Skip to main content
သုံးဘီးဆိုင္ကယ္ျဖင့္ ေက်ာင္းသြားတက္သည့္ ကေလးငယ္ ၁၆ ဦး လမ္းတြင္ ယာဥ္တိုက္မႈျဖစ္၍  ၁၂ ဦးဒဏ္ရာရ
Ads Block

သုံးဘီးဆိုင္ကယ္ျဖင့္ ေက်ာင္းသြားတက္သည့္ ကေလးငယ္ ၁၆ ဦး လမ္းတြင္ ယာဥ္တိုက္မႈျဖစ္၍  ၁၂ ဦးဒဏ္ရာရ

ေကာ့ေသာင္းၿမိဳ႕နယ္တြင္ ေက်ာင္းသားေက်ာင္းသူ ၁၆ ဦး ေက်ာင္းသြားတက္ရန္ စီးနင္းလိုက္ပါလာ သည့္ သုံးဘီးဆိုင္ကယ္ႏွင့္ ယုဇနဆီအုန္းယာဥ္တို႔ လမ္းတြင္ တိုက္မိခဲ့ရာ မွ ကေလး ၁၂ ဦး ဒဏ္ရာရရွိခဲ့ေႀကာင္း သိရသည္။

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ခေမာက္ႀကီးၿမိဳ႕ ေကာ့ေသာင္း-ဘုတ္ျပင္းကားလမ္း မိုင္တိုင္(၂၂၉/၆-၇)ၾကား၌ ၾသဂုတ္လ ၃၁ ရက္၊ နံနက္ ၈ နာရီ ၁၅ မိနစ္ခန္႔က ေဝဟင္ထြန္း၊ (၂၈)ႏွစ္ ေမာင္းႏွင္သည့္ 2H/---- CNJ ယုဇနဆီအုန္းယာဥ္သည္ လားရာတူေရွ႕မွ ေသာင္းမင္းေအး၊ (၂၅)ႏွစ္ ေမာင္းႏွင္ၿပီး ေက်ာင္းသူ မသဇင္ဦး၊ (၁၂)ႏွစ္ပါ ၁၆ ဦး (က်ား ၈၊ မ ၈)လိုက္ပါလာသည့္ သုံးဘီးဆိုင္ ကယ္အား ေက်ာ္တက္ရာမွ ဝင္ေရာက္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ေက်ာင္းသူ ၁၆ ဦးသည္ စမ္းသီတာေက်းရြာေနသူမ်ားျဖစ္ၿပီး စမ္းသီတာ အမက မူလြန္ေက်ာင္း သို႔ သုံးဘီးဆိုင္ကယ္ျဖင့္ ေက်ာင္းတက္ရန္ သြားရာမွ ယင္းကဲ့သို႔ျဖစ္ပြားခဲ့ ျခင္းျဖစ္ေႀကာင္း၊ ယခုကဲ့သို႔ ဝင္တိုက္ခဲ့မိ သျဖင့္ မသဇင္ဦးပါ ၁၂ ဦး(က်ား ၄၊ မ ၈)တို႔တြင္ ဖူးေရာင္ ေပါက္ၿပဲ ဒဏ္ရာမ်ား(မစိုးရိမ္ရ)ရရွိခဲ့ေသာ ေၾကာင့္ ေကာ့ေသာင္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။ 

ထိုျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယုဇနဆီ အုန္းယာဥ္ေမာင္း ေဝဟင္ထြန္း(ဖမ္းမိ)အား ခေမာက္ႀကီးနယ္ေျမရဲ စခန္းမွ  ယာဥ္(ပ)၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇ (ေပါ့ေလ်ာ့မႈေၾကာင့္ ျပင္းထန္/သာမန္နာ က်င္ေစမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

 - ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode version

သုံးဘီးဆိုင်ကယ်ဖြင့် ကျောင်းသွားတက်သည့် ကလေးငယ် ၁၆ ဦး လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍  ၁၂ ဦးဒဏ်ရာရ

ကော့သောင်းမြို့နယ်တွင် ကျောင်းသားကျောင်းသူ ၁၆ ဦး ကျောင်းသွားတက်ရန် စီးနင်းလိုက်ပါလာ သည့် သုံးဘီးဆိုင်ကယ်နှင့် ယုဇနဆီအုန်းယာဉ်တို့ လမ်းတွင် တိုက်မိခဲ့ရာ မှ ကလေး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ကော့သောင်း-ဘုတ်ပြင်းကားလမ်း မိုင်တိုင်(၂၂၉/၆-၇)ကြား၌ သြဂုတ်လ ၃၁ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ဝေဟင်ထွန်း၊ (၂၈)နှစ် မောင်းနှင်သည့် 2H/---- CNJ ယုဇနဆီအုန်းယာဉ်သည် လားရာတူရှေ့မှ သောင်းမင်းအေး၊ (၂၅)နှစ် မောင်းနှင်ပြီး ကျောင်းသူ မသဇင်ဦး၊ (၁၂)နှစ်ပါ ၁၆ ဦး (ကျား ၈၊ မ ၈)လိုက်ပါလာသည့် သုံးဘီးဆိုင် ကယ်အား ကျော်တက်ရာမှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကျောင်းသူ ၁၆ ဦးသည် စမ်းသီတာကျေးရွာနေသူများဖြစ်ပြီး စမ်းသီတာ အမက မူလွန်ကျောင်း သို့ သုံးဘီးဆိုင်ကယ်ဖြင့် ကျောင်းတက်ရန် သွားရာမှ ယင်းကဲ့သို့ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဝင်တိုက်ခဲ့မိ သဖြင့် မသဇင်ဦးပါ ၁၂ ဦး(ကျား ၄၊ မ ၈)တို့တွင် ဖူးရောင် ပေါက်ပြဲ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သော ကြောင့် ကော့သောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ယုဇနဆီ အုန်းယာဉ်မောင်း ဝေဟင်ထွန်း(ဖမ်းမိ)အား ခမောက်ကြီးနယ်မြေရဲ စခန်းမှ  ယာဉ်(ပ)၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန်နာ ကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 - နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။