Skip to main content
သမၼာန္စာႏွစ္ခါဆင့္ ေခၚျပီး မလာပါက လက္ထိပ္ႏွင့္ ေခၚရမည္ဟု ႏုိင္ငံေတာ္သမၼတေျပာ
Ads Block

သမၼာန္စာႏွစ္ခါဆင့္ ေခၚျပီး မလာပါက လက္ထိပ္ႏွင့္ ေခၚရမည္ဟု ႏုိင္ငံေတာ္သမၼတေျပာ

တရားရုံးမ်ားတြင္ အမႈမ်ားၾကန္႔ၾကာေနျခင္းမွာ မျဖစ္သင့္ဘဲ သမၼာန္စာ (ဆင့္ေခၚစာ) ႏွစ္ခါဆင့္ေခၚျပီး မလာပါက လက္ထိပ္ႏွင့္ ေခၚရမည္ ဟု ဥပေဒတြင္ ျပဌာန္းထားေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာၾကားလိုက္သည္။

တရားစီရင္ေရးမ႑ဳိင္ကုိ မွန္မွန္ႏွင့္ျမန္ျမန္ျဖစ္ေစခ်င္ေၾကာင္း၊ မလုိအပ္ဘဲ မၾကန္႔ၾကာေစေၾကာင္း၊ မိမိကုိယ္တုိင္လည္း တရားရုံးေလာက က လာသည္ျဖစ္သည့္အတြက္  လူအမ်ား ေသြးဆူေနသည့္အမႈမ်ားႏွင့္ စိတ္၀င္စားသည့္အမႈမ်ားတြင္ လူအမ်ားမွ  ေသြးေအး ျပီး နားေအးသြားေအာင္ အမႈမ်ားအား ဥပေဒအရာရွိႏွင့္တရားရုံးမ်ားက ႀကံေဆာင္ၾကဟု ႏုိင္ငံေတာ္သမၼက ေျပာၾကားသည္။

’’မလုိအပ္ဘဲ မၾကန္႔ၾကာေစလုိပါဘူး။ အမႈေတြကုိ မွန္မွန္နဲ႔ျမန္ျမန္ ဆုံးျဖတ္ေစလုိပါတယ္။ မလုိအပ္ဘဲၾကန္႔ၾကာေနတာကုိ ေတြ႔ျမင္ၾကားသိ ေနရပါတယ္။ တခ်ိဳ႕ ေသြးဆူေနတယ္။ လူေတြစိတ္၀င္စားေနတယ္ဆုိ အဲဒီလုိအမႈမ်ဳိးဆုိရင္ ကုိယ္လုိခ်င္တဲ့ အေျဖထြက္ဖုိ႔အတြက္ တရားရုံးရယ္ ဥပေဒအရာရွိေတြရယ္ ေရွ ႔ေနရယ္ ေပါင္းၿပီးေတာ့ ႀကံေဆာင္ၾကပါတယ္။ ဒါမျဖစ္သင့္ပါဘူး။ ေနာက္တစ္ခုက ဇာရီမႈေတြပါ။ ဘယ္ေလာက္ၾကန္႔ၾကာတယ္ဆုိတာ ကၽြန္ေတာ္သိပါတယ္။ အမႈ အက်ဳိးအျမတ္ေတြပါ။  ဇာရီအမႈဆုိလည္း တရားရုံးလက္စြဲအတုိင္းပဲျဖစ္ေစခ်င္ပါတယ္။ မ်က္ႏွာ မလုိက္ေစခ်င္ပါဘူး။ အဲဒီလုိပဲ ကုိင္တြယ္ေစခ်င္ပါတယ္။  တစ္ဖက္က သက္ေသမလာရင္ ရေအာင္ေခၚပါ ရေအာင္ ေခၚလုိ႔မလာဘူးဆုိလည္း ဘာလုပ္ရမယ္ဆုိရင္ ေခၚလုိ႔ရတဲ့နည္းရွိပါတယ္။ တရားသူႀကီးေတြ သိပါတယ္။ ကြ်န္ေတာ္ေျပာဖုိ႔မလုိပါဘူး။ဘယ္အစုိးရအရာရွိျဖစ္ပါေစ ၀န္ႀကီးျဖစ္ပါေစ သမၼာန္စာႏွစ္ခါ အတည္ျပဳရဲ႕သားနဲ႔မလာဘူးဆုိ လက္ထိပ္နဲ႔ေခၚရမယ္ဆုိတာ ျပဌာန္းထားၿပီးသားပါ။ ဒါမ်ဳိးေတြ လုိက္နာေစခ်င္ပါတယ္’’ဟု ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာသည္။

လက္ရွိတြင္ တရားစီရင္ေရးေကာင္းမြန္ရန္ တရားေရး၀န္ႀကီးဌာန ဖြဲ႔ကာ တရား၀န္ႀကီး ခန္႔အပ္သင့္ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ ညႊန္ၾကားေရးမွဴး (ၿငိမ္း) ဦးေအာင္၀င္းက ေထာက္ျပေျပာဆုိထားသည္။

’’တရားရုံးေတြကုိ အဆင့္ဆင့္ႀကီးၾကပ္ကြပ္ကဲေစလုိပါတယ္။ ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္ကုိ ကြ်န္ေတာ္ေတြ႔ၿပီးေတာ့ ျပည္ေထာင္စုတရားသူႀကီးအဖြဲ႔၀င္က ေနၿပီးေတာ့ တရားသူႀကီးထဲက ေနၿပီးေတာ့ ျပည္နယ္နဲ႔ တုိင္းေဒသႀကီးအသီးသီးကုိ တာ၀န္ခံမႈ တာ၀န္ယူမႈနဲ႔ တာ၀န္ေပးၿပီးေတာ ့စီမံခန္႔ခြဲထားသလုိ တုိင္းမွာရွိတဲ့ တုိင္းတရားသူႀကီးခ်ဳပ္အေနနဲ႔လည္း ၿမဳိ႕နယ္တရားသူႀကီးေတြကုိ ဆင့္ပြားၿပီးေတာ့ တာ၀န္ယူမႈ တာ၀န္ခံမႈနဲ႔ၿမဳိ႕နယ္အလုိက္ သတ္မွတ္ၿပီး ခြဲတမ္းခ်ၿပီးေတာ့ စနစ္တက် နဲ႔ တရားစီရင္ေရး မ႑ဳိင္ သိပါတယ္ ။ အားလုံး တစ္ခ်ိဳ႕က ယိမ္းယိုင္ေနတယ္ ေျပာၾကတယ္။တစ္ခ်ိဳ႕ကလည္း တိမ္းေစာင္းေနတယ္ ေျပာၾကတယ္။ ၿပဳိလဲေနၿပီေျပာၾကတယ္။သိပ္မကြာေလာက္ပါဘူး။ ေျပာတာ အားလုံးက ကြာျခားခ်က္မရွိပါဘူး။ ဒါေၾကာင့္တရားစီရင္ေရးကုိ တည့္မတ္ေစလုိပါတယ္’’ဟု ႏုိင္ငံေတာ္သမၼတက ဆုိသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

သမ္မာန်စာနှစ်ခါဆင့် ခေါ်ပြီး မလာပါက လက်ထိပ်နှင့် ခေါ်ရမည်ဟု နိုင်ငံတော်သမ္မတပြော

တရားရုံးများတွင် အမှုများကြန့်ကြာနေခြင်းမှာ မဖြစ်သင့်ဘဲ သမ္မာန်စာ (ဆင့်ခေါ်စာ) နှစ်ခါဆင့်ခေါ်ပြီး မလာပါက လက်ထိပ်နှင့် ခေါ်ရမည် ဟု ဥပဒေတွင် ပြဌာန်းထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

တရားစီရင်ရေးမဏ္ဍိုင်ကို မှန်မှန်နှင့်မြန်မြန်ဖြစ်စေချင်ကြောင်း၊ မလိုအပ်ဘဲ မကြန့်ကြာစေကြောင်း၊ မိမိကိုယ်တိုင်လည်း တရားရုံးလောက က လာသည်ဖြစ်သည့်အတွက်  လူအများ သွေးဆူနေသည့်အမှုများနှင့် စိတ်ဝင်စားသည့်အမှုများတွင် လူအများမှ  သွေးအေး ပြီး နားအေးသွားအောင် အမှုများအား ဥပဒေအရာရှိနှင့်တရားရုံးများက ကြံဆောင်ကြဟု နိုင်ငံတော်သမ္မက ပြောကြားသည်။

’’မလိုအပ်ဘဲ မကြန့်ကြာစေလိုပါဘူး။ အမှုတွေကို မှန်မှန်နဲ့မြန်မြန် ဆုံးဖြတ်စေလိုပါတယ်။ မလိုအပ်ဘဲကြန့်ကြာနေတာကို တွေ့မြင်ကြားသိ နေရပါတယ်။ တချို့ သွေးဆူနေတယ်။ လူတွေစိတ်ဝင်စားနေတယ်ဆို အဲဒီလိုအမှုမျိုးဆိုရင် ကိုယ်လိုချင်တဲ့ အဖြေထွက်ဖို့အတွက် တရားရုံးရယ် ဥပဒေအရာရှိတွေရယ် ရှေ့နေရယ် ပေါင်းပြီးတော့ ကြံဆောင်ကြပါတယ်။ ဒါမဖြစ်သင့်ပါဘူး။ နောက်တစ်ခုက ဇာရီမှုတွေပါ။ ဘယ်လောက်ကြန့်ကြာတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အမှု အကျိုးအမြတ်တွေပါ။  ဇာရီအမှုဆိုလည်း တရားရုံးလက်စွဲအတိုင်းပဲဖြစ်စေချင်ပါတယ်။ မျက်နှာ မလိုက်စေချင်ပါဘူး။ အဲဒီလိုပဲ ကိုင်တွယ်စေချင်ပါတယ်။  တစ်ဖက်က သက်သေမလာရင် ရအောင်ခေါ်ပါ ရအောင် ခေါ်လို့မလာဘူးဆိုလည်း ဘာလုပ်ရမယ်ဆိုရင် ခေါ်လို့ရတဲ့နည်းရှိပါတယ်။ တရားသူကြီးတွေ သိပါတယ်။ ကျွန်တော်ပြောဖို့မလိုပါဘူး။ဘယ်အစိုးရအရာရှိဖြစ်ပါစေ ဝန်ကြီးဖြစ်ပါစေ သမ္မာန်စာနှစ်ခါ အတည်ပြုရဲ့သားနဲ့မလာဘူးဆို လက်ထိပ်နဲ့ခေါ်ရမယ်ဆိုတာ ပြဌာန်းထားပြီးသားပါ။ ဒါမျိုးတွေ လိုက်နာစေချင်ပါတယ်’’ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။

လက်ရှိတွင် တရားစီရင်ရေးကောင်းမွန်ရန် တရားရေးဝန်ကြီးဌာန ဖွဲ့ကာ တရားဝန်ကြီး ခန့်အပ်သင့်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးအောင်ဝင်းက ထောက်ပြပြောဆိုထားသည်။

’’တရားရုံးတွေကို အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲစေလိုပါတယ်။ ပြည်ထောင်စု တရားသူကြီးချုပ်ကို ကျွန်တော်တွေ့ပြီးတော့ ပြည်ထောင်စုတရားသူကြီးအဖွဲ့ဝင်က နေပြီးတော့ တရားသူကြီးထဲက နေပြီးတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကို တာဝန်ခံမှု တာဝန်ယူမှုနဲ့ တာဝန်ပေးပြီးတော့စီမံခန့်ခွဲထားသလို တိုင်းမှာရှိတဲ့ တိုင်းတရားသူကြီးချုပ်အနေနဲ့လည်း မြို့နယ်တရားသူကြီးတွေကို ဆင့်ပွားပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုနဲ့မြို့နယ်အလိုက် သတ်မှတ်ပြီး ခွဲတမ်းချပြီးတော့ စနစ်တကျ နဲ့ တရားစီရင်ရေး မဏ္ဍိုင် သိပါတယ် ။ အားလုံး တစ်ချို့က ယိမ်းယိုင်နေတယ် ပြောကြတယ်။တစ်ချို့ကလည်း တိမ်းစောင်းနေတယ် ပြောကြတယ်။ ပြိုလဲနေပြီပြောကြတယ်။သိပ်မကွာလောက်ပါဘူး။ ပြောတာ အားလုံးက ကွာခြားချက်မရှိပါဘူး။ ဒါကြောင့်တရားစီရင်ရေးကို တည့်မတ်စေလိုပါတယ်’’ဟု နိုင်ငံတော်သမ္မတက ဆိုသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။