေမွ်ာ္လင္႔ေနပါတယ္။ ေတာင္ကုိရီးယားသမၼတ မြန္ေဂ်းအင္နဲ႔ ဇနီးကင္ေဂ်ာင္ဆြတ္တုိ႔ဟာ သံုးရက္ၾကာခရီးစဥ္အတြက္ စက္တင္ဘာ၁၈ ရက္မနက္ပုိင္းမွာ ေျမာက္ကုိရီးယားသုိ႔ ေရာက္ရွိေနျပီျဖစ္ပါတယ္။ 

ေျမာက္ကုိရီးယား ေခါင္းေဆာင္ကင္ဂ်ံဳအန္နဲ႔ ဇနီးျဖစ္သူတုိ႔က ေတာင္ကုိရီးယားသမၼတနဲ႔ ဇနီးျဖစ္သူတုိ႔ ေလယာဥ္ေပၚမွ ဆင္းလာစဥ္ ရင္းႏွီးေႏြးေထြးစြာ ၾကိဳဆုိခဲ့ၾကပါတယ္။ ဒီခရီးစဥ္ဟာ ဆယ္စုနွစ္တစ္ခုအတြင္း ေတာင္ကိုရီးယားေခါင္းေဆာင္တစ္ဦးရဲ႕ ေျမာက္ကိုရီးယားနိုင္ငံရဲ႕ ၿမိဳ႕ေတာ္ကို သြားေရာက္ခဲ႔တဲ႔ ပထမဆံုးခရီးစဥ္ျဖစ္ပါတယ္။ နွစ္နိုင္ငံေခါင္းေဆာင္ေတြဟာ ကိုရီးယားကြ်န္းဆြယ္မွာ နဴကလီးယားၿခိမ္းေျခာက္မႈ ေလွ်ာ႔ခ်ဖို႔အတြက္ လက္ေတြ႔က်တဲ႔ လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးနိုင္ဖြယ္ ရိွပါတယ္။

 - ညီဘြား (အကုန္သိ သတင္းဌာန)

Unicode version

နူကလီးယားအရေးဆွေးနွေးဖို့ တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားသို့ ရောက်ရှိနေ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေ နှောင့်နှေး ကြန့်ကြာနေတာတွေကို အဓိကထားဆွေးနွေး ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းမှာ တွေ့ဆုံဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဒီနှစ်အစပိုင်းကတည်းက တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နဲ့ မျှော်လင့်မထားဘဲ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်း တစ်ရပ်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ နူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ အလွန်ယေဘုယျကျတဲ့ ရည်ရွယ်ချက်များ အပေါ်မှာသာ သဘောတူညီမှုရထားပြီး ဆွေးနွေးမှုတွေကလည်း ရှေ့မတိုးနောက်မဆုတ် အခြေအနေဖြစ်နေပါတယ်။ ဒီလို မတိုးသာ မဆုတ်သာအခြေအနေမှာ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးတိုးမြင့်ဖို့အပြင် အမေရိကန်နဲ့ မြောက်ကိုရီးယားအကြားမှာ တောင်ကိုရီးယားနိုင်ငံက အဓိကကျတဲ့ ကြားဝင်စေ့စပ်မှုလုပ်ဆောင်ဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က မျှော်လင့်နေပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နဲ့ ဇနီးကင်ဂျောင်ဆွတ်တို့ဟာ သုံးရက်ကြာခရီးစဉ်အတွက် စက်တင်ဘာ၁၈ ရက်မနက်ပိုင်းမှာ မြောက်ကိုရီးယားသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ 

မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်နဲ့ ဇနီးဖြစ်သူတို့က တောင်ကိုရီးယားသမ္မတနဲ့ ဇနီးဖြစ်သူတို့ လေယာဉ်ပေါ်မှ ဆင်းလာစဉ် ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ ဆယ်စုနှစ်တစ်ခုအတွင်း တောင်ကိုရီးယားခေါင်းဆောင်တစ်ဦးရဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ကို သွားရောက်ခဲ့တဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ကိုရီးယားကျွန်းဆွယ်မှာ နူကလီးယားခြိမ်းခြောက်မှု လျှော့ချဖို့အတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖွယ် ရှိပါတယ်။

 - ညီဘွား (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။