Skip to main content
Ads Block



ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်က  တမူးမြို့၊ နန်ဖာလုံမြို့နယ်၊ (၁၂) ရပ်ကွက်ရှိ ဦးလက်ခိုလွန်း ၇၈ နှစ်နှင့် သားဖြစ်သူ ကိုစောထွန်း ၄၁ နှစ်တို့ သားအဖနှင့်အတူ ၎င်းတို့၏ ခြံထဲသို့ မျှစ်လာ ခိုးချိုးသော ဖြိုးဝေ ၂၅ နှစ်တို့မှာ  အပြန်အလှန် ဓားခုတ်မှုကြောင့်  ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီး တမူးမြို့ပြည်သူ့ဆေးရုံသို့ အတွင်းလူနာများအဖြစ် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ အခင်းမဖြစ်ခင်နာရီပိုင်းက ဖြိုးဝေ ၂၅ နှစ်မှာ နေအိမ်ပိုင်ရှင် ဦးလက်ခိုလွန်း ၇၈ နှစ်၏ နေအိမ်ခြံထဲသို့ခိုးဝင်ရောက်ရှိပြီး မျှစ်များအားချိုးကာ ဆာလာအိတ်တွင်းထည့်လျက် သယ်ဆောင်ကာ ခြံမှ ထွက်ခွာလာစဉ် ခြံအပြင်ဘက်တွင်  ပိုင်ရှင် ဦးလက်ခိုလွန်း ၇၈ နှစ်နှင့်ကိုစောထွန်း ၄၁ နှစ်တို့သားအဖနှစ်ဦးနှင့် ဆုံမိသွားခဲ့ကြသည့်အတွက်ကြောင့်  အပြန်အလှန်ခိုက်ရန်ဖြစ်ပွားကြရာမှ ပါလာသည့် မျှစ်ချိုးသည့်ဓားဖြင့် ဖြိုးဝေက အရင်ခုတ်လိုက်သည့်အတွက် ဦးလက်ခိုလွန်၏ ဦးခေါင်းပြတ်ရှဒဏ်ရာ၊ ကိုစောထွန်း၏ ဘယ်လက် ကောက်ဝတ်ပြတ်လုနီးနီးဒဏ်ရာများရရှိသွားခဲ့ပြီး ဖြိုးဝေ၌လည်း မျက်နှာများတွင် ခုတ်ထစ်ဒဏ်ရာများ ပြင်းထန်စွာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။



ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်ဘက်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည့်အတွက် မျှစ်ခိုးသူ ဖြိုးဝေ ၂၅ နှစ်အား ရာဇသတ်ကြီးပုဒ်မ-၃၂၆(ပြင်းထန်ထိခိုက်ဒဏ်ရာရရှိစေမှု)ဖြင့် တမူးမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။          

  - ဒါးဇ(အကုန်သိသတင်းဌာန) 
               
ဓာတ်ပုံ - ဦချစ်အေး

Unicode version

မျှစ် ခိုး သော သူခိုးနှင့် ပိုင်ရှင် သားအဖတို့ အပြန်အလှန် ဓားခုတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင်  မျှစ် ခိုးသောသူခိုးအား  ပိုင်ရှင်သားအဖ က သူခိုး ဖမ်းဆီးရမိရာမှ  ဓားခုတ်မှုကြောင့် သုံးဦးစလုံး ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

မျှစ် ခိုး သော သူခိုးနှင့် ပိုင်ရှင် သားအဖတို့ အပြန်အလှန် ဓားခုတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်က  တမူးမြို့၊ နန်ဖာလုံမြို့နယ်၊ (၁၂) ရပ်ကွက်ရှိ ဦးလက်ခိုလွန်း ၇၈ နှစ်နှင့် သားဖြစ်သူ ကိုစောထွန်း ၄၁ နှစ်တို့ သားအဖနှင့်အတူ ၎င်းတို့၏ ခြံထဲသို့ မျှစ်လာ ခိုးချိုးသော ဖြိုးေ၀ ၂၅ နှစ်တို့မှာ  အပြန်အလှန် ဓားခုတ်မှုကြောင့်  ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီး တမူးမြို့ပြည်သူ့ဆေးရုံသို့ အတွင်းလူနာများအဖြစ် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ အခင်းမဖြစ်ခင်နာရီပိုင်းက ဖြိုးေ၀ ၂၅ နှစ်မှာ နေအိမ်ပိုင်ရှင် ဦးလက်ခိုလွန်း ၇၈ နှစ်၏ နေအိမ်ခြံထဲသို့ခိုးဝင်ရောက်ရှိပြီး မျှစ်များအားချိုးကာ ဆာလာအိတ်တွင်းထည့်လျက် သယ်ဆောင်ကာ ခြံမှ ထွက်ခွာလာစဉ် ခြံအပြင်ဘက်တွင်  ပိုင်ရှင် ဦးလက်ခိုလွန်း ၇၈ နှစ်နှင့်ကိုစောထွန်း ၄၁ နှစ်တို့သားအဖနှစ်ဦးနှင့် ဆုံမိသွားခဲ့ကြသည့်အတွက်ကြောင့်  အပြန်အလှန်ခိုက်ရန်ဖြစ်ပွားကြရာမှ ပါလာသည့် မျှစ်ချိုးသည့်ဓားဖြင့် ဖြိုးဝေက အရင်ခုတ်လိုက်သည့်အတွက် ဦးလက်ခိုလွန်၏ ဦးခေါင်းပြတ်ရှဒဏ်ရာ၊ ကိုစောထွန်း၏ ဘယ်လက် ကောက်ဝတ်ပြတ်လုနီးနီးဒဏ်ရာများရရှိသွားခဲ့ပြီး ဖြိုးဝေ၌လည်း မျက်နှာများတွင် ခုတ်ထစ်ဒဏ်ရာများ ပြင်းထန်စွာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဖြိုးဝေက သူများခြံထဲကိုမျှစ်သွားခိုးတာကနေ အပြင်ပြန်ထွက်လာတဲ့အခါမှာ ဦးလက်ခိုလွန်တို့သားအဖနဲ့ ပက်ပင်းတိုးပြီး စကားများရန်ဖြစ်ကြရာကနေ ပါလာတဲ့ဓားတွေနဲ့အပြန်အလှန်ခုတ်ထစ်ကြတဲ့အတွက် သုံးယောက်စလုံး ကိုယ်စီဒဏ်ရာတွေရရှိသွားခဲ့ကြတယ်။ အဲဒါကြာင့် ဆေးရုံကို ပို့ဆောင်ပေးထားခဲ့တာဖြစ်ပြီး အခုထိတော့ သေဆုံးသွားတဲ့သတင်းတွေ မကြားမိပါဘူး” ဟု တမူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၁၇ ရက် ညနေ ၄ နာရီတွင် ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်ဘက်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည့်အတွက် မျှစ်ခိုးသူ ဖြိုးေ၀ ၂၅ နှစ်အား ရာဇသတ်ကြီးပုဒ်မ-၃၂၆(ပြင်းထန်ထိခိုက်ဒဏ်ရာရရှိစေမှု)ဖြင့် တမူးမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။    

 - ဒါးဇ(အကုန်သိသတင်းဌာန)      
               
ဓာတ်ပုံ - ဦချစ်အေး

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။