Skip to main content
အင္တာနက္စီးပြားေရးလုပ္ငန္းပိုင္း ပိုမိုက်ယ္ျပန္လာရန္ အစိုးရအေနျဖင့္ လုပ္ငန္းရွင္မ်ားနွင့္နီးစပ္ရာတြင္ အၿမဲေစာင့္ၾကည့္ေနဖို႔လိုဟု ဆို
Ads Block

အင္တာနက္ စီးပြားေရး လုပ္ငန္းပိုင္း ပိုမိုက်ယ္ျပန္လာရန္ အစိုးရအေနျဖင့္ လုပ္ငန္းရွင္မ်ားနွင့္နီးစပ္ရာတြင္ အၿမဲေစာင့္ၾကည့္ေနဖို႔လိုဟု ဆို

ျမန္မာႏိုင္ငံ၏ အင္တာနက္စီးပြားေရးစနစ္ ယခုထက္ပိုမိုက်ယ္ျပန္႔လာေစရန္ႏွင့္ စည္းကမ္းတက်ျဖစ္လာေစရန္ အတြက္ အစိုးရအေနျဖင့္ အၿမဲေစာင့္ၾကည္ေနရန္လိုအပ္ေၾကာင္း Global Technology Group ၏ မန္ေနဂ်င္း ဒါရုိက္တာ ဦးမင္းေဆြလႈိင္က ဆိုသည္။ 

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ သက္ဆိုင္ရာ ေဒသအသီးသီးတြင္ အေျခစိုက္ရုံးထားရွိၿပီး ေစ်းကြက္အေျခအေနကို ေစာင့္ၾကည္ရန္လိုအပ္ေၾကာင္း ၄င္းကဆိုသည္။

“အဓိကကေတာ့ လုပ္ငန္းရွင္ေတြအေနနဲ႔ကေတာ့ သူတို႔ရဲ႕ အင္တာနက္ဆက္သြယ္မႈ အားေကာင္းေအာင္ ေန႔ စဥ္နဲ႔အမ်ွ ေစာင့္ၾကည့္ၿပီး ျပင္ဆင္ေနၾကတယ္။ အစိုးရကလည္း ဒါကိုသိေနဖို႔လိုအပ္ပါတယ္။ သက္ဆိုင္ရာတိုင္း ေဒသႀကီးႏွင့္ ျပည္နယ္အစိုးရ အသီးသီးက ျပည္ေထာင္စုအစိုးရကို တိက်တဲ့ ေစ်းကြက္တိုးတက္ေနမႈကို အသိ ေပးႏုိင္ဖို႔ လိုအပ္တယ္လို႔” ဟု ဦးမင္းေဆြလႈိင္က ေျပာသည္။

လက္ရိွအခ်ိန္တြင္ အစိုးရအေနျဖင့္ အဆိုပါ ေစ်းကြက္ကို ေစာင့္ၾကည့္အကဲျဖတ္ေနသည့္ ရုံးကို ရန္ကုန္တြင္ စတင္ထားရွိရန္ စီစဥ္ေနၿပီျဖစ္ကာ ေနာက္ငါးႏွစ္တြင္ ေစ်းကြက္အေျခအေန၏ ေျပာင္းလဲလာမႈကို ေစာင့္ၾ ကည့္ရမည္ ျဖစ္သည္ဟု ဦးမင္းေဆြလႈိင္၏ ေျပာၾကားခ်က္အရ သိရသည္။ 

အင္တာနက္စီးပြားေရး စနစ္၏ ေျပာင္းလဲေနမႈ အေျခအေနမ်ားကို သိရွိႏုိင္ရန္ အစိုးရအေနျဖင့္ ေစ်းကြက္ထဲ တြင္ ရွိေနဖို႔လိုအပ္ၿပီး လုပ္ငန္းရွင္မ်ားႏွင့္ ေဆြးေႏြးပြဲမ်ား မၾကာခဏျပဳလုပ္ရန္လည္း လိုအပ္ေၾကာင္း ၄င္းက ဆိုသည္။

 - ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode version

အင်တာနက်စီးပွားရေးလုပ်ငန်းပိုင်း ပိုမိုကျယ်ပြန်လာရန် အစိုးရအနေဖြင့် လုပ်ငန်းရှင်များနှင့်နီးစပ်ရာတွင် အမြဲစောင့်ကြည့်နေဖို့လိုဟု ဆို

မြန်မာနိုင်ငံ၏ အင်တာနက်စီးပွားရေးစနစ် ယခုထက်ပိုမိုကျယ်ပြန့်လာစေရန်နှင့် စည်းကမ်းတကျဖြစ်လာစေရန် အတွက် အစိုးရအနေဖြင့် အမြဲစောင့်ကြည်နေရန်လိုအပ်ကြောင်း Global Technology Group ၏ မန်နေဂျင်း ဒါရိုက်တာ ဦးမင်းဆွေလှိုင်က ဆိုသည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာ ဒေသအသီးသီးတွင် အခြေစိုက်ရုံးထားရှိပြီး ဈေးကွက်အခြေအနေကို စောင့်ကြည်ရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

“အဓိကကတော့ လုပ်ငန်းရှင်တွေအနေနဲ့ကတော့ သူတို့ရဲ့ အင်တာနက်ဆက်သွယ်မှု အားကောင်းအောင် နေ့ စဉ်နဲ့အမျှ စောင့်ကြည့်ပြီး ပြင်ဆင်နေကြတယ်။ အစိုးရကလည်း ဒါကိုသိနေဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ အသီးသီးက ပြည်ထောင်စုအစိုးရကို တိကျတဲ့ ဈေးကွက်တိုးတက်နေမှုကို အသိ ပေးနိုင်ဖို့ လိုအပ်တယ်လို့” ဟု ဦးမင်းဆွေလှိုင်က ပြောသည်။

လက်ရှိအချိန်တွင် အစိုးရအနေဖြင့် အဆိုပါ ဈေးကွက်ကို စောင့်ကြည့်အကဲဖြတ်နေသည့် ရုံးကို ရန်ကုန်တွင် စတင်ထားရှိရန် စီစဉ်နေပြီဖြစ်ကာ နောက်ငါးနှစ်တွင် ဈေးကွက်အခြေအနေ၏ ပြောင်းလဲလာမှုကို စောင့်ြ ကည့်ရမည် ဖြစ်သည်ဟု ဦးမင်းဆွေလှိုင်၏ ပြောကြားချက်အရ သိရသည်။ 

အင်တာနက်စီးပွားရေး စနစ်၏ ပြောင်းလဲနေမှု အခြေအနေများကို သိရှိနိုင်ရန် အစိုးရအနေဖြင့် ဈေးကွက်ထဲ တွင် ရှိနေဖို့လိုအပ်ပြီး လုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ရန်လည်း လိုအပ်ကြောင်း ၎င်းက ဆိုသည်။

 - ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။