Skip to main content
ရခိုင္ျပည္နယ္တြင္ မူးယစ္ေဆးအမ်ားဆံုး ေရာင္းဝယ္ေဖာက္ကားမႈရွိေနဟု  ဒုသမၼတ(၁)ေျပာ
Ads Block

ရခိုင္ျပည္နယ္တြင္ မူးယစ္ေဆးအမ်ားဆံုး ေရာင္းဝယ္ေဖာက္ကားမႈရွိေနဟု  ဒုသမၼတ(၁)ေျပာ

ရခိုင္ျပည္နယ္တြင္ မူးယစ္ေဆးဝါးမ်ား အမ်ားဆံုး ေရာင္းဝယ္ေဖာက္ကားမႈမ်ား ရွိေနေၾကာင္း ဒုတိယသမၼတ(၁) ဦးျမင့္ေဆြက ေျပာသည္။

ယေန႔နံနက္ ၉ နာရီတြင္ မင္းရဲေက်ာ္စြာလမ္းေပၚရွိ ကုန္သည္စက္မႈအသင္းခ်ဳပ္ရံုး၌ က်င္းပျပဳလုပ္ခဲ့သည့္ ဒုတိယသမၼတ(၁)ႏွင့္ ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္မ်ား ပံုမွန္ေတြ႔ဆံုသည့္ (၁၉) ႀကိမ္ေျမာက္အခမ္းအနားတြင္ ၄င္းက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“နယ္စပ္ဘက္ကေန တရားမဝင္ကုန္ပစၥည္းေတြ တင္သြင္းမႈေၾကာင့္ ျပည္တြင္းမွာရွိတဲ့ အေသးစား၊အလတ္စား စီးပြားေရးလုပ္ငန္းရွင္ေတြက ထိခိုက္မႈရွိတယ္ဆိုၿပီး တင္ျပၾကတယ္။ ဒါေၾကာင့္ ခ်က္ျခင္းပဲ သမၼတကို တင္ျပတယ္။ အထူးစစ္ေဆးေရးအဖြဲ႔ေတြ ဖြဲ႔စည္းၿပီးေတာ့ စစ္ေဆးမႈေတြ လုပ္ေနတယ္။ ဒီထဲမွာမွ ရခိုင္ျပည္နယ္က မူးယစ္ေဆးေတြ အမ်ားဆံုး ေရာင္းဝယ္ေဖာက္ကားတာကို ေတြ႔ရတယ္။ စီးပြားေရးအရလည္း ဆံုုးရံႈးမႈေတြ ရွိတယ္။ ဒါေၾကာင့္ အထူးအဖြဲ႔ေတြနဲ႔ ေသခ်ာစစ္ေဆးဖို႔လိုတယ္”ဟု ဒုတိယသမၼတ(၁) ဦးျမင့္ေဆြ က ေျပာသည္။

လက္ရွိတြင္ တရားမဝင္ကုန္ပစၥည္းမ်ား တင္သြင္းေနမႈမ်ားကို ထိန္းခ်ဳပ္ရန္အတြက္ ျပည္ထဲေရးဝန္ႀကီးဌာနအပါအဝင္ သက္ဆိုင္ရာျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္း၍ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ မြန္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္တို႔တြင္ အထူးစံုစမ္းစစ္ေဆးေရးအဖြဲ႔မ်ား ဖြဲ႔စည္း၍ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။ ယင္းအျပင္ ရခိုင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္လည္း အထူးအဖြဲ႔မ်ား ဖြဲ႔စည္းသြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

 - စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးအများဆုံး ရောင်းဝယ်ဖောက်ကားမှုရှိနေဟု  ဒုသမ္မတ(၁)ပြော

ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးများ အများဆုံး ရောင်းဝယ်ဖောက်ကားမှုများ ရှိနေကြောင်း ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောသည်။

ယနေ့နံနက် ၉ နာရီတွင် မင်းရဲကျော်စွာလမ်းပေါ်ရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယသမ္မတ(၁)နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် (၁၉) ကြိမ်မြောက်အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နယ်စပ်ဘက်ကနေ တရားမဝင်ကုန်ပစ္စည်းတွေ တင်သွင်းမှုကြောင့် ပြည်တွင်းမှာရှိတဲ့ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေက ထိခိုက်မှုရှိတယ်ဆိုပြီး တင်ပြကြတယ်။ ဒါကြောင့် ချက်ခြင်းပဲ သမ္မတကို တင်ပြတယ်။ အထူးစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်။ ဒီထဲမှာမှ ရခိုင်ပြည်နယ်က မူးယစ်ဆေးတွေ အများဆုံး ရောင်းဝယ်ဖောက်ကားတာကို တွေ့ရတယ်။ စီးပွားရေးအရလည်း ဆုံုးရှုံးမှုတွေ ရှိတယ်။ ဒါကြောင့် အထူးအဖွဲ့တွေနဲ့ သေချာစစ်ဆေးဖို့လိုတယ်”ဟု ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ က ပြောသည်။

လက်ရှိတွင် တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းနေမှုများကို ထိန်းချုပ်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းအပြင် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း အထူးအဖွဲ့များ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 - စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။