Skip to main content
NCA လက္မွတ္မထိုးေသးေသာအဖြဲ႔မ်ား မပါဘဲ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ ယုတၱိမရွိဟု ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္မွ ဆုိ
Ads Block

NCA လက္မွတ္မထိုးေသးေသာအဖြဲ႔မ်ား မပါဘဲ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ ယုတၱိမရွိဟု ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္မွ ဆုိ

NCA လက္မွတ္မထိုးေသးေသာအဖြဲ႔မ်ား မပါဘဲ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားျပဳလုပ္ေနျခင္းမွာ ယုတၱိမရွိဟု ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္မွ ေဒၚခြန္ဂ်ာ က အကုန္သိသတင္းဌာနကို ေျပာသည္။

တုိက္ပြဲျဖစ္ေနေသာ အဖြဲ႔မ်ားမပါဘဲ ျပဳလုပ္သည့္ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားသည္ ယုတၱိမရွိဘဲ ၄င္းတုိ႔အျမန္ဆုံးပါ၀င္ျပီး အေျဖရွာသင့္ေၾကာင္း ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္မွ ေဒၚခြန္ဂ်ာက ေထာက္ျပေျပာဆိုသည္။

လက္ရွိတြင္ ေကအုိင္ေအ၊ ေအေအ၊ အက္စ္အက္စ္ ပီပီ၊ အမ္အမ္ဒီေအ၊ တီအမ္အယ္လ္ေအ စသည့္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားမွာ အပစ္ရပ္NCA လက္မွတ္ေရးထုိးရန္ က်န္ရွိေနေသးသည့္အဖြဲ႔မ်ားျဖစ္သည္။

အပစ္ရပ္လက္မွတ္ထုိးၿပီးေသာ အဖြဲ႔ဆယ္ဖြဲ႔မွာ ေကအင္န္ယူ၊ အာစီအက္စ္အက္စ္ (အက္စ္အက္စ္ေအ) ၊ စီအန္အက္ဖ္၊မြန္ျပည္သစ္ပါတီ၊ လားဟူဒီမုိကရက္တစ္ပါတီ စသည့္ အဖြဲ႔ဆယ္ဖြဲ႔မွာ အပစ္ရပ္ လက္မွတ္ထုိးၿပီးျဖစ္ေၾကာင္း သိရသည္။

’’ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လုိ႔ရွိရင္ ေလာေလာဆယ္အေနနဲ႔ ျမန္မာျပည္ရဲ႕ ၿငိမ္းခ်မ္းေရးဟာ တုိက္ခုိက္မႈေတြ ရပ္ဆုိင္းဖုိ႔ ပထမဦးဆုံး လုိအပ္ေနတဲ့ အေျခအေနျဖစ္ေနတယ္။ ေလာေလာဆယ္အေနနဲ႔ ဒီအဖြဲ႔ဆယ္ဖြဲ႔က လက္မွတ္ထုိးၿပီးလုိ႔ျဖစ္တယ္ ဆုိေပမယ့္လည္း ေလာေလာဆယ္ သူတုိ႔ေတြ တပ္အင္အား ပမာဏနဲ႔ စာလုိ႔ရွိရင္ အျပင္မွာ FDMCC ေအာက္မွာရွိေနတဲ့ အဖြဲ႔ ၇ ဖြဲ႔ ရဲ႕ တပ္ဖြဲ႔အင္အားကေတာ့ ငါးဆေလာက္ရွိေနတယ္။ တုိက္ခုိက္ေနတဲ့ အဖြဲ႔က အနည္းဆုံး ငါးဆေလာက္ရွိေနတဲ့ အခ်ိန္မွာ တုိက္ေနတဲ့အဖြဲ႔ေတြမပါဘဲ ဒီ၂၁ ရာစု ပင္လုံကမွ ၿငိမ္းခ်မ္းေရးကုိ ရွာေဖြမယ္ဆုိရင္ အင္မတန္မွ ယုတၱိမရွိသလုိျဖစ္ေနပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ၿငိမ္းခ်မ္းေရးအရ ေဆြးေႏြးေပမဲ့ အဲဒီရလဒ္ေတြဟာ ေျမျပင္မွာ သက္ေရာက္မႈမရွိဘူး။ ဒါေၾကာင့္ အကုန္လုံးျပန္ပါ၀င္ဖုိ႔ နည္းလမ္းတစ္ခုကေတာ့ လုိအပ္ပါေသးတယ္’’ဟုေဒၚခြန္ဂ်ာ က ေျပာသည္။

NCA လက္မွတ္မထိုးေသးေသာအဖြဲ႔မ်ား မပါဘဲ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ ယုတၱိမရွိဟု ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္မွ ဆုိ

ကခ်င္ျပည္နယ္ တြင္ လက္ရွိ စစ္ေဘးေရွာင္စခန္း ၁၇၂ ခုရွိျပီး  စစ္ေဘးေရွာင္ျပည္သူေပါင္း တစ္သိန္း ေလးေသာင္းခန္႔ရွိေၾကာင္း သိရသည္ ။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

NCA လက်မှတ်မထိုးသေးသောအဖွဲ့များ မပါဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ယုတ္တိမရှိဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဆို

NCA လက်မှတ်မထိုးသေးသောအဖွဲ့များ မပါဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေခြင်းမှာ ယုတ္တိမရှိဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာ က အကုန်သိသတင်းဌာနကို ပြောသည်။

တိုက်ပွဲဖြစ်နေသော အဖွဲ့များမပါဘဲ ပြုလုပ်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ယုတ္တိမရှိဘဲ ၎င်းတို့အမြန်ဆုံးပါဝင်ပြီး အဖြေရှာသင့်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ထောက်ပြပြောဆိုသည်။

လက်ရှိတွင် ကေအိုင်အေ၊ အေအေ၊ အက်စ်အက်စ် ပီပီ၊ အမ်အမ်ဒီအေ၊ တီအမ်အယ်လ်အေ စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ အပစ်ရပ်NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့်အဖွဲ့များဖြစ်သည်။

အပစ်ရပ်လက်မှတ်ထိုးပြီးသော အဖွဲ့ဆယ်ဖွဲ့မှာ ကေအင်န်ယူ၊ အာစီအက်စ်အက်စ် (အက်စ်အက်စ်အေ) ၊ စီအန်အက်ဖ်၊မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်ပါတီ စသည့် အဖွဲ့ဆယ်ဖွဲ့မှာ အပစ်ရပ် လက်မှတ်ထိုးပြီးဖြစ်ကြောင်း သိရသည်။

’’ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင် လောလောဆယ်အနေနဲ့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဟာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ ပထမဦးဆုံး လိုအပ်နေတဲ့ အခြေအနေဖြစ်နေတယ်။ လောလောဆယ်အနေနဲ့ ဒီအဖွဲ့ဆယ်ဖွဲ့က လက်မှတ်ထိုးပြီးလို့ဖြစ်တယ် ဆိုပေမယ့်လည်း လောလောဆယ် သူတို့တွေ တပ်အင်အား ပမာဏနဲ့ စာလို့ရှိရင် အပြင်မှာ FDMCC အောက်မှာရှိနေတဲ့ အဖွဲ့ ၇ ဖွဲ့ ရဲ့ တပ်ဖွဲ့အင်အားကတော့ ငါးဆလောက်ရှိနေတယ်။ တိုက်ခိုက်နေတဲ့ အဖွဲ့က အနည်းဆုံး ငါးဆလောက်ရှိနေတဲ့ အချိန်မှာ တိုက်နေတဲ့အဖွဲ့တွေမပါဘဲ ဒီ၂၁ ရာစု ပင်လုံကမှ ငြိမ်းချမ်းရေးကို ရှာဖွေမယ်ဆိုရင် အင်မတန်မှ ယုတ္တိမရှိသလိုဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးအရ ဆွေးနွေးပေမဲ့ အဲဒီရလဒ်တွေဟာ မြေပြင်မှာ သက်ရောက်မှုမရှိဘူး။ ဒါကြောင့် အကုန်လုံးပြန်ပါဝင်ဖို့ နည်းလမ်းတစ်ခုကတော့ လိုအပ်ပါသေးတယ်’’ဟုဒေါ်ခွန်ဂျာ က ပြောသည်။

ကချင်ပြည်နယ် တွင် လက်ရှိ စစ်ဘေးရှောင်စခန်း ၁၇၂ ခုရှိပြီး  စစ်ဘေးရှောင်ပြည်သူပေါင်း တစ်သိန်း လေးသောင်းခန့်ရှိကြောင်း သိရသည် ။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။