Skip to main content
ေဆာက္လုပ္ေရးလုပ္ငန္းခြင္စစ္ေဆးေနသည့္ အင္ဂ်င္နီယာအမ်ိဳးသမီး ၁၅ ေပအနက္ရွိတြင္းထဲသို႔ ေျခေခ်ာ္ျပဳတ္က်မႈျဖစ္ပြား 
Ads Block

Akonthi Ads

ေဆာက္လုပ္ေရးလုပ္ငန္းခြင္စစ္ေဆးေနသည့္ အင္ဂ်င္နီယာအမ်ိဳးသမီး ၁၅ ေပအနက္ရွိတြင္းထဲသို႔ ေျခေခ်ာ္ျပဳတ္က်မႈျဖစ္ပြား 

မဂၤလာဒံုၿမိဳ႕နယ္တြင္ ေဆာက္လုပ္ေနဆဲ ဘီစကစ္စက္ရုံဝန္းအတြင္းရွိ ဆားဗစ္တြင္းထဲသို႔ ယေန႔ (စက္တင္ဘာလ ၃ ရက္)၊ နံနက္ပိုင္းက လုပ္ငန္းခြင္စစ္ေဆးေနသည့္ အင္ဂ်င္နီယာ အမ်ိဳးသမီးတစ္ဦး ျပဳတ္က်သြားေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ပိုင္းခ႐ိုင္၊ မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္းကြၽန္းႀကီးေက်းရြာ၊ ရန္ကုန္ စက္မႈဇုန္၊ ေဇကမၻာဝန္း၊ အာတူးလမ္းမႀကီးေပၚရွိ ျပင္ဆင္ေဆာက္လုပ္ဆဲ ဘီစကစ္စက္႐ုံတြင္ စက္တင္ဘာလ ၃ ရက္၊ နံနက္ ၁၀ နာရီ ၂၀ မိနစ္ခန္႔က အလ်ား ၈ ေပ၊ အနံ ၁၅ ေပ၊ အနက္ ၁၅ ေပရွိ ဆားဗစ္တြင္းထဲသို႔ လုပ္ငန္းခြင္စစ္ေဆးေနသည့္ အင္ဂ်င္နီယာျဖစ္သူ မစုျမတ္စႏၵာ၊ (၂၇)ႏွစ္သည္ ေျခေခ်ာ္ျပဳတ္က်သြားေၾကာင္း ေျမာက္ဥကၠလာပၿမိဳ႕နယ္မီးသတ္စခန္းမွ သိရသည္။

“စက္ရုံရဲ႕ေဘးမွာရွိတဲ့ ဆားဗစ္တြင္းေပါ့။ အဲဒီထဲကို သူက လုပ္ငန္းခြင္စစ္ေဆးေနတာကေန ေျခေခ်ာ္ ျပဳတ္က်သြားတယ္ဆိုၿပီး ကြ်န္ေတာ္တို႔ဆီ သတင္းဝင္လာလို႔ သြားၿပီးကယ္ဆယ္ကူညီေပးခဲ့တယ္။ သူကေတာ့ တင္ပါးဆုံရိုးက်ိဳးသြားတယ္။ ေပါင္က်ိဳးတယ္လို႔ ယူဆရတယ္” ဟု ေျမာက္ဥကၠလာပ ၿမိဳ႕နယ္မီးသတ္စခန္းမွ စခန္းမွဴးဦးတင္ထြန္းေအာင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ေဆာက္လုပ္ေရးလုပ္ငန္းခြင္စစ္ေဆးေနသည့္ အင္ဂ်င္နီယာအမ်ိဳးသမီး ၁၅ ေပအနက္ရွိတြင္းထဲသို႔ ေျခေခ်ာ္ျပဳတ္က်မႈျဖစ္ပြား 

အဆိုပါေနရာသို႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္မီးသတ္စခန္းမွ စခန္းမွဴးဦးတင္ထြန္းေအာင္ဦးေဆာင္၍ သေႏၶမီးသတ္ တပ္ဖြဲ႔ဝင္ ၈ ဦး၊ အရန္မီးသတ္တပ္ဖြဲ႔ဝင္ ၅ ဦး၊ ႐ွာေဖြကယ္ဆယ္ေရးယာဥ္ ၁ စီး၊ ေထာက္ၾကန္႔ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္စက္ယာဥ္ ၁ စီး၊ နာေရးကူညီမႈအသင္း(ရန္ကုန္)သီးသန္႔ မီးသတ္တပ္ဖြဲ႔မွ လူနာတင္ယာဥ္ ၁ စီးႏွင့္ OSC ေဆး႐ုံမွ လူနာတင္ယာဥ္ ၁ စီးျဖင့္ ကယ္ဆယ္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ရာ နံနက္ ၁၁ နာရီ ၁၅ မိနစ္ခန္႔တြင္ ယင္းအမ်ိဳးသမီးအား အသက္႐ွင္လ်က္ ေအာင္ျမင္စြာကယ္ထုတ္ႏိုင္ခဲ့ၿပီး OSC ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

 - ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

ဓာတ္ပုံ-North Okkalapa Fire Station

Unicode version

ဆောက်လုပ်ရေးလုပ်ငန်းခွင်စစ်ဆေးနေသည့် အင်ဂျင်နီယာအမျိုးသမီး ၁၅ ပေအနက်ရှိတွင်းထဲသို့ ခြေချော်ပြုတ်ကျမှုဖြစ်ပွား 

မင်္ဂလာဒုံမြို့နယ်တွင် ဆောက်လုပ်နေဆဲ ဘီစကစ်စက်ရုံဝန်းအတွင်းရှိ ဆားဗစ်တွင်းထဲသို့ ယနေ့ (စက်တင်ဘာလ ၃ ရက်)၊ နံနက်ပိုင်းက လုပ်ငန်းခွင်စစ်ဆေးနေသည့် အင်ဂျင်နီယာ အမျိုးသမီးတစ်ဦး ပြုတ်ကျသွားကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်စစ်ဆေးနေသည့် အင်ဂျင်နီယာအမျိုးသမီး ၁၅ ပေအနက်ရှိတွင်းထဲသို့ ခြေချော်ပြုတ်ကျမှုဖြစ်ပွား 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ရန်ကုန် စက်မှုဇုန်၊ ဇေကမ္ဘာဝန်း၊ အာတူးလမ်းမကြီးပေါ်ရှိ ပြင်ဆင်ဆောက်လုပ်ဆဲ ဘီစကစ်စက်ရုံတွင် စက်တင်ဘာလ ၃ ရက်၊ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က အလျား ၈ ပေ၊ အနံ ၁၅ ပေ၊ အနက် ၁၅ ပေရှိ ဆားဗစ်တွင်းထဲသို့ လုပ်ငန်းခွင်စစ်ဆေးနေသည့် အင်ဂျင်နီယာဖြစ်သူ မစုမြတ်စန္ဒာ၊ (၂၇)နှစ်သည် ခြေချော်ပြုတ်ကျသွားကြောင်း မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ သိရသည်။

“စက်ရုံရဲ့ဘေးမှာရှိတဲ့ ဆားဗစ်တွင်းပေါ့။ အဲဒီထဲကို သူက လုပ်ငန်းခွင်စစ်ဆေးနေတာကနေ ခြေချော် ပြုတ်ကျသွားတယ်ဆိုပြီး ကျွန်တော်တို့ဆီ သတင်းဝင်လာလို့ သွားပြီးကယ်ဆယ်ကူညီပေးခဲ့တယ်။ သူကတော့ တင်ပါးဆုံရိုးကျိုးသွားတယ်။ ပေါင်ကျိုးတယ်လို့ ယူဆရတယ်” ဟု မြောက်ဥက္ကလာပ မြို့နယ်မီးသတ်စခန်းမှ စခန်းမှူးဦးတင်ထွန်းအောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါနေရာသို့ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ စခန်းမှူးဦးတင်ထွန်းအောင်ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ ထောက်ကြန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ် ၁ စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)သီးသန့် မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ် ၁ စီးနှင့် OSC ဆေးရုံမှ လူနာတင်ယာဉ် ၁ စီးဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ယင်းအမျိုးသမီးအား အသက်ရှင်လျက် အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပြီး OSC ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 - နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

ဓာတ်ပုံ-North Okkalapa Fire Station

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။