Skip to main content
အထည္ခ်ဳပ္လုပ္ငန္းမ်ားအၾကား အျငင္းပြားမႈမ်ားေၾကာင္႔ ႏိုင္ငံ့ပံုရိပ္ကိုထိခိုက္ၿပီး စီးပြားေရးက်ဆင္းလာဟုဆို
Ads Block

Akonthi Ads

အထည္ခ်ဳပ္လုပ္ငန္းမ်ားအၾကား အျငင္းပြားမႈမ်ားေၾကာင္႔ ႏိုင္ငံ့ပံုရိပ္ကိုထိခိုက္ၿပီး စီးပြားေရးက်ဆင္းလာဟုဆို

အထည္ခ်ဳပ္လုပ္ငန္းက႑တြင္ အလုပ္ရွင္ႏွင့္ အလုပ္သမားအၾကား အျငင္းပြားမႈမ်ားေၾကာင္႔ ႏိုင္ငံ၏ ပံုရိပ္ထိခိုက္ေစသျဖင့္ ရင္းႏွီးျမဳပ္ႏွံမႈဝင္ေရာက္ျခင္း အဟန္႔အတားျဖစ္သည့္အျပင္ တုိင္းျပည္ စီးပြား ေရးက်ဆင္းေစေၾကာင္း အလုပ္သမား၊ အလုပ္အကိုင္ႏွင့္ လူမႈဖူလံုေရးဝန္ၾကီးဌာန မွ အၿမဲတမ္း အတြင္းဝန္ ဦးမ်ိဳးေအာင္ က ေျပာၾကားလိုက္သည္။

ယင္းကိစၥႏွင့္ ပတ္သတ္ၿပီး စက္တင္ဘာ ၁၇ ရက္၌ ရန္ုကုန္ၿမိဳ႕ရွိ Sedona ဟုိတယ္တြင္ က်င္းပေသာ ျမန္မာႏိုင္ငံ၏ အထည္ခ်ဳပ္လုပ္ငန္းမ်ား၏ ျပႆနာမ်ား အေျဖရွာရန္ ACT (Action Collaboration Transformation) အဖြဲ႕ႏွင့္ ျမန္မာႏို္င္ငံအစိုးရ အလုပ္ရွင္၊ အလုပ္သမားတို႔အၾကား ေတြ႕ဆံုေဆြး ေႏြးပြဲတြင္ ၄င္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အခုအခ်ိန္က ကုန္ထုတ္လုပ္မႈစြမ္းအားေတြ က်ေနတဲ႔အခ်ိန္ျဖစ္တယ္။ ျမန္မာႏိုင္ငံမွာ အလုပ္ရွင္ အလုပ္သမား အျငင္းပြားမႈလည္းေတြကလည္း ရွိေနတာျဖစ္တဲ့အျပင္ လုပ္ခလစာဆံုးရံႈးေနတာေတြ၊ အလုပ္တြင္း ေျဖေလ်ာ့မႈေတြေၾကာင္႔ အလုပ္လက္မဲ့ေတြျဖစ္လာတာေၾကာင့္ ႏိုင္ငံရဲ႕ ပံုရိပ္ေတြကို ထိခိုက္ေစတယ္” ဟု ဦးမ်ဳိးေအာင္ က ဆိုသည္။ 

အထည္ခ်ဳပ္လုပ္ငန္းမ်ားအၾကား အျငင္းပြားမႈမ်ားေၾကာင္႔ ႏိုင္ငံ့ပံုရိပ္ကိုထိခိုက္ၿပီး စီးပြားေရးက်ဆင္းလာဟုဆို

ျမန္မာႏိုင္ငံရွိ တစ္ခ်ိဳ႕ေသာ အလုပ္သမား အဖြဲ႔အစည္းမ်ားသည္လည္း လူဝင္မႈၾကီးၾကပ္ေရးဌာနသို႔ မွတ္ပံုတင္ထားျခင္္းမရွိဘဲ ေဆာင္ရြက္ေနသည့္ အဖြဲ႕အစည္းမ်ားရွိေၾကာင္း၊ လူဝင္မႈႀကီး ၾကပ္ေရး ဌာနသို႔ အမွန္တကယ္မွတ္ပံုတင္ကာ တရားဝင္ေဆာင္ရြက္ေနသည့္ အလုပ္သမားအဖြဲ႕အစည္း ရွစ္ ဖြဲ႕သာရွိေၾကာင္း ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမၼဂၢအဖြဲ႕ခ်ဳပ္ (CTUN) မွ ဥကၠ႒ ဦးေမာင္ ေမာင္ က ဆိုသည္။ 

“ျပည္တြင္းကုန္ေစ်းႏႈန္းမတည္ျငိမ္တဲ့ အတြက္ အလုပ္ရွင္နဲ႔အလုပ္သမားၾကားမွာ ေတာင္းဆိုမႈေတြ ရွိ ေနမွာျဖစ္တယ္။ အထည္ခ်ဳပ္လုပ္ငန္းက အလုပ္သမားေတြ အလုပ္အကိုင္ အခြင္႔အလမ္း အမ်ားဆံုး ေပးႏိုင္တဲ႔က႑ ျဖစ္သလို ႏိုင္ငံေတာ္အတြက္ ႏိုင္ငံျခားေငြကို အမ်ားဆံုးရွာေဖြေပးတဲ႔ က႑လည္း ျဖစ္တယ္။ အထူးသျဖင္႔ ျမန္မာႏိုင္ငံရဲ႕ အမ်ိဳးသမီးေတြ ကို ဝင္ေငြရရွိေစတဲ႔ အလုပ္တစ္ခုျဖစ္တယ္။  တဖက္ကျပန္ၾကည္႔ရင္လည္း အလုပ္ရွင္နဲ႔ အလုပ္သမားၾကားမွာ အမ်ားဆံုး ျပႆနာျဖစ္တဲ့ က႑လည္းျဖစ္ေနတယ္” ဟု ဦးေမာင္ေမာင ္က ဆိုသည္။

ထုိသို႔ အလုပ္ရွင္ႏွင့္ အလုပ္သမားအၾကား ျပႆနာျဖစ္ေပၚေနျခင္းအေပၚ လုပ္ခလစာ၊ အခ်ိန္ပိုခိုင္း ေစျခင္း၊ က်န္းမာေရး၊ အလုပ္မွ ထုတ္ပယ္ျခင္း စသည့္ျဖင့္ ကိစၥရပ္မ်ား သိရွိကာ ႏွစ္ဦးႏွစ္ဖက္ ေျဖရွင္း ႏုိင္ရန္၊ လုပ္ငန္းခြင္ ေအးခ်မ္းသာယာရန္၊ စုေပါင္းေဆြးေႏြးေျဖရွင္းတက္သည့္ အေလ့အက်င့္ ေကာင္း မ်ား ရရွိ ရန္ ႏိုင္ငံတကာမွ  ေလ႔လာသူမ်ားႏွင့္ ညိႈႏိႈင္းေဆြးေႏြးရန္ လိုအပ္ေၾကာင္း သိရသည္။

 - သင္းသင္းလႈိင္ (အကုန္သိသတင္းဌာန)

Unicode version

အထည်ချုပ်လုပ်ငန်းများအကြား အငြင်းပွားမှုများကြောင့် နိုင်ငံ့ပုံရိပ်ကိုထိခိုက်ပြီး စီးပွားရေးကျဆင်းလာဟုဆို

အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှုများကြောင့် နိုင်ငံ၏ ပုံရိပ်ထိခိုက်စေသဖြင့် ရင်းနှီးမြုပ်နှံမှုဝင်ရောက်ခြင်း အဟန့်အတားဖြစ်သည့်အပြင် တိုင်းပြည် စီးပွား ရေးကျဆင်းစေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ပြောကြားလိုက်သည်။

အထည်ချုပ်လုပ်ငန်းများအကြား အငြင်းပွားမှုများကြောင့် နိုင်ငံ့ပုံရိပ်ကိုထိခိုက်ပြီး စီးပွားရေးကျဆင်းလာဟုဆို

ယင်းကိစ္စနှင့် ပတ်သတ်ပြီး စက်တင်ဘာ ၁၇ ရက်၌ ရန်ုကုန်မြို့ရှိ Sedona ဟိုတယ်တွင် ကျင်းပသော မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများ၏ ပြဿနာများ အဖြေရှာရန် ACT (Action Collaboration Transformation) အဖွဲ့နှင့် မြန်မာနိုင်ငံအစိုးရ အလုပ်ရှင်၊ အလုပ်သမားတို့အကြား တွေ့ဆုံဆွေး နွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုအချိန်က ကုန်ထုတ်လုပ်မှုစွမ်းအားတွေ ကျနေတဲ့အချိန်ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုလည်းတွေကလည်း ရှိနေတာဖြစ်တဲ့အပြင် လုပ်ခလစာဆုံးရှုံးနေတာတွေ၊ အလုပ်တွင်း ဖြေလျော့မှုတွေကြောင့် အလုပ်လက်မဲ့တွေဖြစ်လာတာကြောင့် နိုင်ငံရဲ့ ပုံရိပ်တွေကို ထိခိုက်စေတယ်” ဟု ဦးမျိုးအောင် က ဆိုသည်။ 

မြန်မာနိုင်ငံရှိ တစ်ချို့သော အလုပ်သမား အဖွဲ့အစည်းများသည်လည်း လူဝင်မှုကြီးကြပ်ရေးဌာနသို့ မှတ်ပုံတင်ထားခြင်းမရှိဘဲ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများရှိကြောင်း၊ လူဝင်မှုကြီး ကြပ်ရေး ဌာနသို့ အမှန်တကယ်မှတ်ပုံတင်ကာ တရားဝင်ဆောင်ရွက်နေသည့် အလုပ်သမားအဖွဲ့အစည်း ရှစ် ဖွဲ့သာရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမ္မဂ္ဂအဖွဲ့ချုပ် (CTUN) မှ ဥက္ကဋ္ဌ ဦးမောင် မောင် က ဆိုသည်။ 

“ပြည်တွင်းကုန်ဈေးနှုန်းမတည်ငြိမ်တဲ့ အတွက် အလုပ်ရှင်နဲ့အလုပ်သမားကြားမှာ တောင်းဆိုမှုတွေ ရှိ နေမှာဖြစ်တယ်။ အထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေ အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ပေးနိုင်တဲ့ကဏ္ဍ ဖြစ်သလို နိုင်ငံတော်အတွက် နိုင်ငံခြားငွေကို အများဆုံးရှာဖွေပေးတဲ့ ကဏ္ဍလည်း ဖြစ်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေ ကို ဝင်ငွေရရှိစေတဲ့ အလုပ်တစ်ခုဖြစ်တယ်။  တဖက်ကပြန်ကြည့်ရင်လည်း အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ အများဆုံး ပြဿနာဖြစ်တဲ့ ကဏ္ဍလည်းဖြစ်နေတယ်” ဟု ဦးမောင်မောင ်က ဆိုသည်။

ထိုသို့ အလုပ်ရှင်နှင့် အလုပ်သမားအကြား ပြဿနာဖြစ်ပေါ်နေခြင်းအပေါ် လုပ်ခလစာ၊ အချိန်ပိုခိုင်း စေခြင်း၊ ကျန်းမာရေး၊ အလုပ်မှ ထုတ်ပယ်ခြင်း စသည့်ဖြင့် ကိစ္စရပ်များ သိရှိကာ နှစ်ဦးနှစ်ဖက် ဖြေရှင်း နိုင်ရန်၊ လုပ်ငန်းခွင် အေးချမ်းသာယာရန်၊ စုပေါင်းဆွေးနွေးဖြေရှင်းတက်သည့် အလေ့အကျင့် ကောင်း များ ရရှိ ရန် နိုင်ငံတကာမှ  လေ့လာသူများနှင့် ညှိုနှိုင်းဆွေးနွေးရန် လိုအပ်ကြောင်း သိရသည်။

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။