Skip to main content
ဆိုင္ကယ္စီးႏွင္လာသူကို စစ္ေဆးရာ ဘိန္းျဖဴသယ္ေဆာင္လာသူတစ္ဦးျဖစ္ေန 
Ads Block

ဆိုင္ကယ္စီးႏွင္လာသူကို စစ္ေဆးရာ ဘိန္းျဖဴသယ္ေဆာင္လာသူတစ္ဦးျဖစ္ေန 

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္တြင္ ဆိုင္ကယ္စီးႏွင္လာသူ အမ်ိဳးသားတစ္ဦးထံမွ ဘိန္းျဖဴမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၾသဂုတ္လ(၁၅)ရက္ ညေန ၄ နာရီခန္႔က မိုးေကာင္းၿမိဳ႕၊ ပင္းေဘာေက်းရြာအုပ္စု၊ ပင္းႀကိဳင္ေက်းရြာသို႔သြားေသာ ရြာသြားလမ္း၌ ပင္းေဘာနယ္ေျမစခန္းမွဴးရဲအုပ္ေနေအာင္ေက်ာ္ ဦးေဆာင္သည့္ နယ္ေျမခံတပ္ဖြဲ႔၀င္မ်ားသည္ မူးယစ္ေဆး၀ါးသတင္းအရ စစ္ေဆးေရး၀င္ေနၾကၿပီး သဲျဖဴေခ်ာင္းတံတားထိပ္သို႔အေရာက္၌ ေစာင့္ဆိုင္းေနခဲ့ၾကသည္။

ထိုအခ်ိန္တြင္ ပင္းေဘာေက်းရြာဘက္မွ ပင္းႀကိဳင္ေက်းရြာဘက္သို႔ ToyoMax-125 ျဖဴ/နီ ဆိုင္ကယ္တစ္စီးေမာင္းႏွင္လာသည္ကိုေတြ႔ရွိခဲ့ရာမွ တားဆီးကာရပ္တန္႔ေစ၍ စစ္ေဆးခဲ့ရာတြင္ ဆိုင္ကယ္ေမာင္းႏွင္သူမွာ ေရႊ၀င္း(၄၀)ႏွစ္ ဟုသိရၿပီး ၾကြပ္ၾကြပ္အိတ္အမဲေရာင္အတြင္း ထည့္၍ Love is Flower စာတမ္းပါျဖဴ/၀ါေရာင္ ဘိန္းျဖဴမႈန္႔(၁၀)ဂရမ္ခန္႔(တန္ဖိုး- က်ပ္ ၈ သိန္း)ကိုေတြ႔ရွိသိမ္းဆည္းရမိခဲ့သည္။

စစ္ေဆးခ်က္အရ အမည္မသိ၊ အရပ္ ၅ေပ၊ ၄ လက္မခန္႔ရွိ ပိန္ပိန္ပါးပါးအမ်ိဳးသားတစ္ဦးထံမွ ၀ယ္ယူလာျခင္းျဖစ္ေၾကာင္းေျပာဆိုခဲ့သျဖင့္ မူးယစ္ေဆး၀ါးလက္၀ယ္ေတြ႔ရွိသူ ေရႊ၀င္း(၄၀)ႏွစ္အား မူးယစ္(ပ)၁၄/၂၀၁၈၊ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆး၀ါးမ်ားဆိုင္ရာပုဒ္မ-၁၉(က) ျဖင့္ ပင္းေဘာနယ္ေျမရဲစခန္း၌ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္းႏွင့္ ကြင္းဆက္တရားခံကိုစံုစမ္းရွာေဖြလ်က္ရွိေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode version

ဆိုင်ကယ်စီးနှင်လာသူကို စစ်ဆေးရာ ဘိန်းဖြူသယ်ဆောင်လာသူတစ်ဦးဖြစ်နေ 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ဆိုင်ကယ်စီးနှင်လာသူ အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ်လ(၁၅)ရက် ညနေ ၄ နာရီခန့်က မိုးကောင်းမြို့၊ ပင်းဘောကျေးရွာအုပ်စု၊ ပင်းကြိုင်ကျေးရွာသို့သွားသော ရွာသွားလမ်း၌ ပင်းဘောနယ်မြေစခန်းမှူးရဲအုပ်နေအောင်ကျော် ဦးဆောင်သည့် နယ်မြေခံတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရေးဝင်နေကြပြီး သဲဖြူချောင်းတံတားထိပ်သို့အရောက်၌ စောင့်ဆိုင်းနေခဲ့ကြသည်။

ထိုအချိန်တွင် ပင်းဘောကျေးရွာဘက်မှ ပင်းကြိုင်ကျေးရွာဘက်သို့ ToyoMax-125 ဖြူ/နီ ဆိုင်ကယ်တစ်စီးမောင်းနှင်လာသည်ကိုတွေ့ရှိခဲ့ရာမှ တားဆီးကာရပ်တန့်စေ၍ စစ်ဆေးခဲ့ရာတွင် ဆိုင်ကယ်မောင်းနှင်သူမှာ ရွှေဝင်း(၄၀)နှစ် ဟုသိရပြီး ကြွပ်ကြွပ်အိတ်အမဲရောင်အတွင်း ထည့်၍ Love is Flower စာတမ်းပါဖြူ/ဝါရောင် ဘိန်းဖြူမှုန့်(၁၀)ဂရမ်ခန့်(တန်ဖိုး- ကျပ် ၈ သိန်း)ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ အမည်မသိ၊ အရပ် ၅ပေ၊ ၄ လက်မခန့်ရှိ ပိန်ပိန်ပါးပါးအမျိုးသားတစ်ဦးထံမှ ဝယ်ယူလာခြင်းဖြစ်ကြောင်းပြောဆိုခဲ့သဖြင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ရွှေဝင်း(၄၀)နှစ်အား မူးယစ်(ပ)၁၄/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာပုဒ်မ-၁၉(က) ဖြင့် ပင်းဘောနယ်မြေရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံကိုစုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။