Skip to main content
ျမန္မာႏုိင္ငံႏွင့္ အင္ဒိုနီးရွားႏို္င္ငံတို႔အၾကား ကုန္သြယ္ေရး တိုးခ်ဲ႕ရန္ ေဆြးေႏြး
Ads Block

Akonthi Ads

ျမန္မာႏုိင္ငံႏွင့္ အင္ဒိုနီးရွားႏို္င္ငံတို႔အၾကား ကုန္သြယ္ေရး တိုးခ်ဲ႕ရန္ ေဆြးေႏြး

ျမန္မာႏုိင္ငံႏွင့္ အင္ဒိုနီးရွားႏို္င္ငံတို႔အၾကား ကုန္သြယ္မႈလုပ္ငန္းမ်ား တိုးခ်ဲ႕ေဆာင္ရြက္ရန္အတြက္ ႏွစ္ႏိုင္ငံလုပ္ငန္းရွင္မ်ား ေတြ႕ဆံုေဆြးေႏြးပြဲကို စက္တင္ဘာလ ၁၇ ရက္၌ ရန္ကုန္ၿမိဳ႕ရွိ lotte ဟိုတယ္ တြင္ က်င္းပခဲ့သည္။

ယင္းေတြ႕ဆံုပြဲတြင္ အင္ဒိုနီးရွားႏုိင္ငံမွ စီးပြားေရးလုပ္ငန္းရွင္ ၁၀ ဦးပါဝင္ၿပီး ၄င္းတို႔ႏုိင္ငံမွ ေဆး ဝါးပစၥည္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းသံုးပစၥည္း၊ ၾကက္အစာ၊ အင္တာနက္ဝန္ ေဆာင္မႈမ်ား၊ ေဆာက္လုပ္ ေရးလုပ္ ငန္းသံုးပစၥည္းမ်ား၊ ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ား၊ မီးရထားလုပ္ငန္း၊ ကုန္ထုတ္လုပ္မႈ လုပ္ငန္းစသည့္လုပ္ငန္းမ်ား ျမန္မာႏိုင္ငံသို႔ တင္သြင္းျဖန္႔ျဖဴးေရာင္းခ်ျခင္းႏွင့္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“အင္ဒိုနီးရွားက လုပ္ငန္းရွင္ေတြ ျမန္မာႏိုင္ငံမွာ ထိေတြ႔ေပးဖို႔ လုပ္တာပါ။ စလံုးေရးစပဲရွိပါေသးတယ္။ သူ႔ပစၥည္းကို ျပတယ္။ စိတ္ဝင္စားတဲ့ ကုမၸဏီေတြ၊ ပုဂၢိဳလ္ေတြက တစ္ဆင့္ သူတို႔ရဲ႕ ပစၥည္းပစၥယေတြ၊ ဝန္ေဆာင္မႈေတြ၊ က႑အစံုကို ေလ့လာၿပီး သင့္ေလ်ာ္မယ့္က႑ကို ခ်ိတ္ဆက္ၿပီးေတာ့ မွာယူတာ ေတြ၊ ျဖန႔္ျဖဴးတာေတြ လုပ္မယ္။ ေနာက္လည္း လာလတၱံ၊ လာဖို႔ေတြ အမ်ားႀကီး ရွိပါတယ္” ဟု ကုန္ သည္/စက္မႈအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလး က ေျပာၾကားသည္။ 

AEC (အာဆီယံ) ႏိုင္ငံမ်ားအၾကား ကုန္သြယ္ျခင္း၊ ယင္းႏိုင္ငံမ်ားမွ ၄၀ ရာခိုင္ ႏႈန္း ပါဝင္သည့္ ကုန္ ပစၥည္းမ်ား တစ္ဆင့္ျပန္လည္ ျပည္ပသို႔ တင္ပို႔ျခင္းျဖင့္ ကုန္သြယ္ခြန္ သုည ရာခိုင္ႏႈန္းအထိ ကင္း လႊတ္ခြင့္ရွိသျဖင့္ အင္ဒိုနီးရွားႏိုင္ငံျဖင့္ ကုန္သြယ္ျခင္းသည္ ျမန္မာႏိုင္ငံအေနျဖင့္ အက်ိဳးေက်းဇူး မ်ားစြာရွိေၾကာင္း ၄င္းက ဆိုသည္။ 

လက္ရွိတြင္ ျမန္မာနိုင္ငံအေနျဖင့္ အင္ဒိုနီးရွားႏုိင္ငံမွ ကုန္ပစၥည္းမ်ား တင္သြင္းရန္ ေဆြးေႏြးခဲ့ၾကၿပီး ယင္းႏိုင္ငံသို႔ ကုန္ပစၥည္း ျပန္လည္တင္ပုိ႔ႏုိင္ရန္အတြက္ ယခုလအတြင္း ေစ်းကြက္ေလ့လာရန္ သြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

“ျမန္မာနဲ႔ အင္ဒိုနီးရွားနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ စီးပြားေရးေတြလုပ္ဖို႔အတြက္ကို ေတြ႕ဆံုတာျဖစ္တယ္။ ဒါ ေပမယ့္ အင္ဒိုနီးရွားႏုိင္ငံက ထုတ္တာမ်ားတယ္။ တစ္ျခားႏုိင္ငံေတြက သိပ္ၿပီးေတာ့ သြင္းကုန္လုပ္ သြားစရာမလိုဘူး။ သူတို႔ကဘဲ တင္ပို႔တာမ်ားတယ္။ ျမန္မာဘက္ကလည္း ကုန္ပစၥည္းေတြ ျပန္တင္ပို႔ဖို႔ အင္ဒိုနီးရွားကို သူတို႔ႏိုင္ငံမွာ ဘာထုတ္ကုန္ေတြ ထုတ္လဲ။ ေစ်းကြက္ေတြ ဘယ္လုိ ျဖန္႔ခ်ီမလဲဆိုတာ လာေလ့လာမယ္။” ဟု ျမန္မာႏိုင္ငံဆိုင္ရာ အင္ဒိုနီးရွားသံရံုးမွ အၾကံေပးပုဂၢိဳလ္ Budimansyah က ဆိုသည္။ 

အင္ဒိုနီးရွားႏိုင္ငံတြင္ ယခု စက္တင္ဘာလအတြင္း  ၂၄ ရက္မွ ၂၈ ရက္အထိ ၅ ရက္တိုင္တိုင္ ၃၃ ႀကိမ္ေျမာက္ Trade Exibation ပြဲကို က်င္းပမည္ျဖစ္ရာ ျမန္မာႏိုင္ငံအပါအဝင္ အျခားျပည္ပႏုိင္ငံမ်ားမွ ေစ်းကြက္ေလ့လာေရးျပဳလုပ္ရန္ လာေရာက္ ၾကမည္ျဖစ္ေၾကာင္း ၄င္းက ဆိုသည္။ 

 - သင္းသင္းလႈိင္ (အကုန္သိသတင္းဌာန)

Unicode version

မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်ရေး တိုးချဲ့ရန် ဆွေးနွေး

မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ ရက်၌ ရန်ကုန်မြို့ရှိ lotte ဟိုတယ် တွင် ကျင်းပခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် အင်ဒိုနီးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးပါဝင်ပြီး ၎င်းတို့နိုင်ငံမှ ဆေး ဝါးပစ္စည်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊ ကြက်အစာ၊ အင်တာနက်ဝန် ဆောင်မှုများ၊ ဆောက်လုပ် ရေးလုပ် ငန်းသုံးပစ္စည်းများ၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ မီးရထားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းစသည့်လုပ်ငန်းများ မြန်မာနိုင်ငံသို့ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အင်ဒိုနီးရှားက လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ထိတွေ့ပေးဖို့ လုပ်တာပါ။ စလုံးရေးစပဲရှိပါသေးတယ်။ သူ့ပစ္စည်းကို ပြတယ်။ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေ၊ ပုဂ္ဂိုလ်တွေက တစ်ဆင့် သူတို့ရဲ့ ပစ္စည်းပစ္စယတွေ၊ ဝန်ဆောင်မှုတွေ၊ ကဏ္ဍအစုံကို လေ့လာပြီး သင့်လျော်မယ့်ကဏ္ဍကို ချိတ်ဆက်ပြီးတော့ မှာယူတာ တွေ၊ ဖြန့်ဖြူးတာတွေ လုပ်မယ်။ နောက်လည်း လာလတ္တံ၊ လာဖို့တွေ အများကြီး ရှိပါတယ်” ဟု ကုန် သည်/စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောကြားသည်။ 

AEC (အာဆီယံ) နိုင်ငံများအကြား ကုန်သွယ်ခြင်း၊ ယင်းနိုင်ငံများမှ ၄၀ ရာခိုင် နှုန်း ပါဝင်သည့် ကုန် ပစ္စည်းများ တစ်ဆင့်ပြန်လည် ပြည်ပသို့ တင်ပို့ခြင်းဖြင့် ကုန်သွယ်ခွန် သုည ရာခိုင်နှုန်းအထိ ကင်း လွှတ်ခွင့်ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံဖြင့် ကုန်သွယ်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် အကျိုးကျေးဇူး များစွာရှိကြောင်း ၎င်းက ဆိုသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းရန် ဆွေးနွေးခဲ့ကြပြီး ယင်းနိုင်ငံသို့ ကုန်ပစ္စည်း ပြန်လည်တင်ပို့နိုင်ရန်အတွက် ယခုလအတွင်း ဈေးကွက်လေ့လာရန် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနဲ့ အင်ဒိုနီးရှားနဲ့ ချိတ်ဆက်ပြီးတော့ စီးပွားရေးတွေလုပ်ဖို့အတွက်ကို တွေ့ဆုံတာဖြစ်တယ်။ ဒါ ပေမယ့် အင်ဒိုနီးရှားနိုင်ငံက ထုတ်တာများတယ်။ တစ်ခြားနိုင်ငံတွေက သိပ်ပြီးတော့ သွင်းကုန်လုပ် သွားစရာမလိုဘူး။ သူတို့ကဘဲ တင်ပို့တာများတယ်။ မြန်မာဘက်ကလည်း ကုန်ပစ္စည်းတွေ ပြန်တင်ပို့ဖို့ အင်ဒိုနီးရှားကို သူတို့နိုင်ငံမှာ ဘာထုတ်ကုန်တွေ ထုတ်လဲ။ ဈေးကွက်တွေ ဘယ်လို ဖြန့်ချီမလဲဆိုတာ လာလေ့လာမယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ အကြံပေးပုဂ္ဂိုလ် Budimansyah က ဆိုသည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ယခု စက်တင်ဘာလအတွင်း  ၂၄ ရက်မှ ၂၈ ရက်အထိ ၅ ရက်တိုင်တိုင် ၃၃ ကြိမ်မြောက် Trade Exibation ပွဲကို ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် အခြားပြည်ပနိုင်ငံများမှ ဈေးကွက်လေ့လာရေးပြုလုပ်ရန် လာရောက် ကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

 - သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။