Skip to main content
ေလွဆိပ္အနီးအေပါ့စြန္႔ေနသူက ၄င္းအားတားျမစ္သူကို ဓားျဖင့္အခ်က္ေပါင္းမ်ားစြာ ထုိးသတ္မႈျဖစ္ပြား 
Ads Block

ေလွဆိပ္အနီးအေပါ့စြန္႔ေနသူက ၄င္းအားတားျမစ္သူကို ဓားျဖင့္အခ်က္ေပါင္းမ်ားစြာ ထုိးသတ္မႈျဖစ္ပြား 

ရန္ကုန္ၿမိဳ႕တြင္ ေလွဆိပ္အနီးအေပါ့စြန္႔ေနသူက ၄င္းကို အေပါ့မစြန္႔ရန္ လာေရာက္ေျပာဆိုသူအား ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ထုိးသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေအးရြာရပ္ကြက္၊ သမၺန္ဆိပ္အနီးတြင္ ၿပီးခဲ့သည့္ ၾသဂုတ္လ ၅ ရက္ည ၉ နာရီခန္႔က ဓားထိုးမႈျဖစ္ပြားေၾကာင္း သတင္းအရ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားမွ သြားေရာက္စစ္ေဆးခဲ့ၾကရာ ဦးရန္ေအးဆိုသည့္ အမ်ိဳးသားသည္ လည္ဂုတ္၊ ယာေက်ာကုန္း၊ ၀ဲရင္ညႊန္႔၊ ယာနံေဘး၊ ၀ဲလက္ေကာက္၀တ္ႏွင့္ ၀ဲလက္ဖ်ံတို႔တြင္ ထိုးသြင္းျပတ္ရွဒဏ္ရာမ်ားစြာျဖင့္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႕ရွိခဲ့ၾကသည္။ 

ထို႔ေၾကာင့္ အေလာင္းကိုေဆးရံုသို႔ပို႔ေဆာင္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူကို ဆက္လက္စံုစမ္းရွာေဖြခဲ့ၾကရာ ျပစ္မႈက်ဴးလြန္သူမွာ ေက်ာ္ရဲ၀င္းဆိုသည့္လူငယ္ျဖစ္သည္ကို သိရွိခဲ့ၾကရာမွတစ္ဆင့္ ၾသဂုတ္လ ၉ ရက္၌ ဖမ္းဆီးရမိေရးအတြက္၎ေနထိုင္ရာၾကည့္ျမင္တိုင္ အလတ္ေခ်ာင္းရပ္ကြက္သို႔ တပ္ဖြဲ႔၀င္မ်ား သြားေရာက္ခဲ့ၾကရာ အဆိုပါလူငယ္ကို ညေန ၅ နာရီခန္႔တြင္ ဦးဥတၱမလမ္းေပၚ၌ အသင့္ေတြ႔ရွိခဲ့ရာမွ  ဖမ္းဆီးရမိခဲ့သည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ သိရသည္။

ထို႔ေနာက္ ေမးျမန္းစစ္ေဆးရာ ေက်ာ္ရဲ၀င္းသည္ အခင္းျဖစ္သည့္ေန႔ ည ၈ နာရီခြဲခန္႔က သမၺန္ဆိပ္အနီး၌ အေပါ့စြန္႔ေနစဥ္ ေသဆံုးသူ ဦးရန္ေအးဆိုသူက ျမင္ေတြ႔သြားခဲ့သျဖင့္ တားဆီးပိတ္ပင္ခဲ့ရာမွ ႏွစ္ဦးသား စကားမ်ားၾကၿပီးေနာက္ သည္းမခံႏိုင္သျဖင့္ အသင့္ပါလာသည့္ ၆ လက္မခန္႔ရွိေကာ္ရိုးတပ္ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာထိုးခဲ့ရာမွ ေသဆံုးသြားခဲ့သျဖင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့ေၾကာင္း သိရသည္။ 

ထို႔ေၾကာင့္ အခင္းျဖစ္ပြားသည့္ေန႔က ဖြင့္လွစ္ထားခဲ့သည့္ ပ-၁၇၂/၂၀၁၈ ၊ လူသတ္မႈပုဒ္မ-၃၀၂ ျဖင့္ပင္ ေက်ာ္ရဲ၀င္းကို တရားစြဲတင္ႏိုင္ေရးအတြက္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ၊ စက္ဆန္းနယ္ေျမရဲစခန္းက ေဆာင္ရြက္ေနေၾကာင္း တိုင္းရဲတပ္ဖြဲ႔က ၾသဂုတ္လ ၁၀ ရက္တြင္ သတင္းထုတ္ျပန္ထားသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

ဓာတ္ပံု-ရန္ကုန္တိုင္းရဲတပ္ဖြဲ႔

Unicode version

လှေဆိပ်အနီးအပေါ့စွန့်နေသူက ၎င်းအားတားမြစ်သူကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွား 

ရန်ကုန်မြို့တွင် လှေဆိပ်အနီးအပေါ့စွန့်နေသူက ၎င်းကို အပေါ့မစွန့်ရန် လာရောက်ပြောဆိုသူအား ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာရပ်ကွက်၊ သမ္ဗန်ဆိပ်အနီးတွင် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်ည ၉ နာရီခန့်က ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြရာ ဦးရန်အေးဆိုသည့် အမျိုးသားသည် လည်ဂုတ်၊ ယာကျောကုန်း၊ ဝဲရင်ညွှန့်၊ ယာနံဘေး၊ ဝဲလက်ကောက်ဝတ်နှင့် ဝဲလက်ဖျံတို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြသည်။ 

ထို့ကြောင့် အလောင်းကိုဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဆက်လက်စုံစမ်းရှာဖွေခဲ့ကြရာ ပြစ်မှုကျူးလွန်သူမှာ ကျော်ရဲဝင်းဆိုသည့်လူငယ်ဖြစ်သည်ကို သိရှိခဲ့ကြရာမှတစ်ဆင့် သြဂုတ်လ ၉ ရက်၌ ဖမ်းဆီးရမိရေးအတွက်၎င်းနေထိုင်ရာကြည့်မြင်တိုင် အလတ်ချောင်းရပ်ကွက်သို့ တပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကြရာ အဆိုပါလူငယ်ကို ညနေ ၅ နာရီခန့်တွင် ဦးဥတ္တမလမ်းပေါ်၌ အသင့်တွေ့ရှိခဲ့ရာမှ  ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

ထို့နောက် မေးမြန်းစစ်ဆေးရာ ကျော်ရဲဝင်းသည် အခင်းဖြစ်သည့်နေ့ ည ၈ နာရီခွဲခန့်က သမ္ဗန်ဆိပ်အနီး၌ အပေါ့စွန့်နေစဉ် သေဆုံးသူ ဦးရန်အေးဆိုသူက မြင်တွေ့သွားခဲ့သဖြင့် တားဆီးပိတ်ပင်ခဲ့ရာမှ နှစ်ဦးသား စကားများကြပြီးနောက် သည်းမခံနိုင်သဖြင့် အသင့်ပါလာသည့် ၆ လက်မခန့်ရှိကော်ရိုးတပ်ဓားဖြင့် အချက်ပေါင်းများစွာထိုးခဲ့ရာမှ သေဆုံးသွားခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် အခင်းဖြစ်ပွားသည့်နေ့က ဖွင့်လှစ်ထားခဲ့သည့် ပ-၁၇၂/၂၀၁၈ ၊ လူသတ်မှုပုဒ်မ-၃၀၂ ဖြင့်ပင် ကျော်ရဲဝင်းကို တရားစွဲတင်နိုင်ရေးအတွက် ကြည့်မြင်တိုင်မြို့နယ်ရှိ၊ စက်ဆန်းနယ်မြေရဲစခန်းက ဆောင်ရွက်နေကြောင်း တိုင်းရဲတပ်ဖွဲ့က သြဂုတ်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။