Skip to main content
မော်ရင်ဟိုနဲ့ ရော်နယ်ဒို
Ads Block

ရီရဲလ်ဟာ ဘယ်ကစားသမားထက်မဆို ကြီးကျယ်တဲ့အသင်းဖြစ်တယ်လို့ ရော်နယ်ဒို အပြောင်းအရွှေ့ အပေါ် မော်ရင်ဟို မှတ်ချက်ပြု 

ရီရဲလ်မက်ဒရစ်အသင်းဟာ ဘယ်ကစားသမားမျိုးထက်မဆို ကြီးကျယ်တဲ့အသင်းဖြစ်တယ်လို့ စီရော်နယ်ဒိုကို ဂျုဗင်တပ်အသင်းဆီရောင်းထုတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန်ယူအသင်းရဲ့ မန်နေဂျာ မော်ရင်ဟိုက မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။ 

မော်ရင်ဟိုနဲ့ ရော်နယ်ဒို

ရီရဲလ်အသင်းမှာ နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တစ်နိုင်ငံတည်းသား စီရော်နယ်ဒိုကို နည်းပြအဖြစ် ကိုင်တွယ်ဖူးသူ မော်ရင်ဟိုက စီရော်နယ်ဒိုကို ဂျုဗင်တပ်အသင်းဆီ ရောင်းထုတ်လိုက်တဲ့ ရီရဲလ်အသင်းရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ပထမဆုံးသောမှတ်ချက်စကားကို ပြောကြားခဲ့တာလို့ လည်း သိရပါတယ်။ စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ ဟာ ဘောလုံးလောကမှာ မထင်မှတ်ထားတဲ့ကိစ္စမျိုးဖြစ်လာခဲ့ပြီး ရီရဲလ်အသင်းအတွက်လည်း ပရိသတ်တွေသန်းချီပြီး ကျဆင်းသွားခဲ့ရမှုကြောင့် မှားယွင်းတဲ့ရောင်းချမှုတစ်ခုလိုမျိုး ထောက်ပြသူတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုကတော့ ရီရဲလ်အသင်းရဲ့ လုပ်ရပ်ကို ထောက်ခံပြောကြားမှုပဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ " လူတိုင်းသိပါတယ်။ ရော်နယ်ဒိုကဘာလဲ ၊ ရီရဲလ်မက်ဒရစ်က ဘာလဲဆိုတာကိုပေါ့။ ပြောချင်တာကတော့ ရော်နယ်ဒိုကို ပရိသတ်တိုင်းက အမှတ်တရရှိနေမှာ သေချာပါတယ်။ ဒါပေမဲ့ ရီရဲလ်မက်ဒရစ်က ဘယ်ကစားသမားတွေထက်မဆို ပိုပြီးကြီးကျယ်ခမ်းနားတဲ့အသင်းပါပဲ " လို့ မော်ရင်ဟိုက ပြောပါတယ်။ အထူးသဖြင့် ရီရဲလ်မက်ဒရစ်ဟာ ဘယ်လိုကစားသမားမျိုးကိုမဆို ၀ယ်ယူနိုင်စွမ်းရှိနေပြီဖြစ်ပြီး လက်ရှိသူနည်းပြနေတဲ့ မန်ယူအသင်းလိုမျိုးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စီရော်နယ်ဒို ပြောင်းရွှေ့ သွားတဲ့အတွက် ရီရဲလ်အသင်းအတွက် ကြီးမားတဲ့ထိခိုက်နစ်နာမှုတွေ ရှိလာမှာ မဟုတ်ဘဲ အသင်းကို ကစားသမားကောင်းတွေ အသစ်ထပ်ရောက်လာဖို့ နဲ့ ရှိပြီးသား လူကောင်းတွေကို နေရာအသစ်ပေးနိုင်ဖို့ လမ်းစပွင့်သွားတာဖြစ်တယ်လို့ လည်း ပြောပါတယ်။ 

   - မိုးတိမ်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။