Skip to main content
Ads Block

Akonthi Ads







Unicode version

၃၇နှစ်အရွယ်အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့်အသတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့တွင်အသက်၃၇နှစ်အရွယ်အမျိုးသားတစ်ဦးထိုးသွင်း ဒဏ်ရာဖြင့် အသတ်ခံရမူဖြစ်ပွားခဲ့ကြောင်းပြည်မြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ၁၆ ရက် ည၁၀နာရီကျော်အချိန်တွင် ပြည်မြို့၊ရွာဘဲရပ်ကွက်၊နေကျော်တန်းလမ်းအတွင်းနေထိုင်သူ ငြိမ်းချမ်(၃၇)နှစ်မှာ ထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေကြောင်း သိရသည်။

“သေဆုံးသူက သူနေတဲ့လမ်းထဲမှာပဲ ဒဏ်ရာနဲ့မှောက်နေတာတွေ့တော့ရပ်ကွက်ထဲက လူတွေက ဆေးရုံးကားနဲ့ခေါ်သွားတယ်။ကျွန်တော်တို့ဆီ ဖုန်းဆက်တော့ ဆေးရုံရောက်နေပြီ။ သူ့ကိုစစ်ကြည့်တော့ဝဲဘက်ရင်အုံနားမှာ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိနေတာကို တွေ့ရှိရပါတယ် ”ဟု ပြည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါလူသတ်မှုနှင့် ပတ်သက်ပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိပြီး ယင်းအမှုကို ပြည်မြို့မရဲစခန်း၌ (ပ)၁၁၇၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 - ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။