Skip to main content
ဖုန်းအတွင်း ညစ်ညမ်းဗီဒီယိုဖိုင်များ တွေရှိခဲ့သဖြင့် မလေးရှားခရီးသွားတစ်ဦးကို သြစတြေးလျ လေဆိပ်က ပြန်လည်မောင်းထုတ်ခဲ့ 
Ads Block

ဖုန်းအတွင်း ညစ်ညမ်းဗီဒီယိုဖိုင်များ တွေရှိခဲ့သဖြင့် မလေးရှားခရီးသွားတစ်ဦးကို သြစတြေးလျ လေဆိပ်က ပြန်လည်မောင်းထုတ်ခဲ့ 

ကွာလာလမ်ပူမှ သြစတေးလျနိုင်ငံ ပါ့သ် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် မလေးရှားနိုင်ငံသားတစ်ဦး၏ ခရီးဆောင်အိတ်ကို လုံခြုံရေးမှ စစ်ဆေးခဲ့ရာ “ ၄င်း၏ ဖုန်းအတွင်း ခြောက်ခြားစရာကောင်းလောက်သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ ဆိုးဝါးယုတ်နိမ့်လွန်းသည့် လိင်ပိုင်းဆိုင်ရာ ဗီဒီယိုဖိုင်များကို တွေ့ရှိခဲ့သဖြင့် သြစတေးလျမှ နှင်ထုတ်ခံခဲ့ရကြောင်း သိရသည်။

ထိုလူသည် အသက် ၄၃ နှစ်ရှိပြီးဟု သိရသော်လည်း အမည်ကို ဖော်ပြခြင်းမရှိပေ။ ၄င်းအား immigration ဂိတ်တွင် ခေတ္တထိန်းသိမ်းထားခဲ့ပြီး ခရီးသွား ဗီဇာကိုဖျက်သိမ်းကာ မိုဘိုင်းဖုန်းကို သိမ်းဆည်း၍ မလေးရှားကို ပြန်ပို့လိုက်သည်ဟု သိရသည်။

သြစတေးလျအနောက်ပိုင်းဒေသ နယ်ခြားစောင့်တပ်မှူး မတ်က်ဝယ်ဆင် ကလည်း ထိုမလေးရှားနိုင်ငံသား၏ဖုန်းထဲတွင် သြစတေးလျ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွှတ်သည့် စက်ဆုပ်ရွံရှာစရာကောင်းသော ဓာတ်ပုံနှင့် ဗီဒီယိုများပါနေသည်ဟု ပြောခဲ့သည်။

ဖုန်းအတွင်း ညစ်ညမ်းဗီဒီယိုဖိုင်များ တွေရှိခဲ့သဖြင့် မလေးရှားခရီးသွားတစ်ဦးကို သြစတြေးလျ လေဆိပ်က ပြန်လည်မောင်းထုတ်ခဲ့ 

“ဒီလို ခြောက်ခြားလောက်ဖွယ်ရာ အကြမ်းဖက်မှုတွေနဲ့ အကျင့်စာရိတ္တ ပျက်ပြားစေလောက်တဲ့ ယုတ်ညံ့လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေကို ကျွန်တော်တို့ နိုင်ငံမှာလက်မခံပါဘူး။ တွေ့ရှိခဲ့ရင်လည်း ဘယ်သူမဆို တိုင်ကြားခွင့်ရှိပါတယ်။ တားမြစ်ထားတဲ့ အရာဝတ္တုတွေ သယ်ဆောင်လာတာနဲ့ ကလေးသူငယ်တွေ ပါဝင်နေတဲ့ အကြမ်းဖက်မှုပုံတွေ ဗီဒီယိုတွေကို အဆက်မပြတ်ကြည့်ရှုစစ်ဆေး ဖျက်စီးနေတယ်ဆိုတာ သြစတေးလျကို လည်ပတ်ဖို့ လာတဲ့ ခရီးသွားတွေသိထားဖို့လိုပါတယ်။” ဟု ၄င်းက ပြောခဲ့သည်။

ပြီးခဲ့သည် မတ်လကလည်း မလေးရှားနိုင်ငံသားတစ်ဦးကို ကလေးအပြာရုပ်ရှင်နှင့် ဓာတ်ပုံ ၉၀၀ ကျော်ခန့်ကို laptop နှင့် ဖုန်းထဲတွင်တွေ့ရှိခဲ့သဖြင့် မဲလ်ဘုန်းလဆိပ်တွင် ဖမ်းဆီးခဲ့ရသေးသည်ဟု သိရသည်။

- မိုင် (အကုန်သိ သတင်းဌာန)

Ref: CNA 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။