Skip to main content
အခ်ဳိမႈန္႔သည္ ဆုိဒီယမ္ဆားတစ္မ်ဳိးျဖစ္၍ အလြန္အကၽြံစားသုံးပါက ေသြးတုိးေရာဂါရွိသူမ်ားအား ပုိမုိေသြးတုိးေစၿပီး ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရွိသူမ်ားကို ေသြးေၾကာပုိက်ဥ္းေစႏိုင္
Ads Block

အခ်ဳိမႈန္႔သည္ ဆုိဒီယမ္ဆားတစ္မ်ဳိးျဖစ္၍ အလြန္အကၽြံစားသုံးပါက ေသြးတုိးေရာဂါရွိသူမ်ားအား ပုိမုိေသြးတုိးေစၿပီး ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရွိသူမ်ားကို ေသြးေၾကာပုိက်ဥ္းေစႏိုင္

အခ်ဳိမႈန္႔သည္ ဆုိဒီယမ္ ဆားတစ္မ်ဳိးျဖစ္၍ အလြန္အကြ်ံစားသုံးပါက ေသြးတုိးေရာဂါရွိသူမ်ားအား ပုိမုိေသြးတုိးေစၿပီး ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရွိသူမ်ား ေသြးေၾကာပုိမုိက်ဥ္းေစႏုိင္ေၾကာင္း ျမန္မာႏုိင္ငံစားသုံးသူမ်ားကာကြယ္ေရးအသင္းမွ ဦးဗအုပ္ခုိင္က ေျပာသည္။

’’အဓိက သူကဘာလဲဆုိေတာ့ မုိႏုိဆုိဒီယမ္ ဂလူတစ္မိတ္ဆုိတဲ့ တစ္မ်ဳိးပါပဲ။သူ႔မွာ သီးျခားအရသာမရွိဘူး။ ခပ္လုိက္ရင္ မူရင္းဟင္းအရသာကုိ ပုိေကာင္းေစတယ္ဆုိၿပီး လူေတြက စြဲလန္းၿပီး ခပ္ၾကတာေပါ့။ ဒီဆုိဒီယမ္ဆားက ေသြးတုိးသမားေတြ ႏွလုံးေရာဂါသမားေတြကုိ ေသြးတုိးဆုိပုိတုိးတယ္။ ႏွလုံးသမားဆုိ ေသြးေၾကာပုိက်ဥ္းမယ္။ ေရရွည္စားမယ္ဆုိရင္ ေက်ာက္ကပ္ထိခုိက္ပ်က္စီးေစတယ္။ အခ်ဳိမႈန္႔က ေနာက္အမ်ဳိးသမီးေတြ အသက္ေလးဆယ္ေက်ာ္မွာျဖစ္လာတဲ့ အရုိးပါး အရုိးပြေရာဂါရဲ႕ လက္သည္တရားခံကေတာ့ အခ်ဳိမႈန္႔ပါပဲ။ ေနာက္ေလျဖတ္ ေလငန္းေရာဂါတုိ႔ ကုိယ္တစ္ျခမ္းေသတာတုိ႔ ဒီေရာဂါေတြဟာ အခ်ဳိမႈန္႔ရဲ ႔ေနာက္ဆက္တြဲ ဆုိးက်ဳိးေတြပါပဲ’’ဟု ဦးဗအုပ္ခုိင္က ေျပာသည္။

အခ်ဳိမႈန္႔သည္ ျမန္မာႏုိင္ငံတြင္ ဆယ္စုႏွစ္ေလးငါးခုၾကာရွိခဲ့ၿပီးျဖစ္ၿပီး  အခ်ဳိမႈန္႔၏ဓါတုေဗဒ နာမည္မွာ monosodium glutamate ျဖစ္ၿပီး အစားအေသာက္မ်ား၏ အရသာကုိ ဓါတုနည္းျဖင့္ လွ်ာေပၚတြင္ ဆပြားတုိးေပးလုိက္ျခင္းျဖစ္ၿပီး ေရရွည္စားသုံးရန္မသင့္ေသာ ဟင္းခတ္မႈန္႔တစ္မ်ဳိးျဖစ္သည္။

’’အခ်ိဳ႕ကအခ်ိဳမႈန္႔ႀကီးပဲ ဒီအတုိင္း ေရာင္းၾကတဲ့အျပင္ကုိ အားလူေၾကာ္ တုိ႔ လက္ဖက္ႏွပ္ေတြ ငါးေျခာက္ေတြ ဆတ္သားေျခာက္ေတြ လွန္းတဲ့ေနရာမွာေတာင္ အခ်ဳိမႈန္႔ေတြ နယ္ၿပီး သုံးလာၾကတယ္။ ေနာက္ ထုိင္းႏုိင္ငံက ငံျပာရည္ တစ္မ်ိဳး အဲဒါက ထုိင္းႏုိင္ငံစားသုံးသူေလ့လာေရးအဖြဲ႔က ဆုိဒီယမ္ဆား အဆမတန္ပါ၀င္လုိ႔ မစားဖုိ႔နႈိးေဆာ္ထားတာ။ ဒီမွာက စားေနၾကတယ္။ ကြ်န္ေတာ္တုိ႔ႏိုင္ငံက သိတဲ့အတုိင္းပဲ ျပည္ပက လာတယ္ဆုိ အထင္တႀကီးသုံးၾကတယ္။ ဆားက ကင္ဆာေရာဂါကုိ အားေပးတယ္’’’ဟု ဦးဗအုပ္ခုိင္က ေျပာသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

အချိုမှုန့်သည် ဆိုဒီယမ်ဆားတစ်မျိုးဖြစ်၍ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါရှိသူများအား ပိုမိုသွေးတိုးစေပြီး နှလုံးသွေးကြောကျဉ်းရောဂါရှိသူများကို သွေးကြောပိုကျဉ်းစေနိုင်

အချိုမှုန့်သည် ဆိုဒီယမ် ဆားတစ်မျိုးဖြစ်၍ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါရှိသူများအား ပိုမိုသွေးတိုးစေပြီး နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ သွေးကြောပိုမိုကျဉ်းစေနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူများကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။

’’အဓိက သူကဘာလဲဆိုတော့ မိုနိုဆိုဒီယမ် ဂလူတစ်မိတ်ဆိုတဲ့ တစ်မျိုးပါပဲ။သူ့မှာ သီးခြားအရသာမရှိဘူး။ ခပ်လိုက်ရင် မူရင်းဟင်းအရသာကို ပိုကောင်းစေတယ်ဆိုပြီး လူတွေက စွဲလန်းပြီး ခပ်ကြတာပေါ့။ ဒီဆိုဒီယမ်ဆားက သွေးတိုးသမားတွေ နှလုံးရောဂါသမားတွေကို သွေးတိုးဆိုပိုတိုးတယ်။ နှလုံးသမားဆို သွေးကြောပိုကျဉ်းမယ်။ ရေရှည်စားမယ်ဆိုရင် ကျောက်ကပ်ထိခိုက်ပျက်စီးစေတယ်။ အချိုမှုန့်က နောက်အမျိုးသမီးတွေ အသက်လေးဆယ်ကျော်မှာဖြစ်လာတဲ့ အရိုးပါး အရိုးပွရောဂါရဲ့ လက်သည်တရားခံကတော့ အချိုမှုန့်ပါပဲ။ နောက်လေဖြတ် လေငန်းရောဂါတို့ ကိုယ်တစ်ခြမ်းသေတာတို့ ဒီရောဂါတွေဟာ အချိုမှုန့်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေပါပဲ’’ဟု ဦးဗအုပ်ခိုင်က ပြောသည်။

အချိုမှုန့်သည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်လေးငါးခုကြာရှိခဲ့ပြီးဖြစ်ပြီး  အချိုမှုန့်၏ဓါတုဗေဒ နာမည်မှာ monosodium glutamate ဖြစ်ပြီး အစားအသောက်များ၏ အရသာကို ဓါတုနည်းဖြင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်းဖြစ်ပြီး ရေရှည်စားသုံးရန်မသင့်သော ဟင်းခတ်မှုန့်တစ်မျိုးဖြစ်သည်။

’’အချို့ကအချိုမှုန့်ကြီးပဲ ဒီအတိုင်း ရောင်းကြတဲ့အပြင်ကို အားလူကြော် တို့ လက်ဖက်နှပ်တွေ ငါးခြောက်တွေ ဆတ်သားခြောက်တွေ လှန်းတဲ့နေရာမှာတောင် အချိုမှုန့်တွေ နယ်ပြီး သုံးလာကြတယ်။ နောက် ထိုင်းနိုင်ငံက ငံပြာရည် တစ်မျိုး အဲဒါက ထိုင်းနိုင်ငံစားသုံးသူလေ့လာရေးအဖွဲ့က ဆိုဒီယမ်ဆား အဆမတန်ပါဝင်လို့ မစားဖို့နှိုးဆော်ထားတာ။ ဒီမှာက စားနေကြတယ်။ ကျွန်တော်တို့နိုင်ငံက သိတဲ့အတိုင်းပဲ ပြည်ပက လာတယ်ဆို အထင်တကြီးသုံးကြတယ်။ ဆားက ကင်ဆာရောဂါကို အားပေးတယ်’’’ဟု ဦးဗအုပ်ခိုင်က ပြောသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။