Skip to main content
ေခြးခ်စ္သူမ်ားအေနျဖင့္ လမ္းမေပၚရွိေခြးမ်ားကုိ အစာေကြ်းၿပီးပါက အမႈိက္သရုိက္မ်ားကုိပါ သိမ္းသြားသင့္ဟု ဆုိ
Ads Block

ေခြးခ်စ္သူမ်ားအေနျဖင့္ လမ္းမေပၚရွိေခြးမ်ားကုိ အစာေကြ်းၿပီးပါက အမႈိက္သရုိက္မ်ားကုိပါ သိမ္းသြားသင့္ဟု ဆုိ

ေခြးခ်စ္သူမ်ားအေနျဖင့္ လမ္းမေပၚရွိေခြးမ်ားကုိအစာေကၽြးၿပီးပါက အမႈိက္သရုိက္မ်ားကုိပါ စနစ္တက် သိမ္းဆည္းသြားသင့္ေၾကာင္း လမ္းမေပၚမွေခြးမ်ားကို ေဂဟာဖြင့္ျပဳေစာင့္ေရွာက္ထိန္းသိမ္းသူ မျမတ္သက္မြန္က ေျပာသည္။ 

ယခု ၂၀၁၈ ခုႏွစ္အတြင္း ရန္ကုန္ၿမိဳ႕တြင္ ေခြးကုိက္ခံရသူ လူဦးေရငါးေထာင္နီးပါးရွိကာ ေခြးရူးျပန္ ေရာဂါေၾကာင့္ ေသဆုံးသူ ေျခာက္ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။ 

“ လမ္းမေပၚကေခြးေလးေတြကုိ ေခြးခ်စ္သူေတြကအစာေကြ်းၾကတယ္။ ေကြ်းေတာ့ တစ္ဖက္က ေျပာတာ ဒီလုိအစာေကြ်းတာကုိက္တဲ့အခါ ပုိင္ရွင္မေပၚဘူး။ အဲဒီလုိဆုိအိမ္ေခၚသြားပါလားေျပာၾကတယ္။ ဒါေပမဲ့တစ္ဖက္က ေခြးေလးအစာဆာလုိ႔ ေကြ်းလုိက္တယ္။ တာ၀န္ယူဖုိ႔က်ေတာ့အဆင္မေျပဘူးေပါ့။ အဲဒီျပႆနာကုိအဆင္ေျပဖုိ႔ ကြ်န္မတုိ႔က ေဂဟာဖြင့္တယ္။ ဆရာ၀န္က ေခြးကုိသင္းတယ္ေပါ့။ ဒါေပမဲ့ ဒါကတစ္ေယာက္တည္း လုပ္လုိ႔မရဘူး။ အားလုံး၀ုိင္းလုပ္ဖုိ႔လုိတယ္။ေနာက္ အစာေကၽြးတာ ေခြးခ်စ္သူေတြ အေနနဲ႔လည္း ေကြ်းေမြးၿပီးသြားရင္ လမ္းမေပၚကေနအမႈိက္ေလးျပန္သိမ္းသြားမွာေပါ့။ ဒါဆုိအဆင္ေျပပါတယ္။ အခုက ျဖစ္ေနတာက၀ုိင္းအျပစ္ေျပာေနၾကတာ’’ဟု မျမတ္သက္မြန္က ေျပာသည္။

လတ္တေလာတြင္ေခြးခ်စ္သူမ်ားအသင္းမွ ဆႏၵထုတ္ေဖာ္မႈမ်ားေၾကာင့္ေခြးမ်ားကုိအဆိပ္ခ် ရွင္းလင္းျခင္း လုပ္ငန္းမ်ား ရပ္ဆုိင္းထားၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာေရးေကာ္မတီသုိ႔ ေခြးကုိက္ခံရသူမ်ားဘက္မွ ရွင္းလင္းေပးရန္ေတာင္းဆုိမွသာအဆိပ္ခ်ရွင္းလင္းေပးေၾကာင္း သိရသည္။

“ တခ်ိဳ႕က ေခြးေတြကုိအစာေကြ်းတာစနစ္က်ပါတယ္။ သန္႔ရွင္းတဲ့အစာေကြ်းတာ။ တခ်ိဳ႕က်ေတာ့ စားၾကြင္း စားက်န္ေကြ်းတာ။ ဒါက်ေတာ့ လမ္းေပၚေခြးကဆြဲသြားအမႈိက္ေတြျဖစ္ၿပီး ေနာက္ဆက္တြဲၾကြက္ပါ ထြက္လာတာ။ ဒါေတြလည္းဂရုစုိက္သင့္တယ္’’ ဟု ျမန္မာစားသုံးသူသမဂၢမွ အတြင္းေရးမွဴး ဦးေမာင္ေမာင္က ေျပာသည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ခွေးချစ်သူများအနေဖြင့်လမ်းမပေါ်ရှိခွေးများကိုအစာကျွေးပြီးပါက အမှိုက်သရိုက်များကိုပါသိမ်းသွားသင့်ဟု ဆို

ခွေးချစ်သူများအနေဖြင့် လမ်းမပေါ်ရှိခွေးများကိုအစာကျွေးပြီးပါက အမှိုက်သရိုက်များကိုပါ စနစ်တကျ သိမ်းဆည်းသွားသင့်ကြောင်း လမ်းမပေါ်မှခွေးများကို ဂေဟာဖွင့်ပြုစောင့်ရှောက်ထိန်းသိမ်းသူ မမြတ်သက်မွန်က ပြောသည်။ 

ယခု ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ခွေးကိုက်ခံရသူ လူဦးရေငါးထောင်နီးပါးရှိကာ ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူ ခြောက်ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 

“ လမ်းမပေါ်ကခွေးလေးတွေကို ခွေးချစ်သူတွေကအစာကျွေးကြတယ်။ ကျွေးတော့ တစ်ဖက်က ပြောတာ ဒီလိုအစာကျွေးတာကိုက်တဲ့အခါ ပိုင်ရှင်မပေါ်ဘူး။ အဲဒီလိုဆိုအိမ်ခေါ်သွားပါလားပြောကြတယ်။ ဒါပေမဲ့တစ်ဖက်က ခွေးလေးအစာဆာလို့ ကျွေးလိုက်တယ်။ တာဝန်ယူဖို့ကျတော့အဆင်မပြေဘူးပေါ့။ အဲဒီပြဿနာကိုအဆင်ပြေဖို့ ကျွန်မတို့က ဂေဟာဖွင့်တယ်။ ဆရာဝန်က ခွေးကိုသင်းတယ်ပေါ့။ ဒါပေမဲ့ ဒါကတစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံးဝိုင်းလုပ်ဖို့လိုတယ်။နောက် အစာကျွေးတာ ခွေးချစ်သူတွေ အနေနဲ့လည်း ကျွေးမွေးပြီးသွားရင် လမ်းမပေါ်ကနေအမှိုက်လေးပြန်သိမ်းသွားမှာပေါ့။ ဒါဆိုအဆင်ပြေပါတယ်။ အခုက ဖြစ်နေတာကဝိုင်းအပြစ်ပြောနေကြတာ’’ဟု မမြတ်သက်မွန်က ပြောသည်။

လတ်တလောတွင်ခွေးချစ်သူများအသင်းမှ ဆန္ဒထုတ်ဖော်မှုများကြောင့်ခွေးများကိုအဆိပ်ချ ရှင်းလင်းခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားပြီး ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီသို့ ခွေးကိုက်ခံရသူများဘက်မှ ရှင်းလင်းပေးရန်တောင်းဆိုမှသာအဆိပ်ချရှင်းလင်းပေးကြောင်း သိရသည်။

“ တချို့က ခွေးတွေကိုအစာကျွေးတာစနစ်ကျပါတယ်။ သန့်ရှင်းတဲ့အစာကျွေးတာ။ တချို့ကျတော့ စားကြွင်း စားကျန်ကျွေးတာ။ ဒါကျတော့ လမ်းပေါ်ခွေးကဆွဲသွားအမှိုက်တွေဖြစ်ပြီး နောက်ဆက်တွဲကြွက်ပါ ထွက်လာတာ။ ဒါတွေလည်းဂရုစိုက်သင့်တယ်’’ ဟု မြန်မာစားသုံးသူသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။