Skip to main content
အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်၏ ဝေ့ကုတ်အင်္ကျီကို လန်ဒန်ပြတိုက်တွင် ထားရှိပြသရန် စီစဉ်
Ads Block

Akonthi Ads

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်၏ ဝေ့ကုတ်အင်္ကျီကို လန်ဒန်ပြတိုက်တွင် ထားရှိပြသရန် စီစဉ်

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းမန်နေဂျာ ဂရေမီဆောက်ဂိတ် ၀တ်ဆင်လေ့ရှိသည့် လက်ပြတ်ခါးတို ကိုယ်ကျပ်အင်္ကျီ(ဝေ့ကုတ်)ကို ခေတ်ဝတ်စုံများကဏ္ဍတွင် ထားရှိပြသသွားရန် စီစဉ်ထားကြောင်း လန်ဒန် ပြတိုက်မှ သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ကွင်းလယ်နှင့် ခံစစ်ကစားသမားဟောင်း ဆောက်ဂိတ် (၄၇နှစ်) သည် ၂၀၁၆ ခုနှစ်တွင် အင်္ဂလန်အသင်း မန်နေဂျာအဖြစ် စတင်တာဝန်ယူခဲ့ပြီး အင်္ဂလန်အသင်းအား ၁၉၉၀ ပြည့်နှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်းတွင် ဆီမီးဖိုင်နယ် အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ရန် ဦးဆောင် ပေးထားနိုင်သူဖြစ်သည်။ လန်ဒန်ပြတိုက်မှ ဖက်ရှင်ပြခန်းတာဝန်ခံဖြစ်သူ ဘီအာထရစီဘီလန်က “၁၆၆၆ ခုနှစ်မှာ ဝေ့ကုတ်အင်္ကျီတွေက လန်ဒန်မှာ စတင်ထွန်းကားလာခဲ့ပါတယ်။

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်၏ ဝေ့ကုတ်အင်္ကျီကို လန်ဒန်ပြတိုက်တွင် ထားရှိပြသရန် စီစဉ်

အင်္ဂလန်ဘုရင် Charles II ရဲ့ အားပေးထောက်ပံ့မှုနဲ့အတူပေါ့။ နောက်ပိုင်းမှာ ဝေ့ကုတ်အင်္ကျီတွေက ဖက်ရှင်ဒီဇိုင်းသစ်များစွာနဲ့ ပျံ့နှံ့ခဲ့တယ်။ အနည်းဆုံး နှစ်ပေါင်း ၃၀၀ လောက်အတွင်းမှာ ဝေ့ကုတ်အင်္ကျီတွေဟာ အမျိုးသားတွေရဲ့ ၀တ်စုံတွေမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ အခု အင်္ဂလန်အသင်း မန်နေဂျာ ဆောက်ဂိတ်က လန်ဒန်ရဲ့ အမွေအနှစ်တစ်ခုကို ပြန်လည်နိုးထစေခဲ့ပြီး ဝေ့ကုတ်အင်္ကျီတွေကို ရှေ့တန်းပြန် ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။

လန်ဒန်အခြေစိုက် The Sun သတင်းစာကလည်း အင်္ဂလန်အသင်းနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်သို့ လာရောက်အားပေးမည့် အင်္ဂလန်အသင်းပရိသတ်များ ဝေ့ကုတ်အင်္ကျီများ ၀တ်ဆင်ကာ အားပေးကြရန် တိုက်တွန်းရေးသားထားသည်။

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။