Skip to main content
လႊတ္ေတာ္အတြင္းရွိ ၂၅ ရာခုိင္နႈန္းသည္ တပ္မေတာ္ေနရာမဟုတ္၍ အေႏွးႏွင့္အျမန္ ျပန္လည္ ထြက္ခြာရမည္ဟု တစညပါတီ ေျပာ 
Ads Block

လႊတ္ေတာ္အတြင္းရွိ ၂၅ ရာခုိင္နႈန္းသည္ တပ္မေတာ္ေနရာမဟုတ္၍ အေႏွးႏွင့္အျမန္ ျပန္လည္ ထြက္ခြာရမည္ဟု တစညပါတီ ေျပာ 

လႊတ္ေတာ္  အတြင္းရွိ တပ္မေတာ္သားကုိယ္စားလွယ္ မ်ားပါ၀င္သည့္ ၂၅ရာခုိင္နႈန္းသည္ တပ္မေတာ္ေနရာ မဟုတ္၍ အေႏွးႏွင့္ အျမန္ ျပန္လည္ထြက္ခြာရမည္ဟု တုိင္းရင္းသားစည္းလုံးညီညြတ္ေရးပါတီမွ ဒုဥကၠ႒ ဦးဟန္ေရႊ က စက္တင္ဘာ ၁၈ ရက္တြင္ အကုန္သိသတင္းဌာနကို ေျပာသည္။

ဖြဲ႔စည္းပုံအေျခခံဥပေဒ ပုဒ္မ၁၀၉ ခ တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဥပေဒႏွင့္အညီ အမည္စာရင္းတင္သြင္းသည့္ ၁၁၀ဦးထက္မပုိေသာ တပ္မေတာ္သားျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္မ်ားဟူ၍ ေဖာ္ျပပါရွိသည္။

’’လက္ရွိဖြဲ႔စည္းပုံ အေျခခံဥပေဒအရ တပ္မေတာ္သည္ အုပ္ခ်ဳပ္ေရးမ႑ိုဳင္ ကုိ ၀င္လုိ႔မရဘူး။ ႏုိင္ငံေတာ္အၾကီးအကဲသည္ ႏုိင္ငံေတာ္သမၼတျဖစ္တယ္။ တစ္ခုေတာ့ရွိတာေပါ့ေလ။ ျပည္နယ္နဲ႔တုိင္းက နယ္လုံ၀န္ႀကီးေတြ ဒါကလည္း ဖြဲ႔စည္းပုံအေျခခံဥပေဒက လႊမ္းမုိးထားတာ ကြ်န္ေတာ္တုိ႔လည္း သိပါတယ္။ သုိ႔ေသာ္ ဒီမုိကေရစီလက္ထက္မွာ အစုိးရ လည္းရွိတယ္။ အာဏာ သိမ္းတဲ့ပုံစံမ်ဳိး လက္မခံဘူးဆုိတာ ဟုိးအရင္ကတည္းက ကၽြန္ေတာ္တုိ႔ပါတီ သေဘာထားရွိတယ္။ အခုလည္း ဖြဲ႔စည္းပုံ အေျခခံဥပေဒအရ ၂၅ ရာခုိင္နႈန္းေသာ တပ္မေတာ္သားကုိယ္စားလွယ္ေတြရွိေနေသးတာေပါ့။ ဒါကလည္းသူ႔ေနရာ မဟုတ္ဘူးေလ။အေႏွးနဲ႔အျမန္ အျမန္ဆုံးထြက္ခြာရမွာပဲ ။တစ္ခုေတာ့ ရွိတာေပါ့။ခ်က္ခ်င္းႀကီး သစ္စိမ္းခ်ဳိး ခ်ဳိးသလုိ ဒီလုိလုပ္လုိ႔ေတာ့ မရဘူး။ တစ္စထက္တစ္စ ေလ်ာ့နည္းေအာင္ သူ႔ေနရာ သူျပန္ေရာက္ေအာင္ ဒီလုိပဲ လုပ္သြားရမယ္’’ဟု ဦးဟန္ေရႊက ေျပာသည္။

တပ္မေတာ္သည္ ထာ၀ရၿငိမ္းခ်မ္းေရးႏွင့္ ပါတီစံုဒီကေရစီစနစ္ကုိ ယုံၾကည္ေဖာ္ေဆာင္ေနေၾကာင္း ဒုတိယဗုိလ္ခ်ဳပ္ႀကီးရာျပည့္က လည္း ေျပာၾကားထားသည္။ ၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပုံအေျခခံဥပေဒ ႏုိင္ငံေတာ္၏ အေျခခံမူမ်ား အခန္း ၁ ပုဒ္မ ၆ စလုံးတြင္ ႏုိင္ငံေတာ္၏ အမ်ဳိးသားႏုိင္ငံေရး ဦးေဆာင္မႈ အခန္းက႑ ၌ တပ္မေတာ္က ပါ၀င္ထမ္းေဆာင္ႏုိင္ေရးတုိ႔ကုိ အစဥ္တစုိက္ ဦးတည္သည္ဟု ျပဌာန္းထားေၾကာင္း သိရသည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

လွှတ်တော်အတွင်းရှိ ၂၅ ရာခိုင်နှုန်းသည် တပ်မတော်နေရာမဟုတ်၍ အနှေးနှင့်အမြန် ပြန်လည် ထွက်ခွာရမည်ဟု တစညပါတီ ပြော 

လွှတ်တော်  အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ် များပါဝင်သည့် ၂၅ရာခိုင်နှုန်းသည် တပ်မတော်နေရာ မဟုတ်၍ အနှေးနှင့် အမြန် ပြန်လည်ထွက်ခွာရမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေ က စက်တင်ဘာ ၁၈ ရက်တွင် အကုန်သိသတင်းဌာနကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၀၉ ခ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ဦးထက်မပိုသော တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟူ၍ ဖော်ပြပါရှိသည်။

’’လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် အုပ်ချုပ်ရေးမဏ္ဍိုုင် ကို ဝင်လို့မရဘူး။ နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်တယ်။ တစ်ခုတော့ရှိတာပေါ့လေ။ ပြည်နယ်နဲ့တိုင်းက နယ်လုံဝန်ကြီးတွေ ဒါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက လွှမ်းမိုးထားတာ ကျွန်တော်တို့လည်း သိပါတယ်။ သို့သော် ဒီမိုကရေစီလက်ထက်မှာ အစိုးရ လည်းရှိတယ်။ အာဏာ သိမ်းတဲ့ပုံစံမျိုး လက်မခံဘူးဆိုတာ ဟိုးအရင်ကတည်းက ကျွန်တော်တို့ပါတီ သဘောထားရှိတယ်။ အခုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေရှိနေသေးတာပေါ့။ ဒါကလည်းသူ့နေရာ မဟုတ်ဘူးလေ။အနှေးနဲ့အမြန် အမြန်ဆုံးထွက်ခွာရမှာပဲ ။တစ်ခုတော့ ရှိတာပေါ့။ချက်ချင်းကြီး သစ်စိမ်းချိုး ချိုးသလို ဒီလိုလုပ်လို့တော့ မရဘူး။ တစ်စထက်တစ်စ လျော့နည်းအောင် သူ့နေရာ သူပြန်ရောက်အောင် ဒီလိုပဲ လုပ်သွားရမယ်’’ဟု ဦးဟန်ရွှေက ပြောသည်။

တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးနှင့် ပါတီစုံဒီကရေစီစနစ်ကို ယုံကြည်ဖော်ဆောင်နေကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လည်း ပြောကြားထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်၏ အခြေခံမူများ အခန်း ၁ ပုဒ်မ ၆ စလုံးတွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ၌ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။