Skip to main content
ဆြာေခ်ာင္းေရျပန္က်၊ ေနျပည္ေတာ္အတက္လမ္း ကားေလးမ်ား စတင္ျဖတ္သန္းခြင့္ျပဳ
Ads Block

ဆြာေခ်ာင္းေရျပန္က်၊ ေနျပည္ေတာ္အတက္လမ္း ကားေလးမ်ား စတင္ျဖတ္သန္းခြင့္ျပဳ

ပဲခူးတိုင္းေဒသႀကီး ဆြာေခ်ာင္း ေရလွွ်ံသျဖင့္ ရန္ကုန္-မႏၱေလး အျမန္လမ္းမႀကီး ၁၆၅ မိုင္ရွိ ဆြာေခ်ာင္းတံတား ၁ ေပခန္႔ နိမ္ဆင္းသြားရာ ကားမ်ားေပးမျဖတ္ေသာ္လည္း ယေန႔ ၁၁ နာရီအခ်ိန္ခန္႔တြင္ ေရျပန္က်သြားသျဖင့္ ရန္ကုန္မွ ေနျပည္ေတာ္သို႔ သြားသည့္လမ္းကို ျပန္ဖြင့္ေပးေနၿပီျဖစ္ေၾကာင္း အျမန္လမ္းမႀကီး ထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖဲြ႔မွ ဒုတိယညႊန္ၾကားေရးမွဴး(ၿမိဳ႕ျပ) ဦးေက်ာ္မိုးဦးက ၾသဂုတ္လ ၂၉ ရက္ နံနက္ ၁၁ နာရီခြဲအခ်ိန္တြင္ အကုန္သိသတင္းဌာနကို ေျပာသည္။

ယေန႔ နံနက္ ၅ နာရီအခ်ိန္ခန္႔တြင္ ဆြာေခ်ာင္းတမံ၏ ေရပိုလႊဲလက္တံ ေျမာင္းနံရံ ၿပိဳက်မႈေၾကာင့္ ေရမ်ားထိုးဆင္းလွ်က္ရွိၿပီး အျမန္လမ္း ၁၆၆ မိုင္ ဝန္းက်င္တြင္ ကားလမ္းေပၚ ေရေက်ာ္ေနၿပီး ယာဥ္မ်ားျဖတ္သန္းခြင့္ကို ေခတၱပိတ္ထားခဲ့ရေၾကာင္း ၄င္းက ေျပာသည္။

“ ဆည္ဘက္က ေရေတြလွ်ံလာေတာ့ ကားလမ္းေပၚ ေရေက်ာ္ၿပီး ဆြာေခ်ာင္းတံတားရဲ႕ အတြင္းပိုင္း တံတားတိုင္ႏွစ္တိုင္က ၁ ေပေလာက္ နိမ့္သြားတယ္။ တံတားရဲ႕ ႀကံ့ခိုင္မႈေၾကာင့္ ယာဥ္အသြားအလာေတြကို ခဏပိတ္ထားတာပါ။ အခုေတာ့ ေရျပန္က်ေနလို႔ ရန္ကုန္ကေန ေနျပည္ေတာ္သြားတဲ့ လမ္းပိုင္းကို ကားေလးေတြကို ျဖတ္ခိုင္းထားတယ္။ ေနျပည္ေတာ္ကေန ရန္ကုန္ဘက္သြားတဲ့ လမ္းပိုင္းကိုေတာ့ ေပးမသြားဘူး။ ကြ်န္ေတာ္တို႔လည္း ေရျပန္က်တဲ့အခ်ိန္ကို ေစာင့္ေနၾကတာ။ ေရက်သြားရင္ နိမ့္သြားတဲ့ တံတားတိုင္ႏွစ္တိုင္ရဲ႕ အေျခအေနကို စစ္ေဆးၿပီး ကားေတြသြားလို႔ရၿပီဆိုရင္ ကားႀကီးေတြကိုပါ ျဖတ္သန္းခြင့္ ေပးမွာပါ ” ဟု ဦးေက်ာ္မိုးဦးက ေျပာသည္။

ဆြာေခ်ာင္းေရျပန္က်၊ ေနျပည္ေတာ္အတက္လမ္း ကားေလးမ်ား စတင္ျဖတ္သန္းခြင့္ျပဳ

လက္ရွိတြင္ ရန္ကုန္-မႏၱေလး အျမန္လမ္း၊ ရန္ကုန္-ေနျပည္ေတာ္ လမ္းအပိုင္း မိုင္တိုင္အမွတ္(၁၆၅/၄) ႏွင့္ (၁၆၆/၀) ၾကား (၄) ဖာလံုခန္႔တြင္ ဆြာေခ်ာင္းေရေလွာင္တမံ ဘက္မွ စီးဆင္းလာသည့္ ေရမ်ားေၾကာင့္ အျမန္လမ္းမႀကီးေပၚ ၁ ေပခန္႔ ေရေက်ာ္ေနၿပီး ဆြာေခ်ာင္းတံတားတိုင္ RP1 နိမ့္က်သြားကာ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္း/တံတား ဦးစီးဌာနမွ ဝန္ထမ္းမ်ားက အျမန္ျပင္ဆင္ႏိုင္ေရးအတြက္ ေဆာင္ရြက္ေနၾကေၾကာင္း သိရသည္။

 - ေအာင္သူရိန္(အကုန္သိသတင္းဌာန)

Unicode version

ဆွာချောင်းရေပြန်ကျ၊ နေပြည်တော်အတက်လမ်း ကားလေးများ စတင်ဖြတ်သန်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး ဆွာချောင်း ရေလှျှံသဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၆၅ မိုင်ရှိ ဆွာချောင်းတံတား ၁ ပေခန့် နိမ်ဆင်းသွားရာ ကားများပေးမဖြတ်သော်လည်း ယနေ့ ၁၁ နာရီအချိန်ခန့်တွင် ရေပြန်ကျသွားသဖြင့် ရန်ကုန်မှ နေပြည်တော်သို့ သွားသည့်လမ်းကို ပြန်ဖွင့်ပေးနေပြီဖြစ်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးဦးက သြဂုတ်လ ၂၉ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် အကုန်သိသတင်းဌာနကို ပြောသည်။

ယနေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ဆွာချောင်းတမံ၏ ရေပိုလွှဲလက်တံ မြောင်းနံရံ ပြိုကျမှုကြောင့် ရေများထိုးဆင်းလျှက်ရှိပြီး အမြန်လမ်း ၁၆၆ မိုင် ဝန်းကျင်တွင် ကားလမ်းပေါ် ရေကျော်နေပြီး ယာဉ်များဖြတ်သန်းခွင့်ကို ခေတ္တပိတ်ထားခဲ့ရကြောင်း ၎င်းက ပြောသည်။

ဆွာချောင်းရေပြန်ကျ၊ နေပြည်တော်အတက်လမ်း ကားလေးများ စတင်ဖြတ်သန်းခွင့်ပြု

“ ဆည်ဘက်က ရေတွေလျှံလာတော့ ကားလမ်းပေါ် ရေကျော်ပြီး ဆွာချောင်းတံတားရဲ့ အတွင်းပိုင်း တံတားတိုင်နှစ်တိုင်က ၁ ပေလောက် နိမ့်သွားတယ်။ တံတားရဲ့ ကြံ့ခိုင်မှုကြောင့် ယာဉ်အသွားအလာတွေကို ခဏပိတ်ထားတာပါ။ အခုတော့ ရေပြန်ကျနေလို့ ရန်ကုန်ကနေ နေပြည်တော်သွားတဲ့ လမ်းပိုင်းကို ကားလေးတွေကို ဖြတ်ခိုင်းထားတယ်။ နေပြည်တော်ကနေ ရန်ကုန်ဘက်သွားတဲ့ လမ်းပိုင်းကိုတော့ ပေးမသွားဘူး။ ကျွန်တော်တို့လည်း ရေပြန်ကျတဲ့အချိန်ကို စောင့်နေကြတာ။ ရေကျသွားရင် နိမ့်သွားတဲ့ တံတားတိုင်နှစ်တိုင်ရဲ့ အခြေအနေကို စစ်ဆေးပြီး ကားတွေသွားလို့ရပြီဆိုရင် ကားကြီးတွေကိုပါ ဖြတ်သန်းခွင့် ပေးမှာပါ ” ဟု ဦးကျော်မိုးဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-နေပြည်တော် လမ်းအပိုင်း မိုင်တိုင်အမှတ်(၁၆၅/၄) နှင့် (၁၆၆/ဝ) ကြား (၄) ဖာလုံခန့်တွင် ဆွာချောင်းရေလှောင်တမံ ဘက်မှ စီးဆင်းလာသည့် ရေများကြောင့် အမြန်လမ်းမကြီးပေါ် ၁ ပေခန့် ရေကျော်နေပြီး ဆွာချောင်းတံတားတိုင် RP1 နိမ့်ကျသွားကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်း/တံတား ဦးစီးဌာနမှ ဝန်ထမ်းများက အမြန်ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်နေကြကြောင်း သိရသည်။

 - အောင်သူရိန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။