Skip to main content
မကွေးမြို့နယ် မြေနုကျေးရွာတွင် မြစ်ရေကြီးမြင့်၍ လူဦးရေ(၂၀၀)ကျော်ရွှေ့ပြောင်းနေထိုင်ရ
Ads Block

မကွေးမြို့နယ် မြေနုကျေးရွာတွင် မြစ်ရေကြီးမြင့်၍ လူဦးရေ(၂၀၀)ကျော်ရွှေ့ပြောင်းနေထိုင်ရ

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မြေနုကျေးရွာအုပ်စု မြေနုကျေးရွာတွင် မြစ်ရေကြီးမြင့်၍ နေအိမ်များ အ တွင်း ရေဝင်ရောက်သဖြင့် ဒေသခံလူဦးရေ (၂၆၃) ဦးသည် မြစ်အနောက်ဘက်ကမ်းသို့ ရွှေ့ပြောင်းနေထိုင်နေထိုင်နေရကြောင်း သိရသည်။

မြစ်အနောက်ဘက်ကမ်း မင်းဘူး (စကုမြို့နယ်)အတွင်းမှ ရွာပုလဲကျေးရွာအုပ်စု မကျီးပင်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနောက်ဘက်ကွင်းပြင်နှင့် မကွေး - မင်းလှကားလမ်းနဘေးတို့တွင် ယာယီတဲထိုး၍ နေထိုင်ကြလျှက်ရှိကြောင်း သိရသည်။

မကွေးမြို့နယ် မြေနုကျေးရွာတွင် မြစ်ရေကြီးမြင့်၍ လူဦးရေ(၂၀၀)ကျော်ရွှေ့ပြောင်းနေထိုင်ရ

မြေနုကျေးရွာ၏ မြောက်ဘက်ခုံတွင် အနိမ့်ပိုင်းဖြစ်၍ ရေဝင်ရောက်ခဲ့သည့်အတွက် ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ရွှေ့ပြောင်းရမည့် အိမ်ခြေများရှိသေးကြောင်း မြေနုကျေးရွာအုပ်ချူပ်ရေးမှူးဦးဇော်ဌေးထံမှ သိ ရသည်။

မြေနုကျေးရွာတွင် အိမ်ခြေ ၃၀၀ခန့်နှင့် လူဦးရေ ၉၀၀ ကျော်နေထိုင်လျှက်ရှိပြီး လက်ရှိတွင်  အိမ်ထောင်စု(၇၆) အိမ်ထောင်စုမှာ မြစ်အနောက်ဘက်ကမ်းသို့ ရွှေ့ပြောင်းနေထိုင် နေရကြောင်း သိရသည်။

မကွေးမြို့နယ် မြေနုကျေးရွာတွင် မြစ်ရေကြီးမြင့်၍ လူဦးရေ(၂၀၀)ကျော်ရွှေ့ပြောင်းနေထိုင်ရ

လက်ရှိတွင် ကလေးငယ်များ စာသင်ကြားနိုင်ရန် ဘုန်းကြီးကျောင်းတွင် သင်ကြားနေရပြီး မြစ်အနောက် ဘက် ကမ်း သို့ ရွှေ့ပြောင်းနေထိုင်နေသည့် ကလေးငယ်များသည် စက်လှေဖြင့် မြစ်ကိုကူးကာ အဆိုပါ ဘုန်းကြီး ကျောင်းသို့ သွားရောက် သင်ကြားနေရကြောင်း သိရသည်။

- သက်နောင် - မင်းလှ(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။