Skip to main content
အႏုပညာသက္တမ္း ၁၀ ႏွစ္ျပည့္မွာ ပရိသတ္ေတြနဲ႔ ေတြ႔ဆံုပြဲလုပ္ခဲ့တဲ့ ေဆာင္းဂၽြန္ဂီ 
Ads Block

Akonthi Ads

အႏုပညာသက္တမ္း ၁၀ ႏွစ္ျပည့္မွာ ပရိသတ္ေတြနဲ႔ ေတြ႔ဆံုပြဲလုပ္ခဲ့တဲ့ ေဆာင္းဂၽြန္ဂီ 

ေတာင္ကိုရီးယားနာမည္ေက်ာ္ မင္းသား ေဆာင္းဂၽြန္ဂီသည္ အႏုပညာသက္တမ္း ၁၀ ႏွစ္ျပည့္အထိမ္းအမွတ္မွာ သူ႔ရဲ႔ ပရိသတ္ေတြနဲ႔ ေတြ႔ဆံုပြဲကို Kyung Hee တကၠသို္လ္မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

အာရွတလႊားမွ ပရိသတ္မ်ားအျပင္ တရုတ္၊ ထိုင္၀မ္၊ ေဟာင္ေကာင္၊ စင္ကာပူႏိုင္ငံေတြမွ ပရိသတ္မ်ားလည္းလာေရာက္ကာ အခမ္းအနားအတြက္ ပန္းအလွဆင္ရာမွာ ပါ၀င္ကူညီခဲ့ၾကပါတယ္။ သူ႔ရဲ႔ fan club ကေတာ့ ကိတ္မုန္႔ျပဳလုပ္ေပးခဲ့တယ္လို႔ သိရပါတယ္။ ေဆာင္းဂၽြန္ဂီက သူ႔အႏုပညာသက္တမ္းတေလ်ာက္ ႀကံဳေတြ႔ခဲ့ရတဲ့ အျဖစ္အပ်က္ေတြ ဇာတ္ကားရိုက္ကူးေနရင္း ၾကံဳခဲ့ရတဲ့ ရယ္စရာအေၾကာင္းေတြကို ေျပာျပခဲ့ပါတယ္။

မင္းသားတစ္ေယာက္အေနနဲ႔ သူ႔ရဲ႔ ေတြးေခၚယူဆမႈအပိုင္းေတြကိုပါ မွ်ေ၀ခဲ့ပါတယ္။ ေတြ႔ဆံုပြဲ ေနာက္တစ္ပိုင္းမွာေတာ့ ပရိ္သတ္ေတြနဲ႔ ပိုျပီး ရင္းရင္းနီးနီးရွိေစဖို႔အတြက္ talk show ပံုစံေျပာင္းလဲ က်င္းပၿပီး ပရိသတ္ေတြ ပို႔ထားတဲ့ စာေတြကို ဖတ္ကာ အေမးအေျဖ သေဘာမ်ိဳးျပဳလုပ္ခဲ့ပါတယ္။ ေဆာင္းဂၽြန္ဂီရဲ႔ အခင္ဆံုးသူငယ္ခ်င္းရယ္လို႔ လူသိမ်ားတဲ့ running man အဖြဲ႔၀င္ လီဂြမ္ဆုူကလည္း အဆိုပါပြဲကို လာေရာက္ခဲ့ပါတယ္။ သူငယ္ခ်င္းႏွစ္ေယာက္က စင္ေပၚမွာ အတူတကြ VR ဂိမ္းေတြေဆာ့ခဲ့ျပီး တစ္ေယာက္နဲ႔တစ္ေယာက္ အျငင္းအခုန္ေတြျပဳလုပ္ခဲ့ပါတယ္။ 2PM အဖြဲ႔၀င္ ဂၽြန္ဟိုနဲ႔ မင္းသား ကင္မင္ေဆာက္တို႔က အထူးဧည့္သည္အေနျဖင့္ တက္ေရာက္ခဲ့ၾကပါတယ္။ တျခားနာမည္ၾကီး အႏုပညာရွင္ေပါင္းမ်ားစြာကလည္း ေဆာင္းဂၽြန္ဂီဆီကို ဂုဏ္ျပဳစာလႊာေတြ ေပးပို႔ခဲ့ၾကပါတယ္။

အႏုပညာသက္တမ္း ၁၀ ႏွစ္ျပည့္မွာ ပရိသတ္ေတြနဲ႔ ေတြ႔ဆံုပြဲလုပ္ခဲ့တဲ့ ေဆာင္းဂၽြန္ဂီ 

သူု႕ပရိသတ္ေတြဆီကို ကိုယ္တုိင္လက္ေရးနဲ႔ေရးထားတဲ့ စာကိုဖတ္ျပခဲ့ပါတယ္။ စာထဲမွာေတ့ာ “ ကၽြန္ေတာ့အႏုပညာသက္တမ္း ဆယ္ႏွစ္ျပည့္တဲ့ ဒီႏွစ္ေလးမွာ အ့ံၾသစရာေတြေရာ ထူးဆန္းတာေတြေရာ အျပည့္ပါပဲ။ ခုခ်ိန္ထိလည္း အေကာင္းဆံုးမိတ္ေဆြေတြနဲ႔ ေတြ႔ခြင့္ရခဲ့တယ္။ ဒီိလိုမ်ိဳးေရရွည္ရပ္တည္ႏိုင္တဲ့အတြက္ သူတို႔အားလံုးကို ေက်းဇူးတင္မိပါတယ္။ ခုခ်ိန္ကစၿပီး ၿပီးခဲ့တဲ့ဆယ္ႏွစ္နဲ႔ မတူေစမယ့္ အရာေတြကိုပဲ ထပ္မံဖန္တီး ၾကိဳးစားသြားပါေတ့ာမယ္။ ကၽြန္ေတာ့္ရဲ႕အေကာင္းဆံုး သရုပ္ေဆာင္ပိုင္းေတြကို ၾကိဳးစားျပသသြားပါမယ္။ ပရိသတ္ႀကီးနဲ႔ ဆယ္ႏွစ္တာ အတူတူ ျဖတ္သန္းခြင့္ ရရွိခဲ့တာက တကယ့္ကို ဂုဏ္ယူစရာပါပဲ။ အားလံုးကို ခ်စ္ပါတယ္” ဆိုၿပီး ပါ၀င္တာပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေဆာင္းဂၽြန္ဂီက Asdal ဆိုတဲ့ ဇာတ္ကားသစ္ရိုက္ကူးေရးအတြက္ ျပင္ဆင္ေနတာ ျဖစ္ျပီး ၂၀၁၉ ခုႏွစ္အစပိုင္းမွာ ထြက္ရွိမယ္လို႔ သိရွိရပါတယ္။

 - သဇင္ (အကုန္သိ သတင္းဌာန)

Unicode version

အနုပညာသက်တမ်း ၁၀ နှစ်ပြည့်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့တဲ့ ဆောင်းဂျွန်ဂီ 

တောင်ကိုရီးယားနာမည်ကျော် မင်းသား ဆောင်းဂျွန်ဂီသည် အနုပညာသက်တမ်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်မှာ သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကို Kyung Hee တက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အနုပညာသက်တမ်း ၁၀ နှစ်ပြည့်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့တဲ့ ဆောင်းဂျွန်ဂီ 

အာရှတလွှားမှ ပရိသတ်များအပြင် တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံတွေမှ ပရိသတ်များလည်းလာရောက်ကာ အခမ်းအနားအတွက် ပန်းအလှဆင်ရာမှာ ပါဝင်ကူညီခဲ့ကြပါတယ်။ သူ့ရဲ့ fan club ကတော့ ကိတ်မုန့်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆောင်းဂျွန်ဂီက သူ့အနုပညာသက်တမ်းတလျောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ဇာတ်ကားရိုက်ကူးနေရင်း ကြုံခဲ့ရတဲ့ ရယ်စရာအကြောင်းတွေကို ပြောပြခဲ့ပါတယ်။

မင်းသားတစ်ယောက်အနေနဲ့ သူ့ရဲ့ တွေးခေါ်ယူဆမှုအပိုင်းတွေကိုပါ မျှဝေခဲ့ပါတယ်။ တွေ့ဆုံပွဲ နောက်တစ်ပိုင်းမှာတော့ ပရိသတ်တွေနဲ့ ပိုပြီး ရင်းရင်းနီးနီးရှိစေဖို့အတွက် talk show ပုံစံပြောင်းလဲ ကျင်းပပြီး ပရိသတ်တွေ ပို့ထားတဲ့ စာတွေကို ဖတ်ကာ အမေးအဖြေ သဘောမျိုးပြုလုပ်ခဲ့ပါတယ်။ ဆောင်းဂျွန်ဂီရဲ့ အခင်ဆုံးသူငယ်ချင်းရယ်လို့ လူသိများတဲ့ running man အဖွဲ့ဝင် လီဂွမ်ဆုူကလည်း အဆိုပါပွဲကို လာရောက်ခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက်က စင်ပေါ်မှာ အတူတကွ VR ဂိမ်းတွေဆော့ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုန်တွေပြုလုပ်ခဲ့ပါတယ်။ 2PM အဖွဲ့ဝင် ဂျွန်ဟိုနဲ့ မင်းသား ကင်မင်ဆောက်တို့က အထူးဧည့်သည်အနေဖြင့် တက်ရောက်ခဲ့ကြပါတယ်။ တခြားနာမည်ကြီး အနုပညာရှင်ပေါင်းများစွာကလည်း ဆောင်းဂျွန်ဂီဆီကို ဂုဏ်ပြုစာလွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အနုပညာသက်တမ်း ၁၀ နှစ်ပြည့်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့တဲ့ ဆောင်းဂျွန်ဂီ 

သူု့ပရိသတ်တွေဆီကို ကိုယ်တိုင်လက်ရေးနဲ့ရေးထားတဲ့ စာကိုဖတ်ပြခဲ့ပါတယ်။ စာထဲမှာတေ့ာ “ ကျွန်တော့အနုပညာသက်တမ်း ဆယ်နှစ်ပြည့်တဲ့ ဒီနှစ်လေးမှာ အံ့သြစရာတွေရော ထူးဆန်းတာတွေရော အပြည့်ပါပဲ။ ခုချိန်ထိလည်း အကောင်းဆုံးမိတ်ဆွေတွေနဲ့ တွေ့ခွင့်ရခဲ့တယ်။ ဒီလိုမျိုးရေရှည်ရပ်တည်နိုင်တဲ့အတွက် သူတို့အားလုံးကို ကျေးဇူးတင်မိပါတယ်။ ခုချိန်ကစပြီး ပြီးခဲ့တဲ့ဆယ်နှစ်နဲ့ မတူစေမယ့် အရာတွေကိုပဲ ထပ်မံဖန်တီး ကြိုးစားသွားပါတေ့ာမယ်။ ကျွန်တော့်ရဲ့အကောင်းဆုံး သရုပ်ဆောင်ပိုင်းတွေကို ကြိုးစားပြသသွားပါမယ်။ ပရိသတ်ကြီးနဲ့ ဆယ်နှစ်တာ အတူတူ ဖြတ်သန်းခွင့် ရရှိခဲ့တာက တကယ့်ကို ဂုဏ်ယူစရာပါပဲ။ အားလုံးကို ချစ်ပါတယ်” ဆိုပြီး ပါဝင်တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆောင်းဂျွန်ဂီက Asdal ဆိုတဲ့ ဇာတ်ကားသစ်ရိုက်ကူးရေးအတွက် ပြင်ဆင်နေတာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်အစပိုင်းမှာ ထွက်ရှိမယ်လို့ သိရှိရပါတယ်။

 - သဇင် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။