Skip to main content
ဗီယက်နမ် ရေကြီးမှု သေဆုံးသူ ၁၉ ဦးရှိလာ 
Ads Block

ဗီယက်နမ် ရေကြီးမှု သေဆုံးသူ ၁၉ ဦးရှိလာ 

ဗီယက်နမ်နိုင်ငံတွင် ရုတ်တရက် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့မှုကြောင့် အနည်းဆုံးလူ ၁၉ ဦးခန့် သေဆုံးခဲ့ကြောင်း ဇူလိုင်လ ၂၂ ရက် တနင်္ဂနွေနေ့တွင် အစိုးရက ထုတ်ပြန်ခဲ့သည်။ ရေလွှမ်းမိုးမှုဖြစ်ပွားရာဧရိယာများမှ ဒေသခံများသည် လုံခြုံသည့်  ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့ နေထိုင်ကြရလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ၏ မုတ်သုံရာသီကာလအတွင်း ကမ်းရိုးတစ်လျှောက်နေထိုင်သူများမှာ ရေကြီးမှုဖြစ်စဉ်များကြောင့် နှစ်စဉ် လူပေါင်းရာချီ၍ သေကြေထိခိုက်မှုများ ဖြစ်လေ့ရှိသည်။

ဗီယက်နမ် ရေကြီးမှု သေဆုံးသူ ၁၉ ဦးရှိလာ 

တိုင်ဖုန်းမုန်တိုင်း Son Tinh ၏ အကြွင်းအကျန်များကြောင့်  ဗုဒ္ဓဟူးနေ့ညပိုင်းတွင် မြေပြို မှုများဖြစ်ခဲ့သည်။ ထိုတိုင်ဖုန်းမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံတွင် တစ်နှစ်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တတိယမြောက်မုန်တိုင်း ဖြစ်သည်။ နိုင်ငံ၏ သဘာဝဘေးအန္တာရာယ်ဆိုင်ရာဋ္ဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ လူ ၁၉ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ရေကြီးမြေပြိုမှုများသည် မြို့တော် ဟနွိုင်းအပါအဝင် မြို့ ပြနှင့် ကျေးလက်ဒေသများအထိ ကျယ်ကျယ်ပြန့် ပြန့်  သက်ရောက်ထိခိုက်လျက်ရှိကြောင်းသိရသည်။ နောက်ရက်ပိုင်းများတွင် ပိုမို ဆိုးရွားလာနိုင်ကြောင်း လည်းသိရသည်။ 

ဗီယက်နမ် ရေကြီးမှု သေဆုံးသူ ၁၉ ဦးရှိလာ 

ဗီယက်နမ်နိုင်ငံ၏ မိုးရာသီကာလသည် ဒေသတွင်း အခြားနိုင်ငံများကဲ့သို့ပင် ဇွန်လ နှင့် နိုဝင်ဘာလ အကြားဖြစ်ပြီး မုန်တိုင်း၊ရေကြီးမှုနှင့် မြေပြိုမှု များကြောင့် သေဆုံးသူလူဦးရေမှာ အခြားနိုင်ငံများထက်ပိုမို များပြားလေ့ရှိသည်။

၂၀၁၇ ခုနှစ်က ဗီယက်နမ်တွင် သဘာဝဘေးအန္တာရာယ်များကြောင့် လူပေါင်း ၃၈၉ ယောက်သေဆုံးခဲ့ပြီး  အပျက်အစီးတန်ဖိုး အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံခန့်ရှိခဲ့သည်ဟု သိရသည်။ 

- မိုင် (အကုန်သိသတင်းဌာန)

Ref: CNA

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။