Skip to main content
Troll ခံရတာေတြကို ျပန္လည္ေျဖရွင္းမယ့္အစား ပရိသတ္အတြက္အႏုပညာေတြလုပ္ဖို႔ပဲ အခ်ိန္ေပးမယ္ဆိုတဲ့ စိုင္းစိုင္းခမ္းလႈိင္
Ads Block

Troll ခံရတာေတြကို ျပန္လည္ေျဖရွင္းမယ့္အစား ပရိသတ္အတြက္အႏုပညာေတြလုပ္ဖို႔ပဲ အခ်ိန္ေပးမယ္ဆိုတဲ့ စိုင္းစိုင္းခမ္းလႈိင္

လူမႈကြန္ရက္စာမ်က္ႏွာမွာ Troll ခံရဆံုး အႏုပညာရွင္တစ္ဦး ျဖစ္တဲ့ စိုင္းစိုင္းခမ္းလႈိင္ကTroll ခံရတာေတြ ျပန္လည္ေျဖရွင္းမယ့္ အခ်ိန္ေတြကို သူ႔ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြပဲ ပိုလုပ္သြားမယ္လို႔ ေျပာလာပါတယ္။

 “ ဒီလို Troll ခံရတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ လံုး၀စိတ္မဆိုးလို႔ ၿငိမ္ခံေနတာမဟုတ္ပါ ဘူး။ သည္းခံ ရ တယ္ဆိုတာ မဟုတ္ပါဘူး၊ သည္းခံတယ္ဆိုတာက မေက်နပ္ဘူး ။ ဒါေပမဲ႔ ျပန္မလုပ္နိုင္ဘူး။ အဲ႔ဒါေၾကာင့္ သည္းခံရတာပါ။ ကၽြန္ေတာ္အေနနဲ႔ ရိုးရိုးသားသားေျပာရရင္ လံုး၀စိတ္မဆိုးဘူးလည္း မဟုတ္ပါဘူး” လို ့စိုင္းစိုင္းခမ္းလႈိင္က ေျပာပါတယ္။

လာမယ့္ ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာ က်င္းပမယ့္ “ၿပီးခဲ့ေသာဇာတ္လမ္းအက်ဥ္း” တစ္ကိုယ္ေတာ္ ရႈိးပြဲ အတြက္ လတ္မွတ္ေရာင္းခ်တဲ့ေန႔မွာ တစ္နာရီအတြင္း ရႈိးပြဲလတ္မွတ္ေတြ အကုန္ေရာင္းထြက္ခဲ့တဲ့ အတြက္ လည္း စိုင္းစိုင္းခမ္းလႈိင္ကို  ေ၀ဖန္မႈေတြ  သူ ့ဓာတ္ပံုေတြနဲ႔ စေနာက္မႈေတြ ခံခဲ့ရပါေသးတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း သူက အခ်က္သံုးခ်က္နဲ႔ ဆက္လက္ရွင္းျပခဲ့ပါတယ္။

“တစ္အခ်က္က ခ်စ္လို႔ ခင္လို႔ စတာ။ တစ္ခါတစ္ေလဆိုရင္ သေဘာက်လို႔ ကၽြန္ေတာ္ကိုယ္တိုင္ေတာင္ ျပန္ ရွယ္တာ ရွိပါတယ္။ နွစ္အခ်က္က တကယ္ Personal တိုက္ခိုက္ၾကတာ။ တကယ္ကို ကၽြန္ေတာ္ကို ေစာ္ကား ခ်င္ၾကတာ၊ ေစာ္ကားခံရရင္ေတာ့ လူဆိုတာ လူ႔သဘာ၀အတိုင္း စိတ္ဆိုးပါတယ္။ ဒါေပမဲ႔ သည္းခံလိုက္ရလို႔ ျပန္မလုပ္ လိုက္ရေလျခင္းဆိုတဲ႔ စိတ္မ်ိဳး ကၽြန္ေတာ့္မွာမျဖစ္ဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ ကၽြန္ေတာ္ေနာက္ ႏွစ္ၾကရင္ စိုင္းစိုင္းရႈိးလို ပြဲတစ္ပြဲထပ္လုပ္ခ်င္ပါတယ္။ ရုပ္ရွင္ရိုက္ ခ်င္ပါတယ္။ သီခ်င္းအသစ္ေတြ ထပ္လုပ္ ခ်င္ ပါတယ္။ သံုးအခ်က္က အနုပညာရွင္ႏွစ္ေယာက္ရယ္ ပရိသတ္ေတြကိုရန္တိုက္ေပးတာမ်ိဳးရွိပါတယ္။ အဲဒီေတာ့ ပြဲဆူတယ္။ ဒါကိုအခ်ိန္ေပးရင္ ကၽြန္ေတာ့္ ပရိသတ္ေတြအတြက္ အလုပ္ရႈပ္တယ္၊ အခ်ိန္ကုန္တယ္ Bill ကုန္ တယ္” လို ့စိုင္းစိုင္းခမ္းလႈိင္ကေျပာပါတယ္။ 

Troll ခံရတာေတြကို ျပန္လည္ေျဖရွင္းမယ့္အစား ပရိသတ္အတြက္အႏုပညာေတြလုပ္ဖို႔ပဲ အခ်ိန္ေပးမယ္ဆိုတဲ့ စိုင္းစိုင္းခမ္းလႈိင္

ပရိသတ္ေတြအားေပးမႈကို အခုအခ်ိန္ထိတစ္ခဲနက္ပိုင္ဆိုင္ထားတဲ႔ မိန္းကေလးေတြရဲ႕ အသည္းေက်ာ္ တစ္ဦး ျဖစ္တဲ႔ စိုင္းစိုင္းခမ္းလိႈင္ကေတာ့ ေအာင္ျမင္မႈေတြရွိသလိုပဲ တဖက္မွာလည္း ေ၀ဖန္တိုက္ခိုက္ Troll ၾက တာရွိ ေပမယ့္ ဘာမွတုန္႔ျပန္ေျပာဆိုထားျခင္းမရွိတဲ့  အႏုပညာရွင္တစ္ဦးလို႔လည္းဆိုလို႔ရပါတယ္။

 - သိမ့္ေအးခ်မ္း(အကုန္သိသတင္းဌာန)

Unicode version

Troll ခံရတာတွေကို ပြန်လည်ဖြေရှင်းမယ့်အစား ပရိသတ်အတွက်အနုပညာတွေလုပ်ဖို့ပဲ အချိန်ပေးမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

လူမှုကွန်ရက်စာမျက်နှာမှာ Troll ခံရဆုံး အနုပညာရှင်တစ်ဦး ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကTroll ခံရတာတွေ ပြန်လည်ဖြေရှင်းမယ့် အချိန်တွေကို သူ့ပရိသတ်တွေအတွက် အနုပညာအလုပ်တွေပဲ ပိုလုပ်သွားမယ်လို့ ပြောလာပါတယ်။

 “ ဒီလို Troll ခံရတာတွေနဲ့ ပတ်သက်ပြီးတော့ လုံးဝစိတ်မဆိုးလို့ ငြိမ်ခံနေတာမဟုတ်ပါ ဘူး။ သည်းခံ ရ တယ်ဆိုတာ မဟုတ်ပါဘူး၊ သည်းခံတယ်ဆိုတာက မကျေနပ်ဘူး ။ ဒါပေမဲ့ ပြန်မလုပ်နိုင်ဘူး။ အဲ့ဒါကြောင့် သည်းခံရတာပါ။ ကျွန်တော်အနေနဲ့ ရိုးရိုးသားသားပြောရရင် လုံးဝစိတ်မဆိုးဘူးလည်း မဟုတ်ပါဘူး” လို့စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် “ပြီးခဲ့သောဇာတ်လမ်းအကျဉ်း” တစ်ကိုယ်တော် ရှိုးပွဲ အတွက် လတ်မှတ်ရောင်းချတဲ့နေ့မှာ တစ်နာရီအတွင်း ရှိုးပွဲလတ်မှတ်တွေ အကုန်ရောင်းထွက်ခဲ့တဲ့ အတွက် လည်း စိုင်းစိုင်းခမ်းလှိုင်ကို  ဝေဖန်မှုတွေ  သူ့ဓာတ်ပုံတွေနဲ့ စနောက်မှုတွေ ခံခဲ့ရပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သူက အချက်သုံးချက်နဲ့ ဆက်လက်ရှင်းပြခဲ့ပါတယ်။

“တစ်အချက်က ချစ်လို့ ခင်လို့ စတာ။ တစ်ခါတစ်လေဆိုရင် သဘောကျလို့ ကျွန်တော်ကိုယ်တိုင်တောင် ပြန် ရှယ်တာ ရှိပါတယ်။ နှစ်အချက်က တကယ် Personal တိုက်ခိုက်ကြတာ။ တကယ်ကို ကျွန်တော်ကို စော်ကား ချင်ကြတာ၊ စော်ကားခံရရင်တော့ လူဆိုတာ လူ့သဘာဝအတိုင်း စိတ်ဆိုးပါတယ်။ ဒါပေမဲ့ သည်းခံလိုက်ရလို့ ပြန်မလုပ် လိုက်ရလေခြင်းဆိုတဲ့ စိတ်မျိုး ကျွန်တော့်မှာမဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်နောက် နှစ်ကြရင် စိုင်းစိုင်းရှိုးလို ပွဲတစ်ပွဲထပ်လုပ်ချင်ပါတယ်။ ရုပ်ရှင်ရိုက် ချင်ပါတယ်။ သီချင်းအသစ်တွေ ထပ်လုပ် ချင် ပါတယ်။ သုံးအချက်က အနုပညာရှင်နှစ်ယောက်ရယ် ပရိသတ်တွေကိုရန်တိုက်ပေးတာမျိုးရှိပါတယ်။ အဲဒီတော့ ပွဲဆူတယ်။ ဒါကိုအချိန်ပေးရင် ကျွန်တော့် ပရိသတ်တွေအတွက် အလုပ်ရှုပ်တယ်၊ အချိန်ကုန်တယ် Bill ကုန် တယ်” လို့စိုင်းစိုင်းခမ်းလှိုင်ကပြောပါတယ်။ 

ပရိသတ်တွေအားပေးမှုကို အခုအချိန်ထိတစ်ခဲနက်ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေရဲ့ အသည်းကျော် တစ်ဦး ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အောင်မြင်မှုတွေရှိသလိုပဲ တဖက်မှာလည်း ဝေဖန်တိုက်ခိုက် Troll ကြ တာရှိ ပေမယ့် ဘာမှတုန့်ပြန်ပြောဆိုထားခြင်းမရှိတဲ့  အနုပညာရှင်တစ်ဦးလို့လည်းဆိုလို့ရပါတယ်။

 - သိမ့်အေးချမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။