Skip to main content
၀ီဂါ မြတ္ဆလင္ ၁ သန္းခန္ ့ ထိန္းသိမ္းထားတယ္ဆုိမႈ တရုတ္ ျငင္းဆုိ 
Ads Block

၀ီဂါ မြတ္ဆလင္ ၁ သန္းခန္ ့ ထိန္းသိမ္းထားတယ္ဆုိမႈ တရုတ္ ျငင္းဆုိ 

မတည္မၿငိမ္ျဖစ္ေနတဲ့ တရုတ္ႏုိင္ငံ စင္က်န္ျပည္နယ္က အက်ယ္ခ်ဳပ္စခန္းေတြမွာ ၀ီဂါလူမ်ဳိး ၁ သန္းေလာက္ ထိန္းသိမ္းခံထားရတယ္ဆုိတဲ့ ကုလသမဂၢ ေကာ္မတီတစ္ခုရဲ ့ စြပ္စြဲခ်က္ကုိ တရုတ္ႏုိင္ငံက ၾသဂုတ္ ၁၃ ရက္ေန ့မွာ ျငင္းဆုိခဲ့ပါတယ္။ ဒါေပမဲ့လည္း အစြန္းေရာက္ေတြရဲ ့ လိမ္ညာလွည့္စားခံခဲ့ရတာေၾကာင့္ လူအခ်ဳိ ့ကုိေတာ့ ျပန္လည္ပညာေပးေရးေတြ လုပ္ခဲ့ရေၾကာင္း ေျပာဆုိခဲ့ပါတယ္။ 

ကြန္ျမဴနစ္ပါတီရဲ ့ အႀကီးတန္းအရာရွိတစ္ဦးျဖစ္သူ ဟူလုိင္ေဟက ေျပာဆုိရာမွာ ႏုိင္ငံအေနာက္ပုိင္း စင္က်န္ေဒသက အာဏာပုိင္ေတြဟာ လြတ္လပ္စြာ ကုိးကြယ္ယုံၾကည္ႏုိင္တဲ့ ႏုိင္ငံသားအခြင့္အေရးေပးထားသလုိ ဘာသာေရးဆုိင္ရာ ပုံမွန္ေဆာင္ရြက္မႈေတြကုိလည္း အကာအကြယ္ေပးထားေၾကာင္း ေျပာဆုိခဲ့ပါတယ္။ စင္က်န္ျပည္နယ္ဟာ တုိက္ခုိက္မႈေတြလုပ္ဖုိ ့ႀကံစည္ေနတဲ့ အစၥလာမ္မစ္အစြန္းေရာက္ေတြနဲ ့ခြဲထြက္ေရးသမားေတြရဲ ့ အႏၱရာယ္မ်ားတဲ့ ၿခိမ္းေျခာက္မႈကုိရင္ဆုိင္ေနရကာ စစ္ေသြးၾကြေတြဟာ ၀ီဂါမြတ္ဆလင္ေတြနဲ ့ဟန္ တရုတ္လူမ်ဳိးေတြအၾကား တင္းမာမႈေတြ ျဖစ္လာေအာင္ ေသြးထုိးေပးေနတယ္လုိ ့ တရုတ္ႏုိင္ငံက ေျပာဆုိထားခဲ့ပါတယ္။ 

၀ီဂါ မြတ္ဆလင္ ၁ သန္းခန္ ့ ထိန္းသိမ္းထားတယ္ဆုိမႈ တရုတ္ ျငင္းဆုိ 

၀ီဂါမြတ္ဆလင္ ၁ သန္းေလာက္ ႀကီးမားတဲ့ အက်ယ္ခ်ဳပ္စခန္းႀကီးမွာ လွ်ဳိ ့၀ွက္ ထိန္းသိမ္း ခံထားရတယ္ဆုိတဲ့ ယုံၾကည္ေလာက္စရာ အစီရင္ခံမႈေတြ လက္ခံရရွိခဲ့ေၾကာင္း ကုလသမဂၢ ေကာ္မတီရဲ ့ အဖြဲ ့၀င္တစ္ဦးျဖစ္သူ ေဂး မက္ေဒါ့ဂဲလ္က ေသာၾကာေန ့မွာ ေျပာဆုိခဲ့တာပါ။ “ ၀ီဂါ ၁ သန္းကုိ ျပန္လည္ပညာေပးေရးစင္တာေတြမွာ ထိန္းသိမ္းထားတယ္ဆုိတဲ့ စြပ္စြဲမႈက လုံး၀ မမွန္ကန္ပါဘူး” လုိ ့ ဟူ က ကုလသမဂၢ လူမ်ဳိးေရးခြဲျခားမႈ ပေပ်ာက္ေရး ေကာ္မတီကုိ ေျပာဆုိခဲ့ကာ ျပန္လည္ ပညာေပးေရးစင္တာဆုိတဲ့ စခန္းမ်ဳိးေတြလည္း မရွိပါဘူး လုိ ့ ၄င္းက ဆုိခဲ့ပါတယ္။

တရုတ္ႏုိင္ငံရဲ ့လူနည္းစု တုိင္းရင္းသား ၅၅ မ်ဳိးရဲ ့အခြင့္အေရး အကာအကြယ္ေပးျခင္း မွတ္တမ္းအေပၚ ျပန္လည္ဆန္းစစ္ျခင္း ႏွစ္ရက္ေျမာက္ေန ့အျဖစ္ ေဆြးေႏြးေျပာဆုိခဲ့ၾကရာမွာ ႏုိင္ငံရပ္ျခား အၾကမ္းဖက္သမားေတြနဲ ့အစြန္းေရာက္ေတြဟာ လုပ္ႀကံသတ္ျဖတ္ျခင္း၊ မီးရႈိ ့ျခင္း၊ အဆိပ္ခတ္ျခင္း လုပ္ရပ္ေတြလုပ္ၾကဖုိ ့ စင္က်န္ေဒသက ခြဲထြက္ေရးသမားေတြကုိ လႈံ႔ေဆာ္မီးေမႊးေနၾကေၾကာင္းလည္း ဟူက ေျပာဆုိခဲ့ပါတယ္။

-  ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ဝီဂါ မွတ်ဆလင် ၁ သန်းခန့် ထိန်းသိမ်းထားတယ်ဆိုမှု တရုတ် ငြင်းဆို 

မတည်မငြိမ်ဖြစ်နေတဲ့ တရုတ်နိုင်ငံ စင်ကျန်ပြည်နယ်က အကျယ်ချုပ်စခန်းတွေမှာ ဝီဂါလူမျိုး ၁ သန်းလောက် ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ ကုလသမဂ္ဂ ကော်မတီတစ်ခုရဲ့ စွပ်စွဲချက်ကို တရုတ်နိုင်ငံက သြဂုတ် ၁၃ ရက်နေ့မှာ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အစွန်းရောက်တွေရဲ့ လိမ်ညာလှည့်စားခံခဲ့ရတာကြောင့် လူအချို့ကိုတော့ ပြန်လည်ပညာပေးရေးတွေ လုပ်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ 

ကွန်မြူနစ်ပါတီရဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဟူလိုင်ဟေက ပြောဆိုရာမှာ နိုင်ငံအနောက်ပိုင်း စင်ကျန်ဒေသက အာဏာပိုင်တွေဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်တဲ့ နိုင်ငံသားအခွင့်အရေးပေးထားသလို ဘာသာရေးဆိုင်ရာ ပုံမှန်ဆောင်ရွက်မှုတွေကိုလည်း အကာအကွယ်ပေးထားကြောင်း ပြောဆိုခဲ့ပါတယ်။ စင်ကျန်ပြည်နယ်ဟာ တိုက်ခိုက်မှုတွေလုပ်ဖို့ကြံစည်နေတဲ့ အစ္စလာမ်မစ်အစွန်းရောက်တွေနဲ့ခွဲထွက်ရေးသမားတွေရဲ့ အန္တရာယ်များတဲ့ ခြိမ်းခြောက်မှုကိုရင်ဆိုင်နေရကာ စစ်သွေးကြွတွေဟာ ဝီဂါမွတ်ဆလင်တွေနဲ့ဟန် တရုတ်လူမျိုးတွေအကြား တင်းမာမှုတွေ ဖြစ်လာအောင် သွေးထိုးပေးနေတယ်လို့ တရုတ်နိုင်ငံက ပြောဆိုထားခဲ့ပါတယ်။ 

၀ီဂါ မြတ္ဆလင္ ၁ သန္းခန္ ့ ထိန္းသိမ္းထားတယ္ဆုိမႈ တရုတ္ ျငင္းဆုိ 

ဝီဂါမွတ်ဆလင် ၁ သန်းလောက် ကြီးမားတဲ့ အကျယ်ချုပ်စခန်းကြီးမှာ လျှို့ဝှက် ထိန်းသိမ်း ခံထားရတယ်ဆိုတဲ့ ယုံကြည်လောက်စရာ အစီရင်ခံမှုတွေ လက်ခံရရှိခဲ့ကြောင်း ကုလသမဂ္ဂ ကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂေး မက်ဒေါ့ဂဲလ်က သောကြာနေ့မှာ ပြောဆိုခဲ့တာပါ။ “ ဝီဂါ ၁ သန်းကို ပြန်လည်ပညာပေးရေးစင်တာတွေမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ စွပ်စွဲမှုက လုံး၀ မမှန်ကန်ပါဘူး” လို့ ဟူ က ကုလသမဂ္ဂ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ကော်မတီကို ပြောဆိုခဲ့ကာ ပြန်လည် ပညာပေးရေးစင်တာဆိုတဲ့ စခန်းမျိုးတွေလည်း မရှိပါဘူး လို့ ၎င်းက ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့လူနည်းစု တိုင်းရင်းသား ၅၅ မျိုးရဲ့အခွင့်အရေး အကာအကွယ်ပေးခြင်း မှတ်တမ်းအပေါ် ပြန်လည်ဆန်းစစ်ခြင်း နှစ်ရက်မြောက်နေ့အဖြစ် ဆွေးနွေးပြောဆိုခဲ့ကြရာမှာ နိုင်ငံရပ်ခြား အကြမ်းဖက်သမားတွေနဲ့အစွန်းရောက်တွေဟာ လုပ်ကြံသတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ အဆိပ်ခတ်ခြင်း လုပ်ရပ်တွေလုပ်ကြဖို့ စင်ကျန်ဒေသက ခွဲထွက်ရေးသမားတွေကို လှုံ့ဆော်မီးမွှေးနေကြကြောင်းလည်း ဟူက ပြောဆိုခဲ့ပါတယ်။

-  ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။