Skip to main content
လာမည့္ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈအေမရိကန္ေဒၚလာ ၅ ဒႆမ ၈ ဘီလ်ံခန္႔ရရွိရန္ ေမွ်ာ္မွန္းထားဟု ဆို 
Ads Block

Akonthi Ads

လာမည့္ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈအေမရိကန္ေဒၚလာ ၅ ဒႆမ ၈ ဘီလ်ံခန္႔ရရွိရန္ ေမွ်ာ္မွန္းထားဟု ဆို 

လာမည့္ ၂၀၁၈-၁၉ ဘ႑ာႏွစ္အတြင္း ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၅ ဒႆမ ၈ ဘီလ်ံခန္႔ ဝင္ေရာက္ရန္ ေမွ်ာ္မွန္းထားေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန (DICA) မွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ဦးသန္းေအာင္ေက်ာ္က ေျပာၾကားသည္။

လက္ရွိတြင္လည္း အဆိုပါ ေမွ်ာ္မွန္းခ်က္ျပည့္မီေစရန္ လုပ္ငန္းစဥ္မ်ားေဆာင္ရြက္ေရးအတြက္ အစီအစဥ္မ်ား ျပင္ဆင္ေရးဆြဲေနေၾကာင္း သိရသည္။

“၂၀၁၈-၁၉ ဘ႑ာႏွစ္ႀကီးေပါ့။ အဲ႔ဒီဘ႑ာႏွစ္အတြက္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ေဒၚလာ ၅ ဒႆ မ ၈ ဘီလ်ံ ေမ်ွာ္မွန္းထားတယ္။ ေမ်ွာ္မွန္းခ်က္ေတြ ျပည့္မီဖို႔ ေဆာင္ရြက္ရမယ့္အခ်က္ေတြ ေရးဆြဲေနတယ္။ ကုမၸဏီ ဥပေဒလည္း အသစ္ထြက္လာၿပီဆိုေတာ့ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြ ထပ္ဝင္လာႏုိင္တယ္” ဟု ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန (DICA) မွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္းေအာင္ေက်ာ္က ေျပာသည္။

ျမန္မာႏိုင္ငံကုမၸဏီအက္ဥပေဒအသစ္ ျပင္ဆင္ျပ႒ာန္းလုိက္သည့္အတြက္ ျပည္တြင္း၊ ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈမ်ား တိုးျမင့္ဝင္ေရာက္လာႏိုင္ၿပီး ရင္းႏွီးျမွဳပ္ႏွံမႈေမွ်ာ္မွန္းခ်က္ ျပည့္မီႏုိင္ေၾကာင္း ၄င္းက ဆက္ေျပာသည္။ 

ျမန္မာႏိုင္ငံသို႔ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းမ်ားေဆာင္ရြက္ရန္ အာရွႏိုင္ငံမ်ား၏ စိတ္ဝင္စားေလ့လာမႈ အေျခအေန သည္ ေလ်ာ့နည္းသြားျခင္းမရွိဘဲ အေမရိကန္ႏိုင္ငံ၊ အဂၤလန္ႏိုင္ငံတုိ႔ အပါအဝင္ ကမာၻ႔ထိပ္သီး ႏိုင္ငံမ်ားႏွင့္ အေနာက္ဥေရာပႏုိင္ငံမ်ားမွ ရင္းႏွီးျမွဳပ္ႏွံမႈ ဝင္ေရာက္လာျခင္းအားနည္းေနသျဖင့္ ယင္းႏိုင္ငံမ်ားမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားဝင္ေရာက္လာေစရန္ DICA အေနျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ႔သည့္ ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ ျပည္တြင္းသို႔ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈပမာဏအေမရိကန္ေဒၚလာ ၆ ဘီလ်ံ ဝင္ေရာက္ရန္ ေမွ်ာ္မွန္းထားခဲ့ၿပီး လ်ာထားခ်က္ျပည့္မီခဲ့ေၾကာင္း သိရသည္။

 - သင္းသင္းလႈိင္(အကုန္သိသတင္းဌာန)

Unicode version

လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလျံခန့်ရရှိရန် မျှော်မှန်းထားဟု ဆို 

လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလျံခန့် ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသန်းအောင်ကျော်က ပြောကြားသည်။

လက်ရှိတွင်လည်း အဆိုပါ မျှော်မှန်းချက်ပြည့်မီစေရန် လုပ်ငန်းစဉ်များဆောင်ရွက်ရေးအတွက် အစီအစဉ်များ ပြင်ဆင်ရေးဆွဲနေကြောင်း သိရသည်။

“၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကြီးပေါ့။ အဲ့ဒီဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒဿ မ ၈ ဘီလျံ မျှော်မှန်းထားတယ်။ မျှော်မှန်းချက်တွေ ပြည့်မီဖို့ ဆောင်ရွက်ရမယ့်အချက်တွေ ရေးဆွဲနေတယ်။ ကုမ္ပဏီ ဥပဒေလည်း အသစ်ထွက်လာပြီဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထပ်ဝင်လာနိုင်တယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေအသစ် ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့်အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ဝင်ရောက်လာနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက် ပြည့်မီနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ 

မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရန် အာရှနိုင်ငံများ၏ စိတ်ဝင်စားလေ့လာမှု အခြေအနေ သည် လျော့နည်းသွားခြင်းမရှိဘဲ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံတို့ အပါအဝင် ကမ္ဘာ့ထိပ်သီး နိုင်ငံများနှင့် အနောက်ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခြင်းအားနည်းနေသဖြင့် ယင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာစေရန် DICA အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၆ ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထားခဲ့ပြီး လျာထားချက်ပြည့်မီခဲ့ကြောင်း သိရသည်။

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။