Skip to main content
မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်အတွင်း နျူးကလီးယား ဖျက်သိမ်းဖို့ လုပ်ဆောင်မယ်လို့ တောင်ကိုရီးယားသမ္မတပြော
Ads Block

မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်အတွင်း နျူးကလီးယား ဖျက်သိမ်းဖို့ လုပ်ဆောင်မယ်လို့ တောင်ကိုရီးယားသမ္မတပြော

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံအပေါ် ဖိအားပေးမှု ပိုမိုလုပ်ဆောင်ဖို့ ဆန္ဒရှိနေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံ ဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားဖျက်သိမ်းရေး အလုံးစုံ လုပ်ဆောင်သွားဖို့ နဲ့ နျူးကလီးယား ပိုင်ဆိုင်ရေး ကြိုးပမ်းမှာမဟုတ်တဲ့အကြောင်း ကတိပြုထားတယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်က ပြောလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတ ဟာ ကိုရီးယားနှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေး ပြန်ဖြစ်ဖို့၊ ငြိမ်းချမ်းရေးနဲ့ နျူးကလီးယား လက်နက်ဖျက်သိမ်းရေး အကြောင်းတွေနဲ့ ပတ်သက်လို့ သဘောတူညီချက် ရထားတာကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ နျူးကလီးယားဖျက်သိမ်းရေး ဟာ တောင်ကိုရီးယား နဲ့မြောက်ကိုရီးယား နိုင်ငံတို့အတွက်ခြားနားချက်တွေ ရှိမယ်လို့ မထင်ကြောင်း ၊မြောက်ကိုရီးယားနိုင်ငံဟာ နျူးကလီးယားလက်နက် ဖျက်သိမ်းဖို့ ဆန္ဒရှိနေကြောင်း တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်ကပြောခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းရေး စတဲ့ အမေရိကန်လက်ခံနိုင်ဖွယ်မရှိတဲ့ အခြေအနေကို လုပ်ဆောင်မှာမဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတကပြောခဲ့ပါတယ်၊ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လုံခြုံရေး အာမခံချက် ရပြီးနောက် မြောက်ကိုရီးယား ရဲ့ ရန်လိုတဲ့ ပေါ်လစီတွေကို အဆုံးသတ်ဖို့ ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ၁၉၅၀-၅၃ ခုနှစ်မှာ ပြီးဆုံးသွားခဲ့တဲ့ ကိုရီးယား စစ်ပွဲနောက်ပိုင်းကတည်းက အမေရိကန်တပ်ဖွဲ့ ဝင် ၂၈၅၀၀ ဦး ဖြန့်ကြတ်ချထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းသွားမယ်ဆိုရင် နျူးကလီးယားလက်နက်တွေကို စွန့်လွှတ်ဖို့ စဉ်းစားမယ်လို့ ပြီးခဲ့တဲ့နှစ်တွေကပြောခဲ့ဖူးပါတယ်။

  • သားဖိုးကောင်း (အကုန်သိ သတင်းဌာန)
     
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။