Skip to main content
ဆီးရီးယားမွာ အစၥေရးက ေလေၾကာင္းတုိက္ခုိက္ေနခဲ့စဥ္ ရုရွားစစ္ေလယာဥ္တစ္စင္း ေပ်ာက္ဆုံး၊ ေလယာဥ္ပစ္အေျမာက္နဲ ့ မွားယြင္းပစ္ခ်မိျခင္း ျဖစ္ႏုိင္ဟု အေမရိကန္ေျပာ 
Ads Block

ဆီးရီးယားမွာ အစၥေရးက ေလေၾကာင္းတုိက္ခုိက္ေနခဲ့စဥ္ ရုရွားစစ္ေလယာဥ္တစ္စင္း ေပ်ာက္ဆုံး၊ ေလယာဥ္ပစ္အေျမာက္နဲ ့ မွားယြင္းပစ္ခ်မိျခင္း ျဖစ္ႏုိင္ဟု အေမရိကန္ေျပာ 

ဆီရီးယားႏုိင္ငံတြင္းက ပစ္မွတ္ေတြကုိ အစၥေရးနဲ ့ျပင္သစ္တုိ ့က ေလေၾကာင္းတုိက္ခုိက္မႈေတြ လုပ္ေနခဲ့ခ်ိန္ ဆီးရီးယားေ၀ဟင္ ပ်ံသန္းေနတဲ့ လူ ၁၄ ပါ ရုရွားစစ္ေလယာဥ္တစ္စင္း ေရဒါကေန ေပ်ာက္ကြယ္သြားခဲ့ေၾကာင္း ရုရွားကာကြယ္ေရး ၀န္ႀကီး႒ာနက အဂၤါေန ့မွာ ေျပာဆိုလုိက္ပါတယ္။ 

အေမရိကန္အရာရွိတစ္ဦးကေတာ့  Il-20 အမ်ဳိးအစား ကင္းေထာက္ေလယာဥ္ကုိ ေမာ္စကုိရဲ ့မဟာမိတ္ ဆီးရီးယားအစုိးရ ေလယာဥ္ပစ္အေျမာက္က မေတာ္တဆ ပစ္ခ်မိခဲ့တာလုိ ့ ၀ါရွင္တန္က ယူဆေၾကာင္း ဆုိခဲ့ပါတယ္။ ဆီးရီးယားႏုိင္ငံ လာတာကီးယားဆိပ္ကမ္းၿမိဳ ့က ရုရွားအေျခစုိက္စခန္းကုိ ျပန္လာေနတဲ့ Il-20 ေလယာဥ္ ေပ်ာက္ဆုံးသြားခ်ိန္ဟာ ရန္သူ ့ ဒုံးက်ည္ေတြ ပစ္ခတ္ေနခဲ့ခ်ိန္နဲ ့ဆီရီးယားရဲ ့ ဒုံးက်ည္ကာကြယ္ေရးလက္နက္ေတြက တုံ ့့ျပန္ပစ္ခတ္ေနခ်ိန္မွာျဖစ္ေၾကာင္း ဆီးရီးယားႏုိင္ငံပုိင္ သတင္း႒ာနက ေဖာ္ျပခဲ့ပါတယ္။ 

တနလၤာေန ့ ေမာ္စကုိ စံေတာ္ခ်ိန္ ည ၁၁ နာရီေလာက္မွာ လာတာကီးယားျပည္နယ္က ရုရွားေလတပ္အေျခစုိက္စခန္း Hmeymim ကုိ ေလယာဥ္ ျပန္လာေနစဥ္ ေရဒါျမင္ကြင္းကေန ေပ်ာက္ကြယ္သြားတာျဖစ္ေၾကာင္း ရုရွားကာကြယ္ေရး၀န္ႀကီး႒ာနက ေျပာဆုိပါတယ္။ ေလယာဥ္ဟာ ဆီးရီးယားကမ္းရုိးတမ္းမွ မုိင္ ၂၀ အကြာ ေျမထဲပင္လယ္ ေ၀ဟင္မွာ ရွိေနခဲ့တာျဖစ္ေၾကာင္းလည္း ၀န္ႀကီး႒ာနက ထုတ္ျပန္ပါတယ္။

ဆီးရီးယားမွာ အစၥေရးက ေလေၾကာင္းတုိက္ခုိက္ေနခဲ့စဥ္ ရုရွားစစ္ေလယာဥ္တစ္စင္း ေပ်ာက္ဆုံး၊ ေလယာဥ္ပစ္အေျမာက္နဲ ့ မွားယြင္းပစ္ခ်မိျခင္း ျဖစ္ႏုိင္ဟု အေမရိကန္ေျပာ 

“လာတာကီးရီးယားျပည္နယ္က ဆီးရီးယားအစုိးရ အေဆာက္အအုံေတြကုိ အစၥေရး F-16 ဂ်က္ေလယာဥ္ေတြက တုိက္ခုိက္ေနစဥ္အေတာအတြင္း ပ်ံသန္းမႈထိန္းခ်ဳပ္ေရး ေရဒါေပၚကေန Il-20 ေပ်ာက္ကြယ္သြားခဲ့တာပါ” လုိ ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ယင္း အခ်ိန္အေတာအတြင္း ေဒသတြင္းမွာ ေရာက္ရွိေနတဲ့ ျပင္သစ္ ဖရီးဂိတ္စစ္သေဘၤာတစ္စင္းက ေရာ့ကက္ပစ္ခတ္မႈေတြ လုပ္ခဲ့တာကုိလည္း ရုရွား ေလေၾကာင္းထိန္းခ်ဳပ္ေရး ေရဒါေတြက စစ္ေဆးေတြ ့ရွိခဲ့တယ္လုိ ့ ဆုိခဲ့ပါတယ္။ ေပ်ာက္ဆုံးသြားတဲ့ ေလယာဥ္ေပၚပါ လူ ၁၄ ဦးရဲ ့ကံၾကမၼာကုိ မသိရေသးေၾကာင္းနဲ ့ ရွာေဖြကယ္ဆယ္ေရးအဖြဲ ့ေလတပ္အေျခစုိက္စခန္းကေန ထြက္ခြာသြားၿပီျဖစ္ေၾကာင္း ရုရွားကာကြယ္ေရး ၀န္ႀကီး႒ာနက ေျပာဆုိခဲ့ပါတယ္။

 - ကိုလင္း (အကုန္သိသတင္းဌာန)

Unicode version

ဆီးရီးယားမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်နေခဲ့စဉ် ရုရှားစစ်လေယာဉ်တစ်စင်း ပျောက်ဆုံး၊ လေယာဉ်ပစ်အမြောက်နဲ့ မှားယွင်းပစ်ချမိခြင်း ဖြစ်နိုင်ဟု အမေရိကန်ပြော 

ဆီရီးယားနိုင်ငံတွင်းက ပစ်မှတ်တွေကို အစ္စရေးနဲ့ပြင်သစ်တို့က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေခဲ့ချိန် ဆီးရီးယားဝေဟင် ပျံသန်းနေတဲ့ လူ ၁၄ ပါ ရုရှားစစ်လေယာဉ်တစ်စင်း ရေဒါကနေ ပျောက်ကွယ်သွားခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဋ္ဌာနက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ 

အမေရိကန်အရာရှိတစ်ဦးကတော့  Il-20 အမျိုးအစား ကင်းထောက်လေယာဉ်ကို မော်စကိုရဲ့မဟာမိတ် ဆီးရီးယားအစိုးရ လေယာဉ်ပစ်အမြောက်က မတော်တဆ ပစ်ချမိခဲ့တာလို့ ဝါရှင်တန်က ယူဆကြောင်း ဆိုခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ လာတာကီးယားဆိပ်ကမ်းမြို့က ရုရှားအခြေစိုက်စခန်းကို ပြန်လာနေတဲ့ Il-20 လေယာဉ် ပျောက်ဆုံးသွားချိန်ဟာ ရန်သူ့ ဒုံးကျည်တွေ ပစ်ခတ်နေခဲ့ချိန်နဲ့ဆီရီးယားရဲ့ ဒုံးကျည်ကာကွယ်ရေးလက်နက်တွေက တုံ့ပြန်ပစ်ခတ်နေချိန်မှာဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။ 

တနင်္လာနေ့ မော်စကို စံတော်ချိန် ည ၁၁ နာရီလောက်မှာ လာတာကီးယားပြည်နယ်က ရုရှားလေတပ်အခြေစိုက်စခန်း Hmeymim ကို လေယာဉ် ပြန်လာနေစဉ် ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်သွားတာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။ လေယာဉ်ဟာ ဆီးရီးယားကမ်းရိုးတမ်းမှ မိုင် ၂၀ အကွာ မြေထဲပင်လယ် ဝေဟင်မှာ ရှိနေခဲ့တာဖြစ်ကြောင်းလည်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပါတယ်။

“လာတာကီးရီးယားပြည်နယ်က ဆီးရီးယားအစိုးရ အဆောက်အအုံတွေကို အစ္စရေး F-16 ဂျက်လေယာဉ်တွေက တိုက်ခိုက်နေစဉ်အတောအတွင်း ပျံသန်းမှုထိန်းချုပ်ရေး ရေဒါပေါ်ကနေ Il-20 ပျောက်ကွယ်သွားခဲ့တာပါ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ယင်း အချိန်အတောအတွင်း ဒေသတွင်းမှာ ရောက်ရှိနေတဲ့ ပြင်သစ် ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းက ရော့ကက်ပစ်ခတ်မှုတွေ လုပ်ခဲ့တာကိုလည်း ရုရှား လေကြောင်းထိန်းချုပ်ရေး ရေဒါတွေက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ လေယာဉ်ပေါ်ပါ လူ ၁၄ ဦးရဲ့ကံကြမ္မာကို မသိရသေးကြောင်းနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့လေတပ်အခြေစိုက်စခန်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

 - ကိုလင်း (အကုန်သိသတင်းဌာန)

Ref: Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။