Skip to main content
အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာ ေအာင္ျမင္သည္ဆိုရမည္ဟု စီး/ကူး၀န္ႀကီးဌာနမွ ညႊန္ၾကားေရးမွဴး သံုးသပ္
Ads Block

အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာ ေအာင္ျမင္သည္ဆိုရမည္ဟု စီး/ကူး၀န္ႀကီးဌာနမွ ညႊန္ၾကားေရးမွဴး သံုးသပ္

ျမန္မာႏိုင္ငံအတြင္း ျပဌာန္းခဲ့သည့္ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာကို ျခံဳငံုသံုးသပ္ၾကည့္ပါက ေအာင္ျမင္သည္ဟု ဆိုရမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးဝင္းျမင့္က သံုးသပ္ေျပာၾကားသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္တြင္ ေရးဆြဲထြက္ရွိခဲ့သည့္ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာတြင္ ပါဝင္သည့္ ကုန္ပစၥည္းမ်ား အားလံုးနီးပါးသည္ ျပည္ပသို႔ တိုးျမင့္တင္ပို႔ႏိုင္ၿပီး ႏိုင္ငံျခားဝင္ေငြ ပိုမိုရရွိခဲ့သျဖင့္ ရာႏႈန္းျပည့္မဟုတ္ေသာ္လည္း သာမာန္အားျဖင့္ ျခံဳငံုသံုးသပ္ပါကေအာင္ျမင္သည္ဟုဆိုႏိုင္ေၾကာင္း ၄င္းေျပာျပခ်က္အရ သိရသည္။ 

“အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာကေအာင္ျမင္လား၊ မေအာင္ျမင္လားဆိုတာဘာနဲ႔ တုိင္းတာမလဲေတာ့ မသိႏိုင္ဘူး။ ကၽြန္ေတာ့အျမင္ကေတာ့ ေအာင္ျမင္တယ္လို႔ ေျပာလို႔ရတယ္။ ရာႏႈန္းျပည္ေအာင္ျမင္တယ္လို႔ ေျပာတာမဟုတ္ဘူး။ သာမန္အားျဖင့္ ၾကည့္ရင္ ေအာင္ျမင္တယ္လို႔ ေျပာလို႔ရတယ္။ပါဝင္တဲ့ ကုန္ပစၥည္း အားလံုးလိုလိုတိုးျမင့္တင္ပို႔ႏိုင္တယ္။ ရာဘာတိုးျမင့္တင္ပို႔ႏုိင္ရံုမက၊ အရည္အေသြးျမင့္ ရာဘာမ်ားထုတ္ လုပ္လာႏိုင္တယ္” ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးဝင္းျမင့္က ေျပာသည္။ 

ယင္းအမ်ဳိးသားပု႔ိကုန္မဟာဗ်ဴဟာသည္ ၅ ႏွစ္သက္တမ္းသတ္မွတ္ထားသျဖင့္ လာမည့္ ၂၀၁၉ ခုႏွစ္တြင္ သက္တမ္းကုန္ဆံုးမည္ျဖစ္သည့္အတြက္ ပါဝင္ေရးဆြဲထားသည့္ အခ်က္အလက္မ်ားကို ျပင္ဆင္ရန္ လိုအပ္ပါက ျပန္လည္ေရးဆြဲသြားမည္ျဖစ္ေၾကာင္းသိရသည္။

“၂၀၁၅ က ထြက္ခဲ့တာဆိုေတာ့ ၂၀၁၉ ဆိုၿပီးၿပီ။ ျပည့္တဲ့အခ်ိန္ကေနစၿပီး ၅ ႏွစ္သက္တမ္းထပ္တိုးသြားမယ္။ လိုအပ္တာေတြရွိရင္ ေခတ္နဲ႔ညီေအာင္ ျပင္ဆင္သြားမယ္။ သက္တမ္းကထပ္တိုးတိုးသြားမယ္။ လႊတ္လို႔ရရင္ လြတ္လိုက္မယ္” ဟု ဦးဝင္းျမင့္က ဆိုသည္။

အဆိုပါ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာကို ျပည္ပႏိုင္ငံမ်ား၏ နည္းပညာႏွင့္ လူပုဂၢိဳလ္အကူအညီမ်ားရယူကာ ေရးဆြဲခဲ့ျခင္းျဖစ္ေသာ္လည္း ျပည္တြင္းရွိကုန္ထုတ္လုပ္သူမ်ား၊ လုပ္ငန္းရွင္မ်ား၊ ကုန္သည္မ်ား၊ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား၏ သေဘာထားမ်ားကိုရယူစုစည္းကာကုန္ထုတ္လုပ္မႈလုပ္ငန္းတစ္ေလ်ာက္ ၾကံဳေတြ႕ႏိုင္မည့္ အခက္အခဲမ်ားကို အားလံုးသေဘာထားျဖင့္ အစီအစဥ္တက်ျဖစ္ေစရန္ ေရးဆြဲထားေၾကာင္း သိရသည္။ 

၂၀၁၅ ခုႏွစ္တြင္ ထြက္ရွိခဲ့သည့္ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာတြင္ ဆန္၊ ပဲ၊ ေရထြက္ကုန္ပစၥည္း၊ သစ္ေတာ၊ ေဆးျမစ္၊ ရာဘာ၊ ခရီးသြားလုပ္ငန္းက႑၊ ဘဏ္လုပ္ငန္း၊ CMI သတင္းအခ်က္အလက္ေပးေဝျခင္း၊ ေထာက္ပံ့ ပို႔ေဆာင္ေရးလုပ္ငန္းစသည့္ က႑မ်ားပါဝင္သည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

အမျိုးသားပို့ကုန်မဟာဗျူဟာ အောင်မြင်သည်ဆိုရမည်ဟု စီး/ကူးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး သုံးသပ်

မြန်မာနိုင်ငံအတွင်း ပြဌာန်းခဲ့သည့် အမျိုးသားပို့ကုန်မဟာဗျူဟာကို ခြုံငုံသုံးသပ်ကြည့်ပါက အောင်မြင်သည်ဟု ဆိုရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ရေးဆွဲထွက်ရှိခဲ့သည့် အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ပါဝင်သည့် ကုန်ပစ္စည်းများ အားလုံးနီးပါးသည် ပြည်ပသို့ တိုးမြင့်တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေ ပိုမိုရရှိခဲ့သဖြင့် ရာနှုန်းပြည့်မဟုတ်သော်လည်း သာမာန်အားဖြင့် ခြုံငုံသုံးသပ်ပါကအောင်မြင်သည်ဟုဆိုနိုင်ကြောင်း ၎င်းပြောပြချက်အရ သိရသည်။ 

“အမျိုးသားပို့ကုန်မဟာဗျူဟာကအောင်မြင်လား၊ မအောင်မြင်လားဆိုတာဘာနဲ့ တိုင်းတာမလဲတော့ မသိနိုင်ဘူး။ ကျွန်တော့အမြင်ကတော့ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ရာနှုန်းပြည်အောင်မြင်တယ်လို့ ပြောတာမဟုတ်ဘူး။ သာမန်အားဖြင့် ကြည့်ရင် အောင်မြင်တယ်လို့ ပြောလို့ရတယ်။ပါဝင်တဲ့ ကုန်ပစ္စည်း အားလုံးလိုလိုတိုးမြင့်တင်ပို့နိုင်တယ်။ ရာဘာတိုးမြင့်တင်ပို့နိုင်ရုံမက၊ အရည်အသွေးမြင့် ရာဘာများထုတ် လုပ်လာနိုင်တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။ 

ယင်းအမျိုးသားပု့ိကုန်မဟာဗျူဟာသည် ၅ နှစ်သက်တမ်းသတ်မှတ်ထားသဖြင့် လာမည့် ၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် ပါဝင်ရေးဆွဲထားသည့် အချက်အလက်များကို ပြင်ဆင်ရန် လိုအပ်ပါက ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

“၂၀၁၅ က ထွက်ခဲ့တာဆိုတော့ ၂၀၁၉ ဆိုပြီးပြီ။ ပြည့်တဲ့အချိန်ကနေစပြီး ၅ နှစ်သက်တမ်းထပ်တိုးသွားမယ်။ လိုအပ်တာတွေရှိရင် ခေတ်နဲ့ညီအောင် ပြင်ဆင်သွားမယ်။ သက်တမ်းကထပ်တိုးတိုးသွားမယ်။ လွှတ်လို့ရရင် လွတ်လိုက်မယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ အမျိုးသားပို့ကုန်မဟာဗျူဟာကို ပြည်ပနိုင်ငံများ၏ နည်းပညာနှင့် လူပုဂ္ဂိုလ်အကူအညီများရယူကာ ရေးဆွဲခဲ့ခြင်းဖြစ်သော်လည်း ပြည်တွင်းရှိကုန်ထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောထားများကိုရယူစုစည်းကာကုန်ထုတ်လုပ်မှုလုပ်ငန်းတစ်လျောက် ကြုံတွေ့နိုင်မည့် အခက်အခဲများကို အားလုံးသဘောထားဖြင့် အစီအစဉ်တကျဖြစ်စေရန် ရေးဆွဲထားကြောင်း သိရသည်။ 

၂၀၁၅ ခုနှစ်တွင် ထွက်ရှိခဲ့သည့် အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဆန်၊ ပဲ၊ ရေထွက်ကုန်ပစ္စည်း၊ သစ်တော၊ ဆေးမြစ်၊ ရာဘာ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ CMI သတင်းအချက်အလက်ပေးဝေခြင်း၊ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းစသည့် ကဏ္ဍများပါဝင်သည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။