Skip to main content
“၁၂ ႏွစ္အရြယ္မိန္းကေလး ၂ ဦးအား တရုတ္ႏိုင္ငံသို႔လာေရာက္ေရာင္းစား” ဆိုသည့္သတင္းႏွင့္ပတ္သက္၍ သက္ဆိုင္ရာက စံုစမ္းရွာေဖြေနဟု ဆို 
Ads Block

“၁၂ ႏွစ္အရြယ္မိန္းကေလး ၂ ဦးအား တရုတ္ႏိုင္ငံသို႔လာေရာက္ေရာင္းစား” ဆိုသည့္သတင္းႏွင့္ပတ္သက္၍ သက္ဆိုင္ရာက စံုစမ္းရွာေဖြေနဟု ဆို 

ရွမ္းျပည္နယ္၊ တန္႔ယန္းၿမိဳ႕မွ အသက္ ၁၂ ႏွစ္အရြယ္မိန္းကေလးႏွစ္ဦး တရုတ္ႏိုင္ငံဘက္သို႔ ေရာင္းစား ခံရသည္ဆိုျခင္းႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ရပ္ကြက္လူႀကီးမ်ားက စံုစမ္းရွာေဖြလ်က္ရွိေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၂၃ ရက္ ယေန႔နံနက္ပိုင္းအခ်ိန္တြင္ လူမႈကြန္ယက္စာမ်က္နွာထက္တြင္ “ Ah Pan Du” Facebook အေကာင့္တြင္ “မိန္ကေလးႏွစ္ေယာက္ကို တ႐ုတ္ျပည္ဘက္လိမ္ျပီးလာေရာင္းစားတာပါ။ ဘယ္သူသိလဲေနာ္။ တန္႔ယန္းဘက္ကလို႔ေျပာပါတယ္။ ျမန္ျမန္ေလးရွဲေပးပါ သနားစရာေကာင္းလိုက္တာ အသက္12ႏွစ္ဘဲ ရွိပါေသးတယ္တဲ့” ဆိုကာ Lashio News သတင္းသို႔ဓာတ္ပံုႏွင့္တကြ တင္ရွိထားခဲ့သည္။

အဆိုပါသတင္းမွာလက္ရွိအခ်ိန္တြင္ Like သံုးေသာင္းနီးပါး၊ Share သံုးေသာင္းနီးပါးအထိေအာင္ ပ်ံ႕ႏွံ႔ေနၿပီး ယင္းသတင္းႏွင့္ပတ္သက္၍ တန္႔ယန္းၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္အတူ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားက ခ်က္ခ်င္းစံုစမ္းေဖာ္ထုတ္လ်က္ရွိေနသည္ဟု တန္႔ယန္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴးဒုရဲမွဴးလြင္ဦးထံမွ သိရသည္။ 

“ကြ်န္ေတာ္တို႔ကေတာ့ မိုးလင္းမွသိရွိရတဲ့အတြက္ ခ်က္ခ်င္းစံုစမ္းလိုက္တယ္။ ေထြအုပ္ေတြနဲ႔ပူးေပါင္းၿပီးေတာ့ ဒီလိုင္းေပၚမွာျပန္႔ေနတဲ့ဓာတ္ပံုေတြကို ပရင့္ထုတ္ၿပီးေတာ့ ေၾကညာေနပါတယ္။ ကေလးေတြရဲ႕ ေနရပ္လိပ္စာ ကိုလည္း အခုရွာေဖြေနတယ္။ သတင္းထူးရင္ခ်က္ခ်င္းျပန္ေျပာေပးပါ့မယ္” ဟု တန္႔ယန္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးလြင္ဦးကအကုန္သိသတင္းဌာနသို႔ ၾသဂုတ္ ၂၃ ရက္ ေန႔လယ္ ၁ နာရီခြဲခန္႔တြင္ ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ထူးျခားခ်က္မွာ လူေပ်ာက္တိုင္ၾကားထားျခင္းမရွိေသးသည့္အတြက္ ျပစ္မႈ က်ဴးလြန္သူမ်ားကို စံုစမ္းေဖာ္ထုတ္ၿပီးမွ အမႈဖြင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 

- ဒါးဇ(အကုန္သိသတင္းဌာန)

ဓာတ္ပံု-Ah Pan Du  

Unicode version

“၁၂ နှစ်အရွယ်မိန်းကလေး ၂ ဦးအား တရုတ်နိုင်ငံသို့လာရောက်ရောင်းစား” ဆိုသည့်သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းရှာဖွေနေဟု ဆို 

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့မှ အသက် ၁၂ နှစ်အရွယ်မိန်းကလေးနှစ်ဦး တရုတ်နိုင်ငံဘက်သို့ ရောင်းစား ခံရသည်ဆိုခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်လူကြီးများက စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၃ ရက် ယနေ့နံနက်ပိုင်းအချိန်တွင် လူမှုကွန်ယက်စာမျက်နှာထက်တွင် “ Ah Pan Du” Facebook အကောင့်တွင် “မိန်ကလေးနှစ်ယောက်ကို တရုတ်ပြည်ဘက်လိမ်ပြီးလာရောင်းစားတာပါ။ ဘယ်သူသိလဲနော်။ တန့်ယန်းဘက်ကလို့ပြောပါတယ်။ မြန်မြန်လေးရှဲပေးပါ သနားစရာကောင်းလိုက်တာ အသက်12နှစ်ဘဲ ရှိပါသေးတယ်တဲ့” ဆိုကာ Lashio News သတင်းသို့ဓာတ်ပုံနှင့်တကွ တင်ရှိထားခဲ့သည်။

အဆိုပါသတင်းမှာလက်ရှိအချိန်တွင် Like သုံးသောင်းနီးပါး၊ Share သုံးသောင်းနီးပါးအထိအောင် ပျံ့နှံ့နေပြီး ယင်းသတင်းနှင့်ပတ်သက်၍ တန့်ယန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ချက်ချင်းစုံစမ်းဖော်ထုတ်လျက်ရှိနေသည်ဟု တန့်ယန်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးလွင်ဦးထံမှ သိရသည်။ 

“ကျွန်တော်တို့ကတော့ မိုးလင်းမှသိရှိရတဲ့အတွက် ချက်ချင်းစုံစမ်းလိုက်တယ်။ ထွေအုပ်တွေနဲ့ပူးပေါင်းပြီးတော့ ဒီလိုင်းပေါ်မှာပြန့်နေတဲ့ဓာတ်ပုံတွေကို ပရင့်ထုတ်ပြီးတော့ ကြေညာနေပါတယ်။ ကလေးတွေရဲ့ နေရပ်လိပ်စာ ကိုလည်း အခုရှာဖွေနေတယ်။ သတင်းထူးရင်ချက်ချင်းပြန်ပြောပေးပါ့မယ်” ဟု တန့်ယန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးလွင်ဦးကအကုန်သိသတင်းဌာနသို့ သြဂုတ် ၂၃ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထူးခြားချက်မှာ လူပျောက်တိုင်ကြားထားခြင်းမရှိသေးသည့်အတွက် ပြစ်မှု ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီးမှ အမှုဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

- ဒါးဇ(အကုန်သိသတင်းဌာန)

ဓာတ်ပုံ-Ah Pan Du  

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။