Skip to main content
ျပည္သူ႔ပါတီသုိ႔ ပါတီ၀င္အျဖစ္ ေလွ်ာက္ထားရာတြင္ NLD ပါတီမွ လူေဟာင္းမ်ားလည္းပါ၀င္
Ads Block

Akonthi Ads

ျပည္သူ႔ပါတီသုိ႔ ပါတီ၀င္အျဖစ္ ေလွ်ာက္ထားရာတြင္ NLD ပါတီမွ လူေဟာင္းမ်ားလည္းပါ၀င္

ျပည္သူ႔ပါတီသုိ႔ ပါတီ၀င္ အျဖစ္ ေလွ်ာက္ထားရာတြင္ NLD ပါတီမွ လူေဟာင္းမ်ားလည္း ပါ၀င္ေၾကာင္း ျပည္သူ႔ပါတီမွ ကုိမ်ဳိးခင္က  အကုန္သိသတင္းဌာနကို ေျပာသည္။

စက္တင္ဘာ ၆ရက္ စာရင္းဇယားမ်ားအရ ရန္ကင္းၿမဳိ႕နယ္မွ အဆုိျပဳေလွ်ာက္ထားသူ ၅၁ ဦး၊ လႈိင္သာယာမွ ၄၂ ဦးတုိ႔ ပါ၀င္ၿပီး ခရမ္းၿမဳိ႕နယ္မွ လူငယ္လူရြယ္မ်ားလည္း အဆုိျပဳေလွ်ာက္ထားေၾကာင္း သိရသည္။

’’ၾကားျဖတ္ကေတာ့ ေရြးေကာက္ပြဲေကာ္မရွင္က သတ္မွတ္ရက္ ေက်ာ္သြားေတာ့ ၀င္ၿပဳိင္ စာရင္းေပးဖုိ႔မမီေတာ့ဘူးေပါ့။ အခုအကုိ တုိ႔လုပ္ေနတာ ပါတီ၀င္ အင္အား စာရင္း လူတစ္ေထာင္ေပးဖုိ႔ေပါ့။ အခုေတာင္ ပါတီကုိ ယုံၾကည္လုိ႔ လူငယ္လူရြယ္ေတြေရာ NLD ပါတီက လူေဟာင္းေတြပါ ပါတယ္။ ပါတီ၀င္ အဆုိျပဳလႊာ ေလွ်ာက္ၾကတယ္။ အကုိတုိ႔က ႏုိင္ငံေရးကုိျပည္သူေတြ ျပန္စိတ္၀င္စားလာေအာင္ မွန္ကန္တဲ့မူ၀ါဒေတြ ခ်မွတ္ၿပီး ျပည္သူ႔အက်ဳိးေဆာင္ရြက္သြားမွာပါ’’ဟု ကုိမ်ဳိးခင္က ေျပာသည္။

ဦးကုိကုိႀကီး ေခါင္းေဆာင္ေသာ ျပည္သူ႔ပါတီအား ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ပါတီအမည္အား မူလရွစ္ေလးလုံးပါတီမွ ရွစ္ေလးလုံးျပည္သူပါတီအျဖစ္လည္းေကာင္း ေျပာင္းလဲခုိင္းခဲ့ၿပီး ေနာက္ဆုံးတြင္ ျပည္သ႔ူပါတီအျဖစ္လည္းေကာင္း အတည္ျပဳ ထူေထာင္ခြင့္ေပးခဲ့ေၾကာင္းသိရသည္။

ျပည္သူ႔ပါတီ၏ ရည္ရြယ္ခ်က္မွာ  ဆယ့္တစ္ခ်က္ရွိၿပီး ၄င္းတုိ႔ထဲတြင္ ႏုိင္ငံသားတုိင္း လူမ်ဳိး  ဆင္းရဲ ခ်မ္းသာ ဘာသာ အဆင့္အတန္း ခြဲျခားမႈ မရွိေစေရး၊ ႏုိင္ငံသားတုိင္း ဒီမုိကေရစီႏွင့္ လူ႔အခြင့္အေရး ခံစားရရွိေရး တုိ႔ပါ၀င္ေၾကာင္း သိရသည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ပြည်သူ့ပါတီသို့ ပါတီဝင်အဖြစ် လျှောက်ထားရာတွင် NLD ပါတီမှ လူဟောင်းများလည်းပါဝင်

ပြည်သူ့ပါတီသို့ ပါတီဝင် အဖြစ် လျှောက်ထားရာတွင် NLD ပါတီမှ လူဟောင်းများလည်း ပါဝင်ကြောင်း ပြည်သူ့ပါတီမှ ကိုမျိုးခင်က  အကုန်သိသတင်းဌာနကို ပြောသည်။

စက်တင်ဘာ ၆ရက် စာရင်းဇယားများအရ ရန်ကင်းမြို့နယ်မှ အဆိုပြုလျှောက်ထားသူ ၅၁ ဦး၊ လှိုင်သာယာမှ ၄၂ ဦးတို့ ပါဝင်ပြီး ခရမ်းမြို့နယ်မှ လူငယ်လူရွယ်များလည်း အဆိုပြုလျှောက်ထားကြောင်း သိရသည်။

’’ကြားဖြတ်ကတော့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ရက် ကျော်သွားတော့ ဝင်ပြိုင် စာရင်းပေးဖို့မမီတော့ဘူးပေါ့။ အခုအကို တို့လုပ်နေတာ ပါတီဝင် အင်အား စာရင်း လူတစ်ထောင်ပေးဖို့ပေါ့။ အခုတောင် ပါတီကို ယုံကြည်လို့ လူငယ်လူရွယ်တွေရော NLD ပါတီက လူဟောင်းတွေပါ ပါတယ်။ ပါတီဝင် အဆိုပြုလွှာ လျှောက်ကြတယ်။ အကိုတို့က နိုင်ငံရေးကိုပြည်သူတွေ ပြန်စိတ်ဝင်စားလာအောင် မှန်ကန်တဲ့မူဝါဒတွေ ချမှတ်ပြီး ပြည်သူ့အကျိုးဆောင်ရွက်သွားမှာပါ’’ဟု ကိုမျိုးခင်က ပြောသည်။

ဦးကိုကိုကြီး ခေါင်းဆောင်သော ပြည်သူ့ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီအမည်အား မူလရှစ်လေးလုံးပါတီမှ ရှစ်လေးလုံးပြည်သူပါတီအဖြစ်လည်းကောင်း ပြောင်းလဲခိုင်းခဲ့ပြီး နောက်ဆုံးတွင် ပြည်သ့ူပါတီအဖြစ်လည်းကောင်း အတည်ပြု ထူထောင်ခွင့်ပေးခဲ့ကြောင်းသိရသည်။

ပြည်သူ့ပါတီ၏ ရည်ရွယ်ချက်မှာ  ဆယ့်တစ်ချက်ရှိပြီး ၎င်းတို့ထဲတွင် နိုင်ငံသားတိုင်း လူမျိုး  ဆင်းရဲ ချမ်းသာ ဘာသာ အဆင့်အတန်း ခွဲခြားမှု မရှိစေရေး၊ နိုင်ငံသားတိုင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ခံစားရရှိရေး တို့ပါဝင်ကြောင်း သိရသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။