Skip to main content
အဆိုတော်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ Melody World အပြီးတိုင် ရပ်နားတော့မည် 
Ads Block

အဆိုတော်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ Melody World အပြီးတိုင် ရပ်နားတော့မည် 

Melody World လို့ဆိုရင် လက်ရှိအဆိုလောကမှာ နာမည်ကြီး အဆိုတော်များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ အဆိုပြိုင်ပွဲလို့ ပရိသတ်တွေမျက်စိထဲ ပြေးမြင်ပြီး ဖြစ်မှာပါ။ Melody World ပြိုင်ပွဲဟာဆိုရင် ၂၀၀၇ ခုနှစ်ထဲက မြ၀တီရုပ်မြင်သံကြားမှာ စတင်ပြသခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ အဆိုပြိုင်ပွဲတစ်ခုလည်း ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ အခက်အခဲတချို့ကြောင့် Melody World 2018 ပြိုင်ပွဲပြီးတာနဲ့ အပြီးရုပ်သိမ်းတော့မယ်လို့ သိရပါတယ်။ 

ဒီအကြောင်းကို ၂၀၀၈ ခုနှစ် Melody World ရဲ့ Winner တစ်ဦးဖြစ်တဲ့ ကျော်သီဟက Melody World နှုတ်ဆက်ပွဲတက်ရောက်ဖြစ်တဲ့အကြောင်းကို ဇူလိုင်လ ၁၈ ရက်က သူရဲ့ ဖေ့ဘုတ်စ်ပေ့ခ်ျမှာ တင်ထားတာ တွေ့ရပါတယ်။ 

အဆိုတော်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ Melody World အပြီးတိုင် ရပ်နားတော့မည် 

ဒါ့အပြင် Melody World ရဲ့အစီအစဉ်တင်ဆက်သူ အားမာန်ကလည်း Melody World ဖခင်ကြီး ဦးချိုနဲ့ တွေ့ဖြစ်တာကို မှတ်တမ်းတင်ရင်း Melody World ပိတ်သိမ်း တော့မယ့်အကြောင်းကို ဇူလိုင်လ ၁၃ ရက်က သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ထားတာကို အခုလိုပဲ တွေ့ရပါတယ်။ 

“ ဒီနှစ်က Melody World ပြိုင်ပွဲ နောက်ဆုံးပါ။ အခုဆို shooting လုပ်တာ နောက်ဆုံးဖြစ်ပြီး  Level 6 & Final (Live Show)ပွဲစဉ်ပဲကျန်တော့မှာမို့ 9 လပိုင်း 7 ရက်နေ့ မြို့မကျောင်းလမ်း အမျိုးသားဇာတ်ရုံမှာ 2018 Melody World Final Live Show ယှဉ်ပြိုင်မယ့်ပွဲကို Melody World ရဲ့အောင်မြင်တဲ့တေးသံရှင်တွေလည်း ပါဝင်ဖျော်ဖြေမှာမို့ မည်သူမဆို အခမဲ့ လာရောက်အားပေးနိုင်သလို ရပ်ဝေးက ပရိတ်သတ်များအတွက်လည်း MWD ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမယ်ဆိုတာလေး ကြိုတင်အသိပေးလိုက်ပါတယ်ဗျာ” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။

အဆိုတော်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ Melody World အပြီးတိုင် ရပ်နားတော့မည် 

Melody World ကနေ အနုပညာလောကထဲမှာ နီနီခင်ဇော်၊ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ ကျော်သီဟ၊ ကောင်းကောင်း၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ သာဒီးလူ အစရှိတဲ့ အဆိုရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

- ကြယ်စင်သိဏ်း(အကုန်သိသတင်းဌာန)

Photo Credit – Melody World, Kyaw Thiha, အားမာန် အားမာန် 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။