စက္တင္ဘာလအတြင္း ေပၚတူဂီအသင္း ကစားမည့္ပြဲႏွစ္ပြဲတြင္ ေရာ္နယ္ဒို ပါ၀င္ကစားမည္မဟုတ္ဟု ဆို
ဂ်ဴဗင္တပ္အသင္းတုိက္စစ္ကစားသမား ခရစၥတီယာႏိုေရာ္နယ္ဒိုသည္ ကလပ္အသင္းအေပၚ အာ႐ံုစိုက္ႏုိင္ေရးအတြက္ လာမည့္ စက္တင္ဘာလအတြင္း ေပၚတူဂီလက္ေ႐ြးစင္အသင္း ယွဥ္ၿပိဳင္ကစားမည့္ ႏုိင္ငံတကာပြဲႏွစ္ပြဲတြင္ ပါ၀င္ကစားမည္မဟုတ္ေၾကာင္း အီတလီမီဒီယာမ်ားတြင္ ေရးသားေဖာ္ျပထားသည္။
ၿပီးခဲသ့ည့္ ေႏြရာသီအတြင္း ရီးရဲမက္ဒရစ္မွ ဂ်ဴဗင္တပ္သို႔ ေျပာင္းေရႊ႕လာသူ တုိက္စစ္ကစားသမား ေရာ္နယ္ဒိုသည္ ဂ်ဴဗင္တပ္အသင္းႏွင့္အတူ စီးရီးေအပြဲ ႏွစ္ပြဲ ပါ၀င္ကစားၿပီးခ်ိန္တြင္ ဂိုးသြင္းယူႏုိင္ျခင္းမရွိေသးသူျဖစ္ၿပီး ေရာ္နယ္ဒိုအေနျဖင့္ လက္ရွိအခ်ိန္တြင္ သူ၏ ကလပ္အသင္းသစ္အေပၚ ဦးစားေပးရန္ ရည္ရြယ္ထားေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။
ေပၚတူဂီအသင္းသည္ စက္တင္ဘာလ ၇ ရက္တြင္ ေျခစမ္းပြဲအျဖစ္ ခ႐ိုေအးရွားအသင္းႏွင့္ လည္းေကာင္း၊ စက္တင္ဘာ လ ၁၁ ရက္တြင္ UEFA Nations League ပြဲစဥ္အျဖစ္ အီတလီအသင္းႏွင့္ လည္းေကာင္း ယွဥ္ၿပိဳင္ကစားရန္ရွိေနျခင္း ျဖစ္သည္။ စက္တင္ဘာလအတြင္း ေပၚတူဂီလက္ေရြးစင္အသင္းအေနျဖင့္ ပြဲကစားရန္ ရွိေနေသာ္လည္း ေရာ္နယ္ဒိုသည္ ႐ုပ္ပိုင္းဆုိင္ရာ ႀကံ့ခိုင္မႈ အေကာင္းဆံုးအေနအထားတြင္ ရွိေနေစရန္ႏွင့္ ဂ်ဴဗင္တပ္အသင္းေဖာ္မ်ား၏ စြမ္းေဆာင္ႏုိင္မႈအေၾကာင္း ပိုမိုသိရွိလာေစရန္ ဂ်ဴဗင္တပ္အသင္းတြင္သာ ရွိေနမည္ျဖစ္သည္။

ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္(ယူအီးအက္ဖ္ေအ)သည္ လက္ရွိ ဖီဖာေဘာလံုးျပကၡဒိန္တြင္ ပါ၀င္ေနသည့္ ႏုိင္ငံတကာေျခစမ္းပြဲမ်ားေနရာတြင္ အစားထိုးႏုိင္ရန္အတြက္ UEFA Nations League ၿပိဳင္ပြဲကို ယူအီးအက္ဖ္ေအအဖြဲ႕၀င္ႏုိင္ငံေပါင္း ၅၅ ႏိုင္ငံမွ လက္ေရြးစင္အသင္းမ်ားႏွင့္ က်င္းပရန္ စီစဥ္ထားၿပီး ၿပိဳင္ပြဲကို လာမည့္ စက္တင္ဘာလမွ ၂၀၁၉ ခုႏွစ္ ဇြန္လ အထိ က်င္းပသြားမည္ျဖစ္သည္။ ေပၚတူဂီလက္ေရြးစင္အသင္း၏ ကပၸတိန္ျဖစ္သူ ေရာ္နယ္ဒို (၃၃ႏွစ္)သည္ ႏုိင္ငံလက္ေရြးစင္အသင္းအတြက္ ၁၅၄ ပြဲ ပါ၀င္ကစားထားကာ ၈၅ ဂိုး သြင္းယူထားၿပီး ေပၚတူဂီအသင္းအား ၂၀၁၆ ခုႏွစ္ ဥေရာပခ်န္ပီယံဖလား ဆြတ္ခူးႏုိင္ေစရန္ ဦးေဆာင္ေပးႏုိင္ခဲ့သူျဖစ္သည္။
Unicode version
စက်တင်ဘာလအတွင်း ပေါ်တူဂီအသင်း ကစားမည့်ပွဲနှစ်ပွဲတွင် ရော်နယ်ဒို ပါဝင်ကစားမည်မဟုတ်ဟု ဆို
ဂျူဗင်တပ်အသင်းတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုသည် ကလပ်အသင်းအပေါ် အာရုံစိုက်နိုင်ရေးအတွက် လာမည့် စက်တင်ဘာလအတွင်း ပေါ်တူဂီလက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာပွဲနှစ်ပွဲတွင် ပါဝင်ကစားမည်မဟုတ်ကြောင်း အီတလီမီဒီယာများတွင် ရေးသားဖော်ပြထားသည်။
ပြီးခဲသ့ည့် နွေရာသီအတွင်း ရီးရဲမက်ဒရစ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့လာသူ တိုက်စစ်ကစားသမား ရော်နယ်ဒိုသည် ဂျူဗင်တပ်အသင်းနှင့်အတူ စီးရီးအေပွဲ နှစ်ပွဲ ပါဝင်ကစားပြီးချိန်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသူဖြစ်ပြီး ရော်နယ်ဒိုအနေဖြင့် လက်ရှိအချိန်တွင် သူ၏ ကလပ်အသင်းသစ်အပေါ် ဦးစားပေးရန် ရည်ရွယ်ထားကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။
ပေါ်တူဂီအသင်းသည် စက်တင်ဘာလ ၇ ရက်တွင် ခြေစမ်းပွဲအဖြစ် ခရိုအေးရှားအသင်းနှင့် လည်းကောင်း၊ စက်တင်ဘာ လ ၁၁ ရက်တွင် UEFA Nations League ပွဲစဉ်အဖြစ် အီတလီအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရန်ရှိနေခြင်း ဖြစ်သည်။ စက်တင်ဘာလအတွင်း ပေါ်တူဂီလက်ရွေးစင်အသင်းအနေဖြင့် ပွဲကစားရန် ရှိနေသော်လည်း ရော်နယ်ဒိုသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အကောင်းဆုံးအနေအထားတွင် ရှိနေစေရန်နှင့် ဂျူဗင်တပ်အသင်းဖော်များ၏ စွမ်းဆောင်နိုင်မှုအကြောင်း ပိုမိုသိရှိလာစေရန် ဂျူဗင်တပ်အသင်းတွင်သာ ရှိနေမည်ဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် လက်ရှိ ဖီဖာဘောလုံးပြက္ခဒိန်တွင် ပါဝင်နေသည့် နိုင်ငံတကာခြေစမ်းပွဲများနေရာတွင် အစားထိုးနိုင်ရန်အတွက် UEFA Nations League ပြိုင်ပွဲကို ယူအီးအက်ဖ်အေအဖွဲ့ဝင်နိုင်ငံပေါင်း ၅၅ နိုင်ငံမှ လက်ရွေးစင်အသင်းများနှင့် ကျင်းပရန် စီစဉ်ထားပြီး ပြိုင်ပွဲကို လာမည့် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် ဇွန်လ အထိ ကျင်းပသွားမည်ဖြစ်သည်။ ပေါ်တူဂီလက်ရွေးစင်အသင်း၏ ကပ္ပတိန်ဖြစ်သူ ရော်နယ်ဒို (၃၃နှစ်)သည် နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၅၄ ပွဲ ပါဝင်ကစားထားကာ ၈၅ ဂိုး သွင်းယူထားပြီး ပေါ်တူဂီအသင်းအား ၂၀၁၆ ခုနှစ် ဥရောပချန်ပီယံဖလား ဆွတ်ခူးနိုင်စေရန် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။