Skip to main content
အေျခခံပညာေက်ာင္းမ်ားတြင္ အမ်ိဳးသားအဆင့္ အာဟာရတိုက္ေကြ်းမည္
Ads Block

အေျခခံပညာေက်ာင္းမ်ားတြင္ အမ်ိဳးသားအဆင့္ အာဟာရတိုက္ေကြ်းမည္

အေျခခံပညာေက်ာင္းမ်ားတြင္ အမ်ိဳးသားအဆင့္ အာဟာရတိုက္ေကြ်းမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး က ဇူလိုင္လ ၃၁ ရက္တြင္ ေျပာဆိုလိုက္သည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာနႏွင့္ ကမာၻ႔စားနပ္ရိကၡာအဖဲြ႔တို႔ ပူးေပါင္းေဆာင္ရြက္မည့္ အမ်ိဳးသားအဆင့္ ေက်ာင္းတြင္း အာဟာရ ေကြ်းေမြးေရး အစီအစဥ္ လုပ္ငန္းအေတြ႔အၾကံဳ ရွင္းလင္းျခင္းႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေရး အလုပ္ရံုေဆြးေႏြးပဲြကို ယေန႔၊ ဇူလိုင္လ ၃၁ ရက္၊ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ မဂၤလာသီရိဟိုတယ္၌ က်င္းပျပဳလုပ္ခ်ိန္တြင္ ျပည္ေထာင္စုဝန္ႀကီးက အထက္ပါ အတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အေျခခံပညာေက်ာင္းမ်ားတြင္ အမ်ိဳးသားအဆင့္ အာဟာရတိုက္ေကြ်းမည္

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားရာတြင္ “ ေက်ာင္းေနအရြယ္ ကေလးငယ္မ်ားအတြက္ အာဟာရ ျဖည့္ဆည္းေပးျခင္းသည္ အနာဂတ္လူ႔စြမ္းအား အရင္းအျမစ္ႏွင့္ ျမန္မာႏိုင္ငံ၏ ေရရွည္ဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ အေရးပါသည့္ ရင္းႏွီးျမဳပ္ႏွံမႈျဖစ္သည္ကို အားလံုးလက္ခံထားၿပီးျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ၂၀၁၈-၁၉ ပညာသင္ႏွစ္တြင္ အေျခခံပညာအစိုးရေက်ာင္းမ်ားတြင္ ေက်ာင္းသားေပါင္း ၉ သန္းေက်ာ္ႏွင့္ ေက်ာင္းေပါင္း ၄၇၀၀၀ ေက်ာ္ရွိသည့္အနက္ ေက်ာင္းတြင္းအာဟာရ ေကြ်းေမြးျခင္းကို အနည္းငယ္မွ်ေသာ ရာခိုင္ႏႈန္းခန္႔သာ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ား၊ အလွဴရွင္မ်ားႏွင့္ ႏိုင္ငံတကာ အဖဲြ႔အစည္းမ်ား၏ အစီအစဥ္မ်ားႏွင့္ သီးျခားေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ ေက်ာင္းတြင္းအာဟာရ ေကြ်းေမြးေရး လုပ္ငန္းမ်ားကို စုစည္းကာ တစ္ႏိုင္ငံလံုး အတိုင္းအတာႏွင့္ တေျပးညီ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္ႏိုင္မည္ဆိုလွ်င္ ေက်ာင္းသူေက်ာင္းသားမ်ား အတြက္သာမက တစ္ႏိုင္ငံလံုးအတြက္ အက်ိဳးရွိမည္ျဖစ္ေၾကာင္း ” ေျပာၾကားခဲ့သည္။

ယေန႔ အလုပ္ရံုေဆြးေႏြးပဲြကို က်င္းပျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္မွာ လက္ရွိ အမ်ိိဳးသားအဆင့္ ေက်ာင္းတြင္း အာဟာရ ေကြ်းေမြးေရး အစီအစဥ္ အေကာင္အထည္ေဖာ္ျခင္း( အာဟာရျဖည့္ ဘီစကစ္ေကြ်းေမြးျခင္းႏွင့္ ေက်ာင္းတြင္း ေန႔လယ္စာ ေကြ်းေမြးျခင္း) စီမံခ်က္၏ ေအာင္ျမင္မႈမ်ား၊ သင္ခန္းစာမ်ားႏွင့္ စိန္ေခၚမႈမ်ားကိ္ု စူးစမ္းရွာေဖြ ေဖာ္ထုတ္သြားရန္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး က ဆက္လက္ေျပာၾကားခဲ့သည္။

 - ေအာင္သူရိန္ (အကုန္သိသတင္းဌာန)

Unicode Version

အခြေခံပညာကျောင်းများတွင် အမျိုးသားအဆင့် အာဟာရတိုက်ကျွေးမည်

အခြေခံပညာကျောင်းများတွင် အမျိုးသားအဆင့် အာဟာရတိုက်ကျွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဇူလိုင်လ ၃၁ ရက်တွင် ပြောဆိုလိုက်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့် အမျိုးသားအဆင့် ကျောင်းတွင်း အာဟာရ ကျွေးမွေးရေး အစီအစဉ် လုပ်ငန်းအတွေ့အကြုံ ရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့၊ ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ချိန်တွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် “ ကျောင်းနေအရွယ် ကလေးငယ်များအတွက် အာဟာရ ဖြည့်ဆည်းပေးခြင်းသည် အနာဂတ်လူ့စွမ်းအား အရင်းအမြစ်နှင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ရင်းနှီးမြုပ်နှံမှုဖြစ်သည်ကို အားလုံးလက်ခံထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် အခြေခံပညာအစိုးရကျောင်းများတွင် ကျောင်းသားပေါင်း ၉ သန်းကျော်နှင့် ကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိသည့်အနက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို အနည်းငယ်မျှသော ရာခိုင်နှုန်းခန့်သာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အလှူရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစီအစဉ်များနှင့် သီးခြားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကျောင်းတွင်းအာဟာရ ကျွေးမွေးရေး လုပ်ငန်းများကို စုစည်းကာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တပြေးညီ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဆိုလျှင် ကျောင်းသူကျောင်းသားများ အတွက်သာမက တစ်နိုင်ငံလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။

ယနေ့ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လက်ရှိ အမျိုးသားအဆင့် ကျောင်းတွင်း အာဟာရ ကျွေးမွေးရေး အစီအစဉ် အကောင်အထည်ဖော်ခြင်း( အာဟာရဖြည့် ဘီစကစ်ကျွေးမွေးခြင်းနှင့် ကျောင်းတွင်း နေ့လယ်စာ ကျွေးမွေးခြင်း) စီမံချက်၏ အောင်မြင်မှုများ၊ သင်ခန်းစာများနှင့် စိန်ခေါ်မှုများကို စူးစမ်းရှာဖွေ ဖော်ထုတ်သွားရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားခဲ့သည်။

 - အောင်သူရိန် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။