Skip to main content
Ads Block
Akonthi Ads
Unicode version
Facebook Account ပြန်လိုချင်တဲ့အကြောင်းကို အရွှမ်းဖောက်ပြီး တောင်းဆိုတဲ့ ဂျိုကာ
တေးသံရှင်တစ်ယောက်အဖြစ် ဂီတလမ်းကြောင်းမှာ ရပ်တည်နေသလို ဖေ့ဘုတ်စ်လူမှုကွန်ရက်စာမျက်နှာမှာ ဟာသဗီဒီယိုတွေတင်ရင်း ပရိသတ်တွေ လူသိများလာတဲ့ ဂျိုကာက  သူ့ရဲ့ဖေ့ဘုတ်အကောင့် hackခံထားရတာဟာ သူ့ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ပြောပါတယ်။
သူ့ကိုယ်ပိုင်ဖေ့ဘုတ်စ်အကောင့် ဟက်ခ်ခံထားရတာနဲ့ ပတ်သက်ပြီး ဂျိုကာက “လတ်တလောအကောင့်က အဟက်ခ်ခံထားရတာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ထင်တယ်။ သူတို့ပြန်ပေးမယ်လို့တော့ ပို့စ်တင်ထားတာတွေ့တယ်။ ကျွန်တော်ပြန်သွားပြောတဲ့အချိန်မှာ ကျွန်တော့်ကို reply လည်းမပြန်ဘူး။ အဲတော့ သားက မသုံးရသေးဘူး။ အကောင့်က ပြန်ရရင်တော့သုံးချင်တယ်။ ဘာပဲပြောပြော ကိုယ်ရဲ့fanတွေ၊ ဆွေမျိုးတွေနဲ့ အဆက်အသွယ်တော့ပြတ်သွားတာပေါ့။ ပြန်ရ ရင်တော့ ပြန်ပေးပါလို့ ပြောချင်ပါတယ်။ ဆက်သွယ်တာတော့ မရှိသေးဘူး။ ပြန်ဆက် သွယ်ရင် ပြန်လိုချင်တယ်။ သူတို့လည်းတင်ထားပါတယ်။ လက်သရမ်းတာပါတဲ့။ လက်သရမ်းလို့ဝရင် ပြန်ပေးပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အခုနောက်ပိုင်း အနုပညာရှင်တွေရဲ့ ဖေ့ဘုတ်အကောင့်တွေကို ဟက်ခ်တာတွေ နည်းပါးသွားပေမယ့် တချို့အနုပညာရှင် အကောင့် ဟက်ခ် ခံရရင်တော့ ပိုက်ဆံတောင်းတာတွေ ရှိသလို၊ တချို့ကိုလည်း ဘာမှမလုပ်ဘဲ ပြန်လည်ပေးခဲ့တာတွေလည်းရှိပါတယ်။ ဂျိုကာက အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်သလို ဟာသဗီဒီယိုတွေနဲ့ ပရိသတ်အခိုင်အမာရရှိလာတဲ့သူက အခုတစ်ခါမှာလည်း ကိုပေါက်ရိုက်ကူးမယ့် Lady Boy ဇာတ်ကားမှာ Lady Boy နေရာကနေ ပါဝင်သရုပ် ဆောင်မှာဖြစ်ပါတယ်။
 - ကြယ်စင်သိဏ်း(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။