Skip to main content
လိင္တူဆက္ဆံမႈ တရား၀င္ဟု အိႏၵိယတရားရုံးခ်ဳပ္ ဆုံးျဖတ္
Ads Block

လိင္တူဆက္ဆံမႈ တရား၀င္ဟု အိႏၵိယတရားရုံးခ်ဳပ္ ဆုံးျဖတ္

ႏုိင္ငံမွာ လိင္တူဆက္ဆံမႈကုိ ရာဇ၀တ္ျပစ္မႈတစ္ခုအျဖစ္ သတ္မွတ္ေတာ့မွာ မဟုတ္ေၾကာင္း အိႏၵိယတရားရုံးခ်ဳပ္က သမုိင္း၀င္ေစမယ့္ ဆုံးျဖတ္ခ်က္ကုိ စက္တင္ဘာ ၆ ရက္ေန ့မွာ ခ်မွတ္လုိက္တယ္လုိ ့ သိရပါတယ္။ 

ပုဒ္မ ၃၇၇ လုိ ့သိၾကတဲ့ ကုိလုိနီေခတ္ ဥပေဒကုိ ေထာက္ခံကာ လိင္တူဆက္ဆံမႈကုိ သဘာ၀နဲ ့ဆန္႔က်င္တဲ့ ျပစ္မႈတစ္ခုအျဖစ္ ၂၀၁၃ ခုႏွစ္က သတ္မွတ္ျပ႒ာန္းထားခဲ့မႈကုိ အခုဆုံးျဖတ္ခ်က္က ေျပာင္းျပန္လွန္လုိက္တာျဖစ္ပါတယ္။ လိင္တူဆက္ဆံမႈ ျပစ္မႈေျမာက္တယ္ဆုိတာဟာ ကမာၻ ့ေရွးအက်ဆုံး ဥပေဒေတြထဲကတစ္ခုျဖစ္ၿပီး အိႏၵိယမွာ ယင္း ဥပေဒကုိ ဖ်က္သိမ္းပစ္ဖုိ ့ တြန္ ့ဆုတ္ေနခဲ့ပါတယ္။ သုိ ့ေပမယ့္ မၾကာခင္ႏွစ္ေတြအတြင္းက အိႏၵိယမွာ လိင္တူဆက္ဆံမႈေတြကုိ ျပစ္မႈအျဖစ္က ပယ္ဖ်က္ေရး တုိက္တြန္းေတာင္းဆုိမႈမ်ားစြာ ေပၚေပါက္ခဲ့ပါတယ္။ “လူအခ်င္းခ်င္း ကာမဆက္ဆံျခင္းက ျပစ္မႈေျမာက္တယ္ဆုိတာဟာ စဥ္းစားဆင္ျခင္ဥာဏ္နည္းၿပီး တစ္ဖက္သတ္ဆန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ကာ အေျခခံဥပေဒစည္းမ်ဥ္းေတြနဲ ့မကုိက္ညီဘူးဆုိတာ ထင္ရွားပါတယ္” လုိ ့ တရားသူႀကီးခ်ဳပ္ ဒီပတ္မစၥရာက စီရင္ခ်က္ကုိ ဖတ္ၾကားစဥ္ ေျပာဆုိခဲ့ပါတယ္။ 

လိင္တူဆက္ဆံမႈ တရား၀င္ဟု အိႏၵိယတရားရုံးခ်ဳပ္ ဆုံးျဖတ္

ယခု ဆုံးျဖတ္ခ်က္ကုိ လူသိရွင္ၾကား ထုတ္ေဖာ္ေၾကညာခဲ့ခ်ိန္မွာ တရားရုံးအျပင္မွာ ေစာင့္ေနတဲ့ လိင္တူအခြင့္အေရး လႈပ္ရွားသူေတြက ၾသဘာေပးခဲ့ၾကသလုိ အခ်ဳိ ့သူေတြ မ်က္ရည္ပါ က်ခဲ့ၾကပါတယ္။

 - ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

လိင်တူဆက်ဆံမှု တရားဝင်ဟု အိန္ဒိယတရားရုံးချုပ် ဆုံးဖြတ်

နိုင်ငံမှာ လိင်တူဆက်ဆံမှုကို ရာဇဝတ်ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်တော့မှာ မဟုတ်ကြောင်း အိန္ဒိယတရားရုံးချုပ်က သမိုင်းဝင်စေမယ့် ဆုံးဖြတ်ချက်ကို စက်တင်ဘာ ၆ ရက်နေ့မှာ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

လိင်တူဆက်ဆံမှု တရားဝင်ဟု အိန္ဒိယတရားရုံးချုပ် ဆုံးဖြတ်

ပုဒ်မ ၃၇၇ လို့သိကြတဲ့ ကိုလိုနီခေတ် ဥပဒေကို ထောက်ခံကာ လိင်တူဆက်ဆံမှုကို သဘာဝနဲ့ဆန့်ကျင်တဲ့ ပြစ်မှုတစ်ခုအဖြစ် ၂၀၁၃ ခုနှစ်က သတ်မှတ်ပြဋ္ဌာန်းထားခဲ့မှုကို အခုဆုံးဖြတ်ချက်က ပြောင်းပြန်လှန်လိုက်တာဖြစ်ပါတယ်။ လိင်တူဆက်ဆံမှု ပြစ်မှုမြောက်တယ်ဆိုတာဟာ ကမ္ဘာ့ရှေးအကျဆုံး ဥပဒေတွေထဲကတစ်ခုဖြစ်ပြီး အိန္ဒိယမှာ ယင်း ဥပဒေကို ဖျက်သိမ်းပစ်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ သို့ပေမယ့် မကြာခင်နှစ်တွေအတွင်းက အိန္ဒိယမှာ လိင်တူဆက်ဆံမှုတွေကို ပြစ်မှုအဖြစ်က ပယ်ဖျက်ရေး တိုက်တွန်းတောင်းဆိုမှုများစွာ ပေါ်ပေါက်ခဲ့ပါတယ်။ “လူအချင်းချင်း ကာမဆက်ဆံခြင်းက ပြစ်မှုမြောက်တယ်ဆိုတာဟာ စဉ်းစားဆင်ခြင်ဉာဏ်နည်းပြီး တစ်ဖက်သတ်ဆန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကာ အခြေခံဥပဒေစည်းမျဉ်းတွေနဲ့မကိုက်ညီဘူးဆိုတာ ထင်ရှားပါတယ်” လို့ တရားသူကြီးချုပ် ဒီပတ်မစ္စရာက စီရင်ချက်ကို ဖတ်ကြားစဉ် ပြောဆိုခဲ့ပါတယ်။ 

ယခု ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ကြေညာခဲ့ချိန်မှာ တရားရုံးအပြင်မှာ စောင့်နေတဲ့ လိင်တူအခွင့်အရေး လှုပ်ရှားသူတွေက သြဘာပေးခဲ့ကြသလို အချို့သူတွေ မျက်ရည်ပါ ကျခဲ့ကြပါတယ်။

 - ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: BBC

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။